NEWS

Mountain Tree အထည်ချုပ်အလုပ်သမားများအား စက်ရုံတာဝန်ခံ ကိုယ်ထိလက်ရောက်ပြုလုပ်နေ

CoverLogo
558 Views

Mountain Tree စက်ရုံက အလုပ်သမားတဦး ပါ။ 
စက်ရုံက ရွှေလင်ပန်းစက်မှုဇုန်၊ အလယ်ရွာမှတ်တိုင်နားမှာပါ ။ 
စက်ရုံက လုပ်ငန်းခွင်တာဝန်ခံ တရုတ်အမျိုးသမီးက အရမ်းမိုက်ရိုင်း နေလို့ပါ ။ လုပ်ငန်းခွင်ထဲရောက်တာနဲ့ ဆဲဆိုပါတယ်။ အဲဒီအမျိုးသမီးက စက်ချုပ်လုပ်သားတွေကနေ အောစူပါတွေအထိ ဆဲဆိုပါတယ်။ အထည်တွေနဲ့ ပစ်ပေါက်တာတွေလည်း လုပ်ပါတယ်။ 
 စက်ရုံ အလုပ်သမား ၃၀၀ ဝန်းကျင် လောက်ရှိပါတယ်။  စက်ရုံမှာ ဖယ်ရီ ၆ စီးဝန်းကျင်ပဲ ရှိလို့ ကျပ်သိပ်ပြီး စီးရပါ တယ်။ စီးရတာ၊ အဆင်မပြေလို့ပါ။  စက်ရုံဖွင့်တာ ၃/၄ လပဲ ရှိသေးတယ်။ EC စာချုပ် ချုပ်ပေးတာ မရှိပါဘူး ။  အချိန်ပို Ot ကို ည ၈ နာရီ၊ ည ၁၁ နာရီ ဆင်းရပါတယ်။ ညနက် ၁၁ အချိန်ပိုကို အတင်းဆင်းခိုင်းပါတယ်။  မနက် အလုပ်သမားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရပါတယ်။ ဖယ်ရီမပေးပါဘူး ။ အလုပ်သမား အားလုံး ဖိနိပ်ခံနေ ရတာပါ။ 
စကားပြန်ဆိုသူကလည်း အလုပ်သမားတွေကို ဓာတ်ပုံရိုက်ပြီး တိုင်တန်းတာတွေ လုပ်ပါတယ်။ 
Mountain Tree စက်ရုံမှာ ဂျပန် အထည်တွေ ချုပ်ပါတယ်။ 
အိုတီခေါ်တာ အလုပ်သမားတွေရဲ့ သဘောဆန္ဒ မပါ ပါဘူး။ တနင်္ဂနွေနေ့တွေမှာပါ တခါတရံ ဆင်းရပါတယ်။ စက်ရုံမှာ စားဝတ်နေရေးကြောင့် လုပ်ကိုင် နေရပေမဲ့ လုပ်ငန်းခွင်ရောက်ကတည်းက ဆဲဆိုလို့  မိုးလင်း အလုပ်သွားဖို့ အလုပ်သမားအားလုံး ကြောက်နေရ ပါတယ်။ သက်ဆိုင်ရာတွေ သိစေချင် ပါတယ်။ 
(Mountain Tree အထည်ချုပ်စက်ရုံဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်နေတာလို့ DICA အချက်အလက်တွေ အရ သိရပါတယ်။)


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026