NEWS

Myanmar Bestex အထည်ချုပ်စက်ရုံ အချိန်ပို နာရီ ၃၀ ကျော် လုပ်ကိုင်နေ

CoverLogo
838 Views

EU ကုန်အမှတ်တံဆိပ်တွေ အထည်တွေချုပ်နေတဲ့ Myanmar Bestex အထည်ချုပ်စက်ရုံမှာ ရက်သတ္တပတ်ကို အချိန်ပို ၃၆ နာရီ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိရပါတယ် ။ 

 

စက်ရုံ အလုပ်ချိန် ၇ နာရီခွဲကနေ ညနေ ၄နာရီ အထိ ဖြစ်ပေမဲ့ ည ၈ နာရီအထိ အချိန်ပို ဆက်လက် လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“ တနင်္လာကနေ့ သောကြာကို ည ၈ နာရီ အထိ ၊ စနေနေ့မှာဆို ည ၆ နာရီ တခါလေ ၈ နာရီ အချိန်ပိုတွေ ခေါ်တယ်။ တနင်္ဂနွေနေ့လည်း အဲလို ဆက်ခေါ်တာပဲ ” လို့ အထည်ချုပ်လုပ်သားတဦး ကပြောပါတယ်။ 

 

လက်ရှိ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာ ထုတ်ပြန်ထားတဲ့ “စက်ရုံ၊ အလုပ်ရုံ များ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်” ထဲမှာ တော့ မည့်သည့် အလုပ်သမားမဆို ရက်သတ္တပတ်ကို အချိန်ပိုမပါ ၄၄ နာရီထက်ပိုပြီး အလုပ် မလုပ်ရလို့ သတ်မှတ် ထားပြီး အချိန်ပိုအနေနဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက် ၃ နာရီနဲ့ ၁၅ နာရီ၊ စနေ့ တစ်ရက်အတွက် အချိန်ပို ၅ နာရီ၊ ရက်သတ္တပတ်အတွက် နာရီပေါင်း ၂၀ သာ ခေါ်ယူလုပ်ကိုင်ဖို့ သတ်မှတ် ထားပါတယ်။ 

 

Myanmar Bestex အထည်ချုပ် စက်ရုံကတော့ သာမန်အလုပ်ချိန် ၄၄ နာရီနဲ့ အချိန်ပို နာရီ ၂၀ အပြင် နောက်ထပ် ၁၆ နာရီ အချိန်ပို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 

 

“ ၂ လ ဆက်ပြီး အချိန်ပို အခေါ်တော့ အလုပ်သမားတွေမှာ ပင်ပန်းပြီး ဖျားနာကြတာပေါ့ ။ ရက်လည်း ပျက်မ ရဘူး ။ ဂရိတ်ကြေး ဖြတ်တာ ။ “ လို့ အထည်ချုပ် ဌာနက အမျိုးသမီးတဦးက ပြောပါတယ်။ 

 

ဂရိတ်ကြေး ကျွင်းကျင်ကြေးဆိုတာ အထည်ချုပ်အလုပ်သမားတစ်ဦးရဲ့ စွမ်းဆောင်မှုအပေါ် စက်ရုံဘက်က ချီးမြှင့်တဲ့ ငွေကြေးဖြစ်ပြီး Myanmar Bestex အထည်ချုပ်မှာတော့ A၊B၊C၊D ဆိုပြီး အဆင့်လေးမျိုး သတ်မှတ် ထားတယ်လို့ သိရပါတယ်။ 

 

မြန်မာနိုင်ငံက အထည်ချုပ်လုပ်သမားတစ်ဦးရဲ့ အနည်းလစာဟာ ၁၄၄၀၀၀ ကျပ် သာ ရရှိတာကြောင့် ကျပ် လေးသောင်း ဟာ A အဆင့် အလုပ်သမားတဦးအတွက် ကြီးမားတဲ့ နစ်နာမှု တခုလို့ အထည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။

 

 “စက်ရုံမှာ ၅ လပိုင်း၊ ၆ လပိုင်း နှစ်လ ဆက်ခေါ်ပြီး “အစ်” နေ့ တရက်တည်း ပေးနားတယ်။ ဒါတောင် ဇူလိုင် ၂ ရက် တနင်္ဂနွေ မှာ အချိန်ပို ဆက်ခေါ်တယ်။ အဲ့နေ့ အလုပ်မလာတဲ့ အလုပ်သမားတွေတွေကို အဆင့်အလိုက် ဂရိတ်ကြေးတွေ ဖြတ်တာ၊ တကယ်ဆို ကျွန်မတို့က နှစ်လ ဆက်တိုက် မနားမနေ အလုပ် လုပ်ခဲ့ရတာပါ ။ စက်ရုံက တရက် နားတာကို နားခွင့် မပေးတာ ။ တကယ်ဆို တနင်္ဂနွေလို့ တရက်က ပေးနားစေချင်တာပါ ။ ” လို့ Myanmar Bestex စက်ရုံ အမျိုးသမီး အလုပ်သမားတစ်ဦး ကပြောပါတယ်။ 

 

လက်ရှိ နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံဟာ လုပ်သားအင်အားကို လျှော့ချပြီး အလုပ် အချိန် နှစ်ဆ အထိ အဓမ္မ ခိုင်းစေတာကို ခံနေရတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။ 

 

အချိန်ပိုအများအပြား ခိုင်းစေတာကြောင့် လုပ်ငန်း ရှင်တွေမှာ အကျိုးအမြတ် အမြောက်အမြား ရရှိနေတယ်လို့လည်း စက်မှုလက်မှုနှင့် ကုန်ထုတ်အလုပ်သမားများ အဖွဲ့ချုပ် IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောကြားထား ပါတယ်။

 

Myanmar Bestex Garments Co.,Ltd ပိုင် အဲ့ဒီ စက်ရုံဟာ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မူဇုန် ၊ မင်းဧရာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။  

 

စက်ရုံမှူးနဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။  

 

လက်ရှိ စက်ရုံမှာ လုပ်သား အင်အား ၆၀၀ ကျော်နဲ့ လည်ပတ်နေပြီး Myanmar Labour News ရဲ့ မှတ်တမ်းတွေ မှာ MOHITO နဲ့ လက်ရှိ Sinsay ၊ OVS နဲ့ RBX စတဲ့ ဥရောပ EU ကုန်အမှတ်တံဆိပ် တွေကို ချုပ်လုပ်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026