NEWS

Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ

CoverLogo
183 Views
 
Myanmar Belle International Co.Ltd ပိုင်အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်းအဆင်ပြေပြီး ဦးဆောင် အလုပ်သမားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ တောင်းဆိုမှုတွေကို ဇန်နဝါရီလ၊ ၉ ရက်မှာ စတင်ခဲ့တာ ၁၁ ရက် ညနေပိုင်းမှာ ညှိနှိုင်းအဆင်ပြေခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ လုပ်ခတိုးမြှင့်ပေးဖို့က အတိုင်းအတာ တခုအထိ အဆင်ပြေပါတယ်။ လက်ရှိအခြေအနေကို အလုပ်သမားတွေ နားလည်လို့ လက်ခံလိုက်တာမျိုးပါ ။ ဒီကုန်ဈေးနှုန်းနဲ့ ကိုက်ညီတယ်လို့တော့ မဟုတ်ဘူး” လို့ အလုပ်သမားအမျိုးသမီး တဦး က ပြောပါတယ်။
 
တောင်းဆိုမှုကြောင့် ဒေးကြေး ၉,၅၀၀ ကျပ်ကနေ ကျပ် ၁၁၀၀၀ ၊ အချိန်ပိုကြေး ၂၂၀၀ တိုးမြှင့်ရရှိခဲ့ပြီး ရက်မှန်ကြေး ကျပ်လေးသောင်းကို နှစ်ပိုင်းခွဲ ခံစားခွင့်ရခဲ့တာပါ။ အလုပ်သမားတွေ တောင်းဆိုမှု ၁၂ ချက် ထဲက ကျန်တဲ့ အချက်တွေကို အလုပ်သမားဦးစီးဌာနက အရာရှိတွေ လာရောက် ညှိနှိုင်းပေးမယ်ဆိုပြီး ပြောဆိုထားပါတယ်။
 
နှစ်ဖက် သဘောတူ စာချုပ်မှာတော့ ဥပဒေအရ တစ်နှစ်အတွင်း အလုပ်သမားတောင်းဆိုမှုတွေ မပြုလုပ်ရလို့ ဖော်ပြထားပေမဲ့ ဘာလို အကြောင်းအရကို တောင်းဆိုမှု မပြုလုပ်ရလို့ မပါရှိပါဘူး။
 
စက်ရုံကတော့ ရန်ကုန်မြို့၊ မြသရဖီလမ်း၊ မြစိမ်းရောင် စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပို င်ဆိုင်တယ်လို သိရပါတယ်။ လက်ရှိ Sinsay တံဆိပ် အထည်တွေကို အလုပ်သမား ၂၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026