NEWS

MRTV 4 (Forever Group) မှ အလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်၊ ဥပဒေပါ နစ်နာကြေးအား တလချင်း ပေးချေပြီး စေတနာကြေးဟု ပြောဆို

CoverLogo
1.3K Views
အောက်တိုဘာ ၉ ၊၂၀၂၄
အကူညီတောင်းခံတာပါ။
 
အလုပ်သမား ခြောက်ရာကျော် ၊ ခုနှစ်ရာလောက် နစ်နာတာတွေ ရှိနေလို့ပါ။ အလုပ်သမားတွေ အားလုံးက MRTV 4 (Forever Group) ရုပ်သံမီဒီယာ ကုမ္ပဏီမှာ လုပ်ကိုင်နေကြသူတွေပါပဲ။ ရုံးချုပ်ကတော့ ကမာရွက်တက္ကသိုလ် လေ့ကျင့်ရေးကျောင်းရှေ့၊ ပြည်လမ်းမှာပါ။ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရေကူးအသံလွှင့်ရုံ၊ ဝင်ဒါမီယာ၊ ရှမ်း တောင်က ပင်းတယ မြို့နယ်တွေမှာ မီဒီယာ လုပ်ငန်းတွေ လုပ်နေပါတယ်။ ဝန်ထမ်းအလုပ်သမား ၈၀၀ လောက် က ဌာန ပေါင်း ၆၀ ဝန်းကျင်လောက်မှာ လုပ်ကိုင်နေတာပါ။
အခု ၂၀၂၄ ခုနှစ် ၅လ (မေလ) ပိုင်းလောက်မှာ လူတွေလျော့မယ်ဆိုပြီး အလုပ်သမား ၂၀၀ ကျော် ၃၀၀ လောက် အလုပ်ဖြုတ်ခံရတယ်။ အဲ့ အလုပ်သမားတွေကိုတော့ ဥပဒေက သတ်မှတ်ထားတဲ့ လျော်ကြေး(နစ်နာကြေး) အတိုင်း ပေးမယ်၊ လုပ်သက်နဲ့ လျော်ကြေးကို ဘယ်နဲ့လစာ ဆိုပြီး ၃ကြိမ်(၄ ကြိမ်) ခွဲပေးမယ်ပေါ့ ။
 
ဌာနတွေမှာ ကျန်တဲ့သူတွေနဲ့ ရှေ့ဆက်မယ်ဆိုပြီး ၇ လပိုင်း(၂)၊ (၃) ရက်နေ့မှာတော့ ကျန်တဲ့ အလုပ်သမား တွေလည်း အလုပ်ဖြုတ်တယ်ဆိုတာ သိကြရတယ်။ နောက်ထပ် အလုပ်သမား ၃၀၀ ကျော် ၄၀၀ လောက် အလုပ်ပြုတ်ခဲ့ရ တာပါ။ ဌာနတွေမှာ တစ်ယောက်မှ မကျန် တော့ဘူး ။ ဌာနတခုမှာ အကြီးအကဲအပါအဝင် ၃ ယောက်လောက်ပဲ ကျန်ပါတယ်။ အလုပ်ဖြုတ်ခံ ရတဲ့ ဝန်ထမ်းတွေ လက်မှတ်ထိုး ရပါ တယ်။ နယ်က အလုပ်သမားတွေ လည်းပါ ပါတယ် ။
 
အဲမှာ အလုပ်သမားတွေအတွက် ပြသနာရှိနေတာပါ။ အလုပ်သမားတွေကို MRTV 4 ကုမ္ပဏီက လုပ်သက် နစ်နာကြေး (လျော်ကြေး)ကို တလခြင်း ပေးသွားမယ်ဆိုတာကို လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးတော့ ဒါကို စေတနာကြေး လို့ သုံးနှုန်းပါတယ်။
ဥပဒေအရဆိုရင် တလုံးတခဲတည်း ပေးရမယ်ဆိုတာကို ကုမ္ပဏီဘက်က ဖေါက်ဖျက် ခဲ့တာလို့ မြင်ပါတယ်။ ရုပ်သံထုတ်လုပ်မှု လုပ်ငန်းက ဝန်ထမ်းဆိုတာ တခြားပြောင်းလုပ်ဖို့ဆိုတာက ချက်ချင်း မလွယ်ပါဘူး။ နောက် လက်ရှိ နိုင်ငံရေးအခြေအနေနဲ့လည်း အလုပ်အကိုင်က ရှားပါတယ်။ ဒါကြောင့် စေတနာကြေးပဲ ပြောပြာ နစ်နာကြေးပြောပြော လျော်ကြေး ပဲ ပြောပြော အလုပ်သမားတွေကို ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ။
 
အခုတော့ လစာရော လျော်ကြေး ရောပေးတာကလေ လတိုင်းလိုလို နောက်ကျတာပါ။ အရင်ကဆို ရမဲ့ ငွေကို တစ်ဝက်ဆီ ခွဲပေးခဲ့တာတွေလည်း ရှိပါတယ် ။ အခု ဒီလ(စက်တင်ဘာအတွက်) ဟာက အောက်တိုဘာ ၁၅ရက် အထိ ဖြစ်နေပါပြီး ၊ အရမ်းလွန်ပါတယ်။ အခု(စက်တင်ဘာလ)အတွက် ရဖို့ ကျန် နေတဲ့သူတွေကို ၁၅ရက်နေ့မှ ပေးပါမယ်တဲ့။ သတ်မှတ်ရက်ထက် ကျော်ပြီး နောက်ကျမှာ သူတို့ပေးတဲ့ စေတနာကြေး ဆိုတာရတာလည်း ကြာပါပြီ ။
 
ပြောပါသေးတယ်၊ ဝန်ထမ်းတွေက အခုအလုပ်က နား(ထုတ်)လိုက်ပေမယ့် အပြီးမဟုတ်ဘူး၊ ကုမ္ပဏီအလုပ်ရှိရင် လာလုပ် လို့ရ တယ်။ လစာနဲ့တော့ မပေးတော့ဘူး၊ နေ့တွက်လိုလို ဒေကြေးလိုလို နဲ့ပေါ့။ ပေးမဲ့ဆိုတဲ့ နေ့တွက်က လည်း ပေါက်ဈေးနဲ့ တွက်ပြီး ပေးမှာ မဟုတ်ဘူးတဲ့ ။ နောက်ဆုံးလစာကို ၃၀နဲ့စားပြီး နေ့တွက် တစ်ရက်အတွက် တွက်ပေး မှာ၊ အဲလိုတွေ ပြောပါ ။ လုပ်မယ် မလုပ်ဘူးက အလုပ်သမားတွေ သဘောပေါ့။
 
တခါတည်းခန့်ပြီး တခါတည်း အလုပ်ထုတ် လိုက်သလိုပါပဲ။ အခုဆို ဝန်ထမ်းကဒ်တွေကို ပြန်သိမ်းနေတယ်၊ ဘယ်လို သဘောတော့ မသိရပါဘူး။
 
လစဉ် ဘယ်နေ့ပေးမယ်၊ ဆိုတာလည်း မသိရ၊ ဘာကြောင့်ဆိုတာလည်း မသိရနဲ့ ၊ ဝန်ထမ်းတွေအပေါ် အခုထိ လေးစားမှု မရှိတုန်းပါပဲ။
 
MRTV 4 ကုမ္ပဏီက ရုပ်သံကြော်ငြာ ၈၀ ရာခိုင်းနှုန်းလွမ်းမိုးထာတဲ့ ကုမ္ပဏီပါ။ ကိုဗစ်နဲ့ အာဏာသိမ်းမှု မတိုင်မီ ကဆို ရုပ်သံကြော်ငြာဝင်ငွေ ဒေါ်လာသန်းရာဂဏန်း ကျော် ရတယ်လို့ ဟောပြောမှု တချို့မှာ ပြောဆိုတာ ကို နားထောင်ဖူးပါတယ်။
ကိုဗစ်ကာလကတည်းက နားခိုင်းထားတဲ့ ဝန်ထမ်းတချို့ကိုဆို ကုမ္ပဏီဘက် အခုထိ လစာလည်း မပေး၊ အလုပ်က ထုတ်တယ် လည်း မပြော၊ လစာမဲ့ ဒီအတိုင်း နားနေရတာပါ။ တခြားအလုပ်သမားတွေကမှ အလုပ်က နားရတဲ့ အကြောင်းသိရပါသေးတယ်။
လေသံလည်း လွှင့်ပါတယ်။ အလုပ်သမားဝန်ကြီးပဲ ပိုင်သလိုလို၊ ဒါရိုက်တာအဖွဲ့ဝင်ကပဲ နေပြည်တော်အထိ ပေါက်ရောက်သလိုလို တွေလည်း ပြောပါတယ်။
 
ပြောရရင် ကိုဗစ်စတဲ့ ၂၀၂၀ ကနေ ၂၀၂၂ အထိ ကုမ္ပဏီဝန်ထမ်းတွေ လစာမရကြဘူး ။ ကုမ္ပဏီက လိုတဲ့သူ ခေါ်ခိုင်းတဲ့ ပုံစံပဲ၊ ခေါ်တဲ့သူ လစာရမယ်၊ မခေါ်ရင်မရဘူး ပုံစံနဲ့ လုပ်ခဲ့ရတယ်။ အဲ့ကတည်းက အလုပ်ဖြုတ်ခံရတဲ့ သူတွေလည်း ရှိတယ်။
၂၀၂၂ မှာတော့ ကုမ္ပဏီက အလုပ်လုပ်တော့မယ်ဆိုတဲ့ သဘောနဲ့ ပြန်ခေါ်တယ်။ ခေါ်တယ်ဆိုတာလည်း ဌာနတွေ ပြောင်း လုပ်ခိုင်းတာပါ။ အလုပ်သမားတွေ ဆန္ဒရှိမရှိလည်း မမေး၊ ကျွမ်းကျင်လား မကျွမ်းကျင်လားလည်း မသိနဲ့ ပြောင်းခဲ့ရတယ်။ ဒါနဲ့ လုပ်ငန်းခွင်ထဲ စိတ်ဓါတ်ကျပြီး အလုပ်ထွက်တဲ့ အလုပ်သမားတွေလည်း အတော်များများ ရှိပါတယ်။
 
ကမ္ဘာကျော်ကုမ္ပဏီတွေနဲ့ တွဲလက်နေတဲ့ ကုမ္ပဏီ ဖြစ်တော့ လုပ်ငန်းပိတ်သိမ်းတယ်ဆိုလည်း အလုပ်သမားတွေ အပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်ပါတယ်။
 
၂၀၁၉ ခုနှစ်ကတည်း ကုမ္ပဏီဘက်က EC စာချုပ်ကို သက်တန်းမတိုးတာနဲ့ပဲ လျော်ကြေးပေးတာက စေတနာ ကြေးလို့ ပြောတာကလည်း အလုပ်သမားတွေအပေါ် လေးစားမှုမရှိတာလို့ မြင်ပါတယ်။
 
ဥပဒေအတိုင်းဆိုရင် နို့တစ်ကြေးလည်း ပေးခဲ့တာမဟုတ်ပါဘူး။ လက်ရှိ အခြေအနေအရ အလုပ်သမားတွေ ဘက်က တောင်းဆိုခွင့်မရတဲ့ အခြေအနေမို့ ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ပါ။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026