NEWS

MOU မြန်မာအလုပ်သမားတွေ အလုပ်မရလို့ နေထိုင်စားသောက်ရေးခက်ခဲနေ

CoverLogo
373 Views
 
ထိုင်းနိုင်ငံ နကော့ပုထုံမြို့ရှိ (ကြက်သားစက်ရုံ) မှာ အလုပ်လုပ်ရန် အတွက် ပြည်ပအလုပ်ကိုင်အကျိူးဆောင်လိုင်စင်ရ အေဂျင်စီနဲ့ ချိတ်ဆက် ပြီးလာခဲ့တဲ့ MOU အလုပ်သမား ၁၄ ဦးမှာ အလုပ်မရတဲ့ အတွက် ထိုင်းနိုင်ငံ အတွင်း နေထိုင်စားသောက်ရေး ခက်ခဲ မှု တွေနဲ့ ကြုံနေရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG-အလုပ်သမား မဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
 
၎င်း အလုပ်သမား ၁၄ဦးဟာ ထိုင်းနိုင်ငံ၊ နကော့ပုထုံခရိုင်၊ ကန်ချနပူလီမြို့သို့ရောက်ရှိနေသော မြန်မာ MOU အလုပ်သမားမြန်မာနိုင်ငံမှ ပြည့်ဖြိုးဈာန်(ဇံ) အေဂျင်စီဖြင့် ၂ နှစ်စာချုပ်ချုပ်ဆိုပြီး၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းတွင် မြန်မာနိုင်ငံမှ လေယာဉ်ဖြင့်ထွက်ခွာလာပြီး ထိုင်းနိုင်ငံ၊ ဒွန်းမောင်းလေဆိပ်သို့ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။
 
ညနေ ဘက်မှာ ထိုင်းဖက်မှ အေဂျင်စီပွဲစား (Saw Bright Win)ဆိုသူမှ လာရောက်ခေါ်ဆိုသွားပြီး အလုပ်သမားများကို သွေးစစ်၊ ဝါ့ပါမစ်ကဒ်များ လုပ်ပေးကာ ညတွင်းချင်း ဆာလာပူလီမြို့သို့ခေါ်ဆောင်သွားကာ ဆာလာပူလီမြို့သို့ရောက်ရှိချိန် တွင် စာချုပ်ပါလုပ်ငန်းခွင်သို့ မခေါ်ဆောင်သွားဘဲ ဆာလာပူလီတွင် သာထားခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
 
မြန်မာအလုပ်သမား၁၄ဦးမှာ အလုပ်မဆင်းရဘဲ ကိုယ့်စားစရိတ်ဖြင့်နေခဲ့ရပြီး အခန်းခများလဲ ကိုယ့်ဘာသာကိုယ်ရှင်းခဲ့ရကာ ပို့ဆောင်ပေးတဲ့ အေဂျင်စီထံအလုပ်တောင်းဆိုရာတွင်လဲ ဖြေရှင်း မပေးဘူးလို့ သိရပါတယ်။
 
စားဝတ်နေရေး အခက်ခဲကြောင့် အလုပ်သမားတွေ အနေနဲ့ ကန်ချနဘူလီသို့သွားရောက် အလုပ်ရှာခဲ့ပေမယ့်လည်း ကျန်အော့မရှိတဲ့ အတွက် အလုပ်ရှာမရ ဖြစ်ကာ အခက်အခဲများကြုံတွေ့နေရတာကြောင့် WAG-အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားရဲ့ အကူညီတောင်းခံမှု ကို WAG-အလုပ်သမားမဟာမိတ်အဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အတွင်း လိုင်စင်ရအေဂျင်စီက တစ်ဆင့် MOU နဲ့ လာရောက်တဲ့ မြန်မာအလုပ်သမားတွေ အလုပ်မရဘဲ စားဝတ်နေရေး အခက်ခဲ ကြုံရမှု ဟာ မကြာခဏ ဖြစ်ပေါ်နေပေမယ့် အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိရောက်စွာဖြေရှင်းဆောင်ရွက် အရေးယူမှု အလွန်နည်းနေတယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026