အလုပ်သမားပေးစာကဏ္ဍ
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သံဒင်း ၁၉ လမ်းဆုံမှာ အသစ်ဖွင့်ထားတဲ့ max technology နားကြပ်စက်ရုံမှာ အလုပ်ချိန် ၈ နာရီသတ်မှတ်ထားပြီး တကယ်တမ်းအလုပ်ဝင်ပေးရတာ ၇ နာရီ ၅၀ ပါရှင့်။ သူတို့နေ့တိုင်း meeting ပြောဖို့ကိုအဲ့အချိန်ဝင်ပေးရတယ် ထမင်းစားဆင်းချိန် ၁၂ နာရီကနေ ၁၂ နာရီ ၃၀ သတ်မှတ်ထားပြီး တကယ်တမ်းထမင်းစားဆင်းတော့ ၁၂ နာရီ ၂ မိနစ် မှဆင်းပြီး ၁၂ နာရီ ၂၇ မှာထမင်းစားပြန်တက် ပါတယ်။ အိုတီ (အချိန်ပို) မဆင်းရဘဲ တလလုံးဆင်းရပါတယ်ဆိုပြီး လတ်မှတ်တွေထိုးခိုင်းပါတယ်။
စက်ရုံကိုစစ်ဆေးရေးတွေလာတော့..သူတို့ အိုတီ တလ လုံးပေးထားတယ်ဆိုပြီး အဲ့စာရွက်တွေကိုထုတ်ပြတယ်..အလုပ်ချိန် ၄ နာရီ ၃၀ ဆင်းတာကို. ၄ နာရီ ၃၂ မှဆင်းရပါတယ်..စူပါတွေကလဲ.လိုင်းသားတွေကို.စကားပြောရင် "စောက်" ဆိုတဲ့စကားကိုသုံးပြီး အမြဲတမ်းပြောပါတယ်။
အိမ်သာသွားလို့တနေ့လုံးမှာ ၃ခါပြည့်သွားရင်ပိုက်ဆံတောင်းပါတယ် ။ ၄ လပိုင်း ၃၀ ရက်နေ့ထိဆင်းပီးအလုပ်ထွက်တဲ့သူတွေကို..သင်္ကြန်ပိတ်ရက်စာတွေမပေးဘူးပြောပါတယ် သူတို့ဘက်ကနစ်နာလို့တဲ့ ၅ လပိုင်း၆ ရက်နေ့အထိအလုပ်ဆင်းပြီး ထွက်တဲ့သူတွေကိုလဲ ၅ ရက်နေ့မှာပိတ်ထားတဲ့တနင်္ဂနွေအတွက် ဒေးကြေးမပေးဘူးတဲ့ရှင့်။
သင်္ကြန်မှာတနင်္ဂနွေပိတ်ရက်တွေဆက်တိုက်ဆင်းပေးရပြီး အိုတီကြေးလဲမပေးဘူးရှင့် စက်ရုံမှာ.အာဝါဒီတွေကိုမတရားတောင်းပြီး ဆုကြေးတွေဘာတွေလဲမပေးပါဘူး။
အိုတီ ကို အချိန်အမှန်တကယ်ပေးနိုင်မှလက်မှတ်ထိုးစေပြီး အလုပ်ချိန်ကိုလဲသူတို့သတ်မှတ်ထားတဲ့ ၈ နာရီ ကနေ ၄ နာရီ ၃၀ အထိတိတိကျကျလေးဖစ်စေချင်ပါတယ်ပြီးတော့ ခေါင်းဆောင်တွေဘက်ကလဲ စကားပြောရင်ရိုင်းစိုင်းစွာမပြောဖို့နဲ့..လစာကိုလဲမှန်မှန်လေးပေးစေချင်ပါတယ်။
အာဝါဒီက ဂျပ်ပင်ခဲတို့ရတဲ့ပွိုင့်ဆိုရင် တစ်စည်းမှာ ကြိုး၁၀၀ပါတယ်..၆ မိနစ်ကို၂စည်းပြီး ရမယ်တဲ့..အဲ့လိုပီးမှသူတို့သတ်မှတ်ထားတဲ့စုကြေးပေးမှာတဲ့ အဲ့လိုရဖို့ကို သူတို့ကိုယ်တိုင်လုပ်လည်းမရပါဘူး။ မိုရိုက်တဲ့ပွိုင့်ဆို..တနာရီ၁၀၀၀ တောင်းတယ် အဲ့ပွိုင့်ကသူတွေကလဲ အများဆုံးရရင်တစ်နာရီ ၈၀၀ပဲရတယ် အဲ့တာကိုလက်မခံဘူး.တရုတ်တွေက။
အခြေခံလစာ ၁၄၄၀၀၀ တလလုံး အိုတီ ရှိရင်တောင်၃သိန်းမပြည့်ပါဘူး။ ထောက်ပံ့ကြေး ၁၀၀၀ ရပါတယ်။ အလုပ်ထွက်သွားတဲ့သူတေရက်ပေါင်ကြေးလာထုတ်ရင်မပေးပါဘူး စက်ရုံကလဲဖွင့်တာမကြာသေးဘူး ၆လလောက်ပဲရှိသေးတယ် လိုင်းက ၅ လိုင်းပဲရှိသေးတာ အလုပ်သမား ၂၅၀ ကျော်လောက်တော့ရှိတယ်။
အလုပ်မှာသူနာပြုခေါ်ထားပြီး အဲ့သူနာပြုကိုလဲ.လိုင်းထဲမှာဝင်လုပ်ရတယ်..သူနာပြုလစာလဲမပေးထားပါဘူး..လိုင်းသားတွေထပ်၃သောင်းပဲပိုများတယ်..ဒီလတောင်အရင်လို၃သောင်းပိုမပေးတော့ပဲ ၁သောင်းပဲပေးတယ်ရှင့်..
ဆေးခန်းဆိုပြီး လဲသီးသန့်မရှိပါဘူး လိုင်းထိပ်မာခုတင်တစ်လုံးပဲချထားတာရှင့် ပြီးတော့ ဆေးတွေကိုလဲ.ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းထားတယ်...လိုင်းသားတွေဆေးလာတောင်းရင်..မပေးရဘူးလို့..တရုတ်က.သူနာပြုကိုမှာထားပါတယ် မန်နေဂျာကပြောသေးတယ် စူပါနဲ့လိုင်းသားရန်ဖစ်ရင်.မှားမှားမှန်မှန် လိုင်းသားမှာပြန်ပြောပိုင်ခွင့်မရှိဘူးတဲ့။
အလုပ်သမား (၂)
နားကြပ်စက်ရုံမှာ အလုပ်ချိန် မနက် ၈ နာရီလို့ပြောပြီး တော့၇ နာရီ ၄၅ အရောက်ဝင်ရပါတယ်နေ့ခင်းထမင်းစားရင်လည်း၁၂ နာရီ ၂မိနစ်လောက်မှထမင်းစားရပါတယ်။ အာဝါဒီလည်းအရမ်းတောင်းပါတယ်လစာကတော့ 5800 ပါဒါပေမဲ့လစာထုတ်ရင်OTဖိုးနဲ့dayကြေးပဲပါပါတယ် ၆ လည်းပြည့်သွားလည်းဘာကြေးမှမပါပါဘူးသူတို့ကမရနိုင်တဲ့အာဝါဒီတွေတောင်းပြီး ဆုကြေးပေးမယ်ပြောပါတယ်။ လိုင်းထဲကစူပါတွေကလည်းအပြောအဆိုအရမ်းကြမ်းတမ်းပါတယ်ပီးတော့ ၄ လပိုင်းမကုန်ခင်ထွက်တာကိုသင်္ကြန်ပိတ်ရက်ကြေးမပေးပါဘူး တနင်္လာနေ့ပျက်ရင်လည်းတနင်္ဂနွေပိတ်ရက်ခမပေးပါဘူး။
၅ လပိုင်း၆ ရက်နေ့ကထွက်တဲ့သူတွေကိုလည်း ၅ ရက်နေ့ပိတ်ရက်ခမပေးပါဘူးတဲ့ရှင့်လစာထုတ်ပြီး ဗုဒ္ဓဟူးနေ့ထိဆင်းမှငါးရက်ခအပြည့်ပေးမယ်ပြောပါတယ်ရှင့်ပြီးတော့လစာထုတ်ရက်တိုင်း ၄ နာရီခွဲထုတ်မပေးပါဘူး။အမြဲတမ်း ၅ နာရီကျော်လောက်မှထုတ်ပေးပါတယ်ရှင့်။ ထိုင်ပီးစောင့်နေရပါတယ်ရှင့်။ ၄ နာရီခွဲအလုပ်တွေပြီး သွားလို့ထိုင်စောင့်နေတာကိုစကားပြောနေကြလို့ဆိုပြီး လိုင်းစူပါတွေကဆူပါတယ်ရှင့်
လစာထဲကကျန်တဲ့ minus ကြေးတွေလည်းထွက်သွားတဲ့သူတွေကိုမပေးပါဘူးစက်ရုံဆင်းနေတဲ့တွေသူတွေကိုslipပေးခဲ့တာတောင်မထုတ်ပေးပါဘူးရှင့်။
လိုင်းသားတွေနဲ့စူပါတွေစကားများရင်လိုင်းသားတွေကမှားမှားမှန်မှန်သူတို့ပြောတဲ့တိုင်းပဲလုပ်ရပါတယ်တဲ့ . နင်တို့ပြန်ပြောခွင့်မရှိဘူးငါပြောတာနားထောင် နင်ကဘာမို့လို့ငါ့ကိုပြန်ပြောနေတာလည်း'အာ့လိုမျိုးတွေပါရှင့် ပြီးတော့သန့်ရှင့်ရေးအန်တီတွေကစလုပ်ထဲကနောက်သန့်ရှင်းရေးတစ်ယောက်ခေါ်ပေးဖို့ပြောတာခုထိမခေါ်ပေးပါဘူးရှင့် စက်ရုံအကျယ်ကြီးကိုသန့်ရှင်းရေးနှစ်ယောက်ပဲလုပ်ရပါတယ်။ အမှိုက် သွားပစ်ရင်လား ၁၉ လမ်းဆုံအကျော်ကနေပြီးတော့သံဒင်းဈေးအမိုက်ကန်ထိလမ်းလျှောက်ပြီး သွားပစ်ရပါတယ်။
အခုလို ချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေ သိစေချင်ပါတယ်။