NEWS

Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်

CoverLogo
411 Views
 
ညီမတို့ Myanmar Belle International Co.,Ltd မှာ ဇန်နဝါရ ၉ ရက်က အလုပ်သမားတွေ စုပေါင်းပြီး လုပ်ခလစာ တိုးပေးဖို့ အပါအဝင် အချက် ၁၂ ချက်တောင်းဆိုကြပါတယ်။
 
တောင်းဆိုတဲ့ အချက်တွေကို နှစ်ဖက် သဘောတူပြီး စာချုပ် ချုပ်ကြပါတယ်။ ဒါပေမဲ့ စာချုပ်မှာပါတဲ့ ဆေးခန်းတွေ ထားရှိပေးဖို့၊ ထမင်းစာဆောင်တွေ ပြင်ဆင်ပေးဖို့၊ ခုံတွေစီစဉ်ပေးဖို့၊ စက်ရုံ အရေးပေါ် ထွက်ပေါက်နဲ့ လေပန်ကာများ ပြုပြင်ပေးဖို့ အခုတိ မလုပ်ပေးသေးပါဘူး။
 
အလရ ဦးစီးမှူးတွေကလည်း သူတို့ လာရောက်ပြီးကြည့်မယ်၊ လုပ်ပေးဖို့ ပြောပေးမယ်ဆိုပြီး အခုထိ မလာကြပါဘူး။ အခုဆို စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေအပေါ် ပိုပြီး တင်ကျပ်ပါတယ်။
 
အလုပ်သမားခံစားအခွင့်အရေးနှင့် ပတ်သက်ပြီး ပြောပေးတဲ့ အလုပ်သမား တွေဆို စောင့်ကြည့်ပါတယ်။ ယ်၊ အလုပ်ထုတ်ပါတယ်။ ဘာပဲ လုပ်လုပ် ဝမ်တိန်ထိုး အရေးယူတာတွေ လုပ်ပါသည်။
 
အလုပ်တစ်ရက်ပျက်ရင်တောင် ဝမ်တိန် ထိုးခိုင်းတာပါ။ အလုပ်ပျက်လို့ ဂရိတ်တွေကို ချတယ်၊ လစာ ဖြတ်တယ်၊ ဝမ်တိန်ထိုးခိုင်းတယ်။ အမျိုးမျိုးဆောင်ရွက်နေတာပါ။
 
ဒါပေမဲ့ သဘောတူညီချက်အတိုင်း စက်ရုံဘက်က ဆောင်ရွက်ပေးရမဲ့ အချက်တွေကိုတော့ ဖြည့်ဆည်း မပေးပါဘူး။
အလုပ်ရှင်ဘက်က တာဝန်ပျက်ကွက်တာကြတော့ ဘယ်သူကမှ အရေးယူဆောင်ရွက်တာမရှိပါဘူး။
 
အလုပ်ရှင်ရဲ့ ချိုးဖောက်မှုတွေ၊ မတရားလုပ်မှုတွေကို အလုပ်သမားတွေက သွားပြောပါတယ်။ ဒါ့ပေမဲ့ သွားပြောတဲ့သူတွေ ကြတော့လည်း စောင့်ကြည့်တယ်၊ အပြစ်ရှာတယ်၊ ဝမ်တိန်ထိုးခိုင်းတယ်၊ အလုပ်ထုတ်ခံနေပါတယ်။
စာချုပ်မှာ တာဝန်ယူ တာဝန်ခံမှု ရှိတာကို မမေ့စေချင်တာပါ။ သက်ဆိုင်ရာ အလုပ်သမားရုံး အနေနဲ့လည်း မျက်နှာလွှဲလို့ မရဘူးဆိုတာ သိစေချင်ပါတယ်။
 
Myanmar Belle International Co.,Ltd အထည်ချုပ်မှာ အလုပ်သမား သမဂ္ဂ မရှိပါဘူး၊ WCC) အဖွဲ့လည်း မရှိပါဘူး။ အလုပ်သမား ၄၀၀ လောက် ခံစားနေရတာပါ ၊ ဘယ်သူ့ကို အားကိုးရမှန်း မသိအောင်ပါဘဲ ရှင့် ။
Myanmar Belle International Co.,Ltd အထည်ချုပ် စက်ရုံက တရုတ်နိုင်ငံသားပိုင်ပါ။ ရန်ကုန်မြို့ ၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်တွင် ဖွင့်လှစ်ထားပါသည်။ လက်ရှိ ချုပ်လုပ်နေတဲ့ အမှတ်တံဆိပ်မှာ Sinsay ပါ ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026