NEWS

Myanmar Best fortune စက်ရုံအလုပ်သမားတွေရဲ့ ပေးစာ

CoverLogo
266 Views

ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁) ၊ အမှတ်(၄) လမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့   Myanmar Best fortune အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား (၁၀၀၀) ဝန်းကျင်ဖြင့် လည်ပတ်လျှက်ရှိကာ အချိန်ပို ည (၁၀) နာရီ (၁၁) နာရီခွဲအထိ ခေါ်နေခြင်းများရှိနေသဖြင့် အလုပ်သမားများ၏ ဥပဒေပါ အခွင့်အရေးများ အပြည်အဝမရရရှိပါဘူး။

စက်ရုံသည် အချိန်ပိုခေါ်ရာတွင် ည (၈) နာရီပုံမှန်ခေါ်ပြီး ည(၁၀) နာရီနှင့် ည (၁၁) နာရီခွဲအထိ  အလုပ်သမားများ၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အချိန်ပိုခေါ်ခြင်းဖြစ်ကာ (၇) နာရီနောက်ပိုင်းအတွက် အချိန်ပိုကြေးကို ငွေကြေးသပ်သပ် ရှင်းပေးခြင်းဖြစ်ပြီး ပုံမှန်ရှင်းပေးခြင်းမရှိတာကြောင့် အချိန်ပိုကြေးကို ရက်သတ်မှတ်ပြီး တိတိကျကျ ထုတ်ပေးစေချင်ပါတယ်။

ည (၈/၁၀/၁၁) နာရီအထိ အချိန်ပိုဆင်းရသည့် အလုပ်သမားများကို မုန်ဖိုး(၅၀၀) ပေးသော်လည်း နားချိန်မပေးဘဲ ဆက်တိုက်ခိုင်းခြင်းဖြစ်ပြီး ည (၁၀/၁၁) အချိန်ပိုခေါ်တာကတော့ လူဦးရေ တစ်ညလျှင် (၃၀၀) ဝန်းကျင်ခေါ်တာပါ။ 

ည (၁၀) နာရီ ဆင်းရတဲ့ အလုပ်သမားတွေကိုတော့ ပတ်ကားဖြင့် ပြန်ပို့တာဖြစ်ပြီး  အလုပ်သမားတွေအနေနဲ့ အိမ်ပြန်နောက်ကျတာကြောင့် အဆင်မပြေမှုတွေ ဖြစ်နေပါတယ်။ ည (၁၁) နာရီခွဲ အထိဆင်းရတဲ့ အလုပ်သမားတွေကိုတော့ စက်ရုံမှာ အိပ်ခိုင်းပြီး မုန့်ဖိုး (၁၀၀၀) ပေးသော်လည်း ညစာ မစားရခြင်း၊ စက်ရုံထဲတွင် ဖြစ်သလို အိပ်ကြရခြင်း၊ မနက်အလုပ်ပြန်ဝင်ရန်အတွက် အိမ်ပြန်ချိန်ဖြင့် အနားယူချိန်မရှိသောကြောင့်   ပင်ပန်းသဖြင့် အချိန်ပိုမဆင်းနိုင်ဟု ပြောလျှင် စူပါ/အောစူပါများက အချိန်ပိုမဆင်းလျှင် ကျွမ်းကျင်ကြေးလျော့ပြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ကာ အတင်းအကြပ်ဆင်းခိုင်းတာမျိုးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စက်ရုံသည် ယခင်ကတော့ အလုပ်သမား (၁၅၀၀) ဝန်းကျင်ဖြင့် လုပ်ကိုင်နေတာဖြစ်ပြီး ပြီးခဲ့သော  ၂၀၂၃ ခုနှစ် (၁၀) လပိုင်းက အလုပ်သမားတွေကို အကြောင်းပြချက်မရှိ အလုပ်ထုတ်ပြစ်ခဲ့တာကြောင့် လူဦးရေ လျော့သွားခြင်းဖြစ်ပါတယ်။

ထိုအချိန်ကတော့ စက်ရုံတွင် AMISU/CRAFT/ CLIQUE/ Springfield/ LC WAIKIKI CLASSIC တံဆိပ်များ ချုပ်လုပ်နေကာ အလုပ်သမားများကို အလုပ်ထုတ်ပြစ်ခြင်းနှင့် ပတ်သက်ပြီး ချုပ်လုပ်နေသော  brand များနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများက ထိရောက်စွာဖြေရှင်ပေးမရှိခဲ့ပါဘူး။ လက်ရှိမှာလဲ   အလုပ်သမားများ၏ အခွင့်အရေးများကို လှစ်လျူရှုကာ စက်ရုံလည်ပတ်နေခြင်းဖြစ်ပါတယ်။

စက်ရုံသည် အလုပ်ရှင် အလုပ်သမား  နှစ်ဦး သဘောတူ (EC) စာချုပ်ကို  အလုပ်သမားများအား  လက်မှတ်သာ ထိုးခိုင်းပြီး အလုပ်သမား လက်ဝယ်သို့ ပေးထားခြင်းမရှိပါ။ 

လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ (WCC) ကိုလဲ အလုပ်သမားများက မဲပေးရွေးချယ်ရခြင်းမဟုတ်ဘဲ အလုပ်ရှင်မှ တာဝန်ရှိသူများက ရွေးပေးသူများကိုသာ လက်မှတ်ထိုးထောက်ခံပေးရတာဖြစ်ပြီး ထို (WCC) အဖွဲ့ကလဲ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြသာနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတာမျိုး မရှိပါဘူး။

အလုပ်သမားတွေကို (EC) စာချူချုပ်ဆိုရာတွင် စာချူပ်ပါ စည်းကမ်းများကို သေချာ ဖက်ခိုင်းခြင်း၊ စက်ရုံဘက်မှ တာဝန်ရှိသများက ရှင်းပြပေးခြင်းမရှိတာကြောင့် အလုပ်သမား ဥပဒေပါခွင့်တွေနဲ့ ပတ်သက်ပြီး မသိရှိသောကြောင့် ခွင့်မဲ့သာ ယူကြတာများပြီး ဖူလုံရေးခွင့် ယူတဲ့ သူများသာ ဥပဒေပါခွင့်ခံစားရကြပါတယ်။

ဖူလုံရေးဆေးခွင့်ခံစားလျှင်လည်း အခြားစက်ရုံများကဲ့သို့ စက်ရုံက ထုတ်မပေးတာကြောင့် ခွင့်ခံစားသည့်ဒေးကြေးကို အလုပ်သမားများက ဖူလုံရေးရုံးမှာ ကိုယ်တိုင် သွားရောက်ထုတ်ယူရတဲ့အတွက် အလုပ်တွေ ပျက်ကြရပြီး အဆင်မပြေ ဖြစ်ကြရပါတယ်။

ဆေးပေးခန်းစီစဉ်ပေးထားသော်လည်း ဆေးပစ္စည်းမရှိသည့်ရက်ကများပြီး ဆေးခန်းတွင်လည်း သူနာပြုဆရာမက ရှိမနေဘဲ စက်ရုံထဲတွင် လှည့်ပတ်သွားနေတာသာ တွေ့ရပါတယ်။

စက်ရုံအတွင်း၌ ရေလိုက်ကာများ တပ်ဆင်ပေးထားသော်လည်း နေရာတိုင်း အေးတာမဟုတ်တာကြောင့် မိမိတို့ နေအိမ်မှ ပန်ကာလေးတွေ သယ်လာကြတာတွေလဲရှိနေပြီး တစ်ရုံလုံးအနေအထားဖြင့် အပူအအေး မျတအောင် စီစဉ်ပေးခြင်း မရှိပါဘူး။

သောက်ရေ ထားသောနေရာကလဲ ရေးသန်းဗူးနဲ့ထားလို့ ရေတွေက ပူပါတယ်ဆို ရေဗူးတွေ ထားတဲ့ နေရာကလဲ  နေပူသောကြောင့်  ရေပူတွေသာသောက်နေရပါတယ်။

အိမ်သာရှေ့တွင် လုံခြုံရေများ ထားရှိကာ အိမ်သာသွားလို့ ကြာနေလျှင် HR ရုံးခန်းသို့ သွားပြောပြီး မိုက်ဖြင့်အော်ခြင်း အိမ်သာရှေ့မှ အော်ပြီး ပြောဆိုနေခြင်း၊ လိုင်းဌာနများမေးကာ အချိန်မှတ်၍ ရုံးပေါ်သို့ သွားတိုင်ခြင်း အဝင်အထွက်ကိုစောင့်ကြည့်နေတာခြင်းဖြစ်ကာ အလုပ်သမားတွေအနေဖြင့် အိမ်သာသွားတာတောင် လွတ်လွတ်လပ်လပ်မသွားရတာကြောင့် အောင့်ထားကြရပြီး အဆင်မပြေမှုတွေ များလို့ အလုပ်သမားတွေ အလုပ်လုပ်ရတာခက်ခဲနေရပါတယ်။

လက်တလော စက်ရုံက အလုပ်သမားတွေရဲ့ ဖုန်းတွေကို အလုပ်ချိန်အတွင်းမှာ HR ဌာနက သိမ်းထားပြီး လော့ခက်မထားတဲ့ ဖုန်းတွေဆိုရင် ကာယကံရှင်ကို အသိမပေးဘဲ ယူ၍ စစ်ဆေးနေတာတွေ ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေရှိနေပါတယ်။  အထက်ပါချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စက်ရုံမှ အော်ဒါအပ်ထားတဲ့ Brand  တွေနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေအနေဖြင့်  အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဖြေရှင်းပေးတာမျိုးတွေ ပြုလုပ်ပေးစေချင်ပါတယ်။


Related posts

Cover
Tai Hong Garment စက်ရုံမှာ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေ နစ်နာနေရ
Sep 07, 2024
Cover
Myanmar SINYOUNG CLOTHES FASHION မှာ အချိန်ပိုအလွန်အကျွံ​ခေါ်ယူ​နေဟုဆို
Sep 07, 2024
Cover
အဝေးသင်ဖြေမယ့် အလုပ်သမားတွေကို အလုပ်ထွက်ခိုင်းလို့ ဖြေရှင်းပေးဖို့တောင်းဆို
Aug 31, 2024
Cover
GOLDEN PROPITIOUS (Myanmar ) အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမား စက်ရုံတွင်းအကြမ်းဖက်ခံရပြီးအလုပ်ထုတ်ပယ်ခံရမှုဖြစ်ပွား
Aug 31, 2024
Cover
မြန်မာအားသစ်မာန် ကားစက်ရုံ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုပြုလုပ်၊ စစ်တပ် ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Aug 30, 2024
Cover
U&G အထည်ချုပ်စက်ရုံ စနေနေ့များတွင် ညနက်အထိ အချိန်ပို ခိုင်းစေ
Aug 29, 2024
Cover
Hang Kei Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ
Aug 27, 2024
Cover
North Shore အထည်ချုပ် အာဏာပြ ဖိအားပေးမှု အလုပ်သမားများအား ထိခိုက်နေ
Aug 27, 2024