NEWS

MICS ခေါင်းဆောင် ကိုသက်နှင်းအောင်အား နယ်သာလန်နိုင်ငံ လူထုက ထောက်ခံသည့် လှုပ်ရှားမှုပြုလုပ်

CoverLogo
354 Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS - TUsF – Myanmar ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို နယ်သာလန်နိုင်ငံ လူထုက ထောက်ခံတဲ့ လှုပ်ရှားမှုကို မေလ ၁ ရက်မှာ စတင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

နယ်သာလန်နိုင်ငံကလူထုက ကိုသက်နှင်းအောင် အပေါ် ထောက်ခံမှုကို ပြသတဲ့ အနေနဲ့ စာရေးပို့နေတာလို့ လည်း သိရပါတယ်။  ကိုသက်နှင်းအောင်ရဲ့ မိသားစုကိုလည်း ဒီကမ်ပိန်းနဲ့ ပတ်သက်တာတွေကို ပြသသွားမှာ ဖြစ်ပြီး MICS-TUsF အဖွဲ့ချုပ်အနေနဲ့ ကိုသက်နှင်းအောင်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာကမ်ပိန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ထောင် ၇ နှစ်ထပ်ချခဲ့တာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ စစ်ကောင်စီက ကိုသက်နှင်းအောင်ကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ် ချခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်မှာ ကိုသက်နှင်းအောင် ထောင်က လွတ်မြောက်ခဲ့ပေမဲ့ အဲဒီကတည်းက ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ၅ လနီးပါးအကြာမှာ ကိုသက်နှင်းအောင် စစ်ကောင်စီက ၅၂/က နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။ 


Related posts

Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ
Sep 01, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို
Aug 31, 2025
Cover
Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်
Aug 31, 2025
Cover
အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်
Aug 30, 2025
Cover
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်
Aug 30, 2025
Cover
PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ
Aug 30, 2025