NEWS

Myanmar Chaofa စက်ရုံ သတင်းဖော်ပြပြီးနောက် နေ့စားအလုပ်သမားများအား အလုပ်နားခိုင်း

CoverLogo
668 Views
#ပေးစာ ကဏ္ဍ
(Myanmar Chaofa စက်ရုံက အလုပ်သမားတဦးရဲ့ ပေးစာ)
(Myanmar Labour News မှာ သတင်း) အဲ့စာတင်ပြီးမကြာဘူး ညနေကြတော့ ကျွန်မတို့ကို စက်ရုံဘက်က ပြောပါတယ် ။ နေ့စားတွေ ကို ၄ ရက်အလုပ်နားခိုင်းပါတယ် ။ နောက်ပြီး နေ့စားတွေနဲ့ နေ့စား လရှင်း (အလုပ်သမား) တွေထဲမှာ အသက် မပြည့်သေးတဲ့ သူတွေလည်း ပါပါတယ် ။
 
(ဇန်နဝါရီ) ၅ရက်နေ့ လူကြီးလာရင် အကုန် အသက်ပြည့်ပြီလို့ ပြောပါဆိုပြီး ပြောခိုင်းပါတယ် ။ နေ့စားတွေကို အလုပ်နားခိုင်းပြီး သူများတွေမေးရင် အော်ဒါမရှိလို့ နားရတယ်လို့ လည်း ပြောခိုင်းပါတယ် ။ နေ့စားတွေ အတွက် မခံမရပ်နိုင်လို့ အခုလိုပြော ပေးတာပါ ။
 
ကျွန်မတို့ကို ဒေးကြေး ၄၈၀၀ ကနေ ၅၈၀၀ ပြောင်း ပေးထားတာ ၃လလောက်ပဲ ရှိပါသေးတယ် ။ မနက်ဖြန် လူကြီးတွေလာမှမို့တဲ့ အသက်မပြည့်သေးတဲ့ သူတွေကို အကုန်အသက်ပြည့်ပြီလို့လဲပြောခိုင်းပါတယ် ။ ကျွန်မတို့စက်ရုံမှာ ခေါင်းဆောင် ကအစ HR အဆုံး ဆရာတွေ ဘက်က ပါပါတယ် ။ ကျွန်မတို့ 
 
ဝန်ထမ်းတွေဘက်ကြ ဘယ်သူမှမကြည့်ပါဘူး ။
အခု တိုင်တာက Myanmar Chaofa စက်ရုံ ကပါ ။
 
နောက်ဆုံး စက်ရုံ ပိတ်တာ ၈ လပိုင်း သြဂုတ်လထဲမှာ ၁၀ ရက် ပိတ်တယ် ။ အဲ့ရှေ့မှာလဲ ၁လ ၁လခွဲပိတ်ခဲ့ပါတယ်။ ပိတ်ရက်အတွင်း အလုပ်သမားတွေကို ၂၄၀၀ ပဲ ပေးပါတယ် ။ အလုပ်သမားရုံးကို ဘယ်လို တင်ပြရမလဲ မသိပါဘူး။ လူကြီးတွေလာမယ် ဆိုတာလည်း ဝန်ထမ်းတွေကို ကြိုပြောပြီး၊ ၁၈ နှစ် ပြည့်ပြီးလို့ ပြောခိုင်းထားပါတယ် ။
 
(Myanamr Labour News က ရရှိ့ထားတဲ့ အချက်အလက်တွေထဲမှာ Myanmar Chaofa စက်ရုံ က နေ့စား ကလေး အလုပ်သမား ၅၀ နီးပါးကို အလုပ် ၄ ရက်နားခိုင်းထားပြီး လာမဲ့ တနင်္လာနေ့မှာ စက်ရုံပြန်လာဖို့ ပြောဆိုထားတာ ပါဝင် ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၅ ရက်မှာ အလုပ်သမားရုံးက တာဝန်ရှိသူ ၆ ဦး လာရောက်စစ်ဆေးဖို့ ရှိနေလို့ ဆိုပြီး စက်ရုံအတွင်း လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၅၀ ဝန်းကျင်ထဲက အသက်မပြည့်သေးတဲ့ အလုပ်သမား တချို့ကိုလည်း လိမ်လည်ဖြေဆိုဖို့ကို စက်ရုံတာဝန်ရှိသူ အမျိုးသမီးက ဇန်နဝါရီ ၃ ရက်မှာ ခေါ်ယူပြောဆိုထား ပါတယ်။)
ဇန်နဝါရီ ၄ ၊ ၂၀၂၄

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026