NEWS

Myanmar Belle Co.Ltd အထည်ချုပ် ငလျင်လှုပ်သည့်နေ့တွင် အချိန်ပိုအတင်းအကျပ် ဆင်းခိုင်း၊ မဆင်းသည့် အလုပ်သမားအား လစာဖြတ်

CoverLogo
470 Views
မြစိမ်းရောင်စက်မှုဇုန်က Myanmar Belle Co.Ltd အထည်ချုပ် စက်ရုံက ငလျင်လှုပ်တဲ့ရက်က အချိန်ပို အတင်းအကျပ်ဆင်းခိုင်းပြီး မဆင်းပါက ထမင်းဖိုးဆိုပြီး လစာထဲက ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံအလုပ်ချိန်က ပုံမှန်ဆို အချိန်ပိုပါ မနက် ၈ ၊ ည ၇ နာရီ။ ဒါပေမဲ့ အချိန်ပိုကို ၁၁ နာရီထိ နေ့တိုင်း ဆင်းနေရတယ်။ အလုပ်သမားတွေ ဆင်းချင်ချင်၊ မဆင်းချင်ချင် ဆင်းရတယ်။ အချိန်ပိုမှာ ထမင်းကျွေးတယ်။ အချိန်ပိုဆင်းမယ်ပြောပြီး မဆင်းနိုင်တဲ့ အလုပ်သမားကို လစာထဲက ထမင်းဖိုး ၁၂၀၀ ဖြတ်ယူပါတယ်။ မဆင်းတဲ့ရက်အလိုက် နုတ်ယူတာပါ။ ညစာလည်း မစားဘဲနဲ့ သက်သက် လစာထဲက အဖြတ်ခံရတာပါ.” လို့ အလုပ်သမာတဦးက ပြောပါတယ်။
ဥပဒေပါ ခွင့်ရက်တွေ မပေးဘဲ အလုပ်သမားတွေ ရက်ပျက်ပါက တရက် ကျပ် ၂၀၀၀၀ ကျပ်ဖြတ်ယူပြီး နှစ်ရက်ပျက်ပါ ကျပ် ၄၀၀၀၀ အထိ ဖြတ်တောက်တယ်လို့ ပြောပါတယ်။ အသက်မပြည့်တဲ့ လူငယ်၊ လူရွယ်တွေကို နေ့စား အလုပ်သမားအဖြစ် ခိုင်းစေ လစားအလုပ်သမားတွေကို ပေးတဲ့ ဒေးကြေးထက် ကျပ် ၁၂၀၀ လျှော့ရှင်းတယ်လို့လည်း နေ့စား အလုပ်သမားတဦးက ပြောပါတယ်။
အရေးပေါ် ဂိတ်ပတ်စ် မရဘဲ စက်ရုံမှာ ဆေးပေးခန်း၊သူနာပြုတွေ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ သောက်သုံးရေက ရေသန့်ဆိုပေမဲ့ ရေပုံးတွေက ညစ်ပတ်နေပြီး အထဲက အဝါရောင်ရေတွေက သံချေးနံ၊ ဆီနံတွေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အိမ်သာတွေလည်း မကောင်းပါဘူး။ အဓိက ရေ မလာတာ။ ရေကို အချိန်နဲ့ လွှတ်နေတာ။ နေ့လယ်မှာပဲ ရေလာတာ။ ရေသုံးတာ မလောက်တော့ အနံအသက်တွေနဲ့၊ အိမ်သာ သွားချင်သူများတွက် ဒုက္ခရောက်တယ်” လို့ ပြော ပါတယ်။
လူမှုဖူလုံရေးအတွက် လစဉ် ထည့်ဝင်ခွင့်မရသလို ကတ်ရှိတဲ့ အလုပ်သမားတွေကိုလည်း စက်ရုံက ထည့်ဝင်ကြေး မထည့်ထားလို့ မလုပ်ပေးနိုင်ဘူးဆိုပြိး ပြောဆိုတယ်လို့ သိရပါတယ်။
“ငလျင်လှုပ်တဲ့နေ့က စက်ရုံ အလုပ်သမား အတော်တော်များများ မူးဝေတာ၊ အော့အန်တာတွေ ဖြစ်ကြတယ်။ ညနက်အထိ အလုပ်ဆင်းထားရတော့ အလုပ်က ပြန်လွတ်ပေးဖို့ အလုပ်သမားတွေက ပြောကြတယ်.။ စက်ရုံမှာ တာဝန်ရှိတဲ့ တရုတ် အမျိုးသမီးက ပြန်ခွင့်မပေးဘူး။ ငလျင်လှုပ်တာ နင်တို့နဲ့ ဘာဆိုင်လဲ အလုပ်ဆက်လုပ်ဖို့ ပြောတယ်။ ဆေးမရှိ၊ သူနာပြုမရှိတော့ အလုပ်သမားအချင်းချင်းပဲ ပြုစုခဲ့ရတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
မြေငလျင် လှုပ်တဲ့ရက်မှာ ပါကင်ဌာန စူပါဆိုသူက အတင်းအကျပ် အချိန်ပို ဆင်းခိုင်းခဲ့ပေမဲ့ စက်ရုံဘက်က တာဝန်ယူပြောဆိုတာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာမှုတွေ ပြောဆိုနိုင်ဖို့ စက်ရုံမှာ WCC နဲ့ သမဂ္ဂအဖွဲ့တွေ မရှိဘူးလို့လည်း သိရပါတယ်။
Myanmar Belle Co.Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်မှာ ရှိပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ စက်ရုံ အလုပ်သမား ၅၀၀ ကျော်က Sinsay အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026