NEWS

Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်

CoverLogo
478 Views
 
Myanmar Ayeyarwaddy MFG အထည်ချုပ်စက်ရုံမှာ ရက်သတ္တပတ် အတွင်း ရက်ပျက်ပါက တနင်္ဂနွေ ပိတ်ရက်နဲ့ ပျက်ရက် အတွက် ၂ ရက် လုပ်အားခကို ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ဆိုပြီး ပေးတယ်။ ဒါပေမဲ့ ဒါကို ရက်ပျက်ဆိုပြီး တနင်္ဂနွေနေ့ အတွက်နဲ့ ခွင့်ရက်အတွက် ဒေးကြေးတွေကို ဖြတ်တာပါ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံဘက်က တနဂ်နွေနေ့ပိတ်ရက်အတွက် လုပ်ခလစာ ၄၈၀၀ ကျပ်ကိုသာ ပေးချေနေပြီး ဝန်ကြီးဌာနက ထောက်ပံ့ကြေး ကျပ် ၂၀၀၀ ကို ထည့်သွင်းပေးချေတာ မရှိဘူးလို့လည်း ဆက်ပြောပါတယ်။
 
၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေ မှာတော့ အများပြည်သူပိတ်ရက်တွေနဲ့ ခွင့်ရက်တွေအတွက် လုပ်ခလစာ 
နုတ်ယူဖြတ်တောက်တာ မပြုဖို့ ပြဌာန်းသတ်မှတ်ထားပါတယ်။ ဒါ့အပြင် စည်းကမ်းဖောက်ဖျက်လို့ ဒဏ်ကြေး ဆိုပြီးပြီး လုပ်ခလစာ ဖြတ်တောက်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာ ၂ မိနစ်လောက် နောက်ကျခဲ့ရင်တောင် ဒဏ်ကြေးဆိုပြီး HR မန်နေဂျာက တစ်သောင်းဖြတ်တယ်။ ဒဏ်ကြေးဆိုရင်တာ ၅၀၀၊ ၁၀၀၀ လောက်ပဲ ရိုက်ပေါ့ ။ တစ်သောင်းဆိုတာ တရက်စာလောက် ဖြစ်နေတယ်။ နစ်နာမှုတာထက် ခေါင်းပုံဖြတ်အမြတ်ထုတ်တာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Ayeyarwaddy MFG စက်ရုံက Newyorker အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေပြီး အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရွေပြည်သာမြိုနယ် ၊ ရွေပြည်သာကွေ့မှတ်တိုင်အနီး ၊ အမှတ် ( ၄ ) လမ်းမကြီးမှာ ရှိပြီး ကိုရီးယားနိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026