NEWS

Max technology နားကြပ်စက်ရုံက အလုပ်သမားတွေ ဆုကြေးကိုကျွမ်းကျင်ကြေးနဲ့သာသတ်မှတ်ပေးဖို့တောင်းဆို

CoverLogo
915 Views

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သံဒင်း ၁၉ လမ်းဆုံမှာ အသစ်ဖွင့်ထားတဲ့ Max technology နားကြပ်စက်ရုံက အလုပ်သမားတွေဟာ စံချိန်တွေအဆမတန်တောင်းကာ ဆုကြေးများဖြတ်တောက်ခံနေရတာကြောင့်  ဆုကြေးကိုကျွမ်းကျင်နဲ့သာသတ်မှတ်ပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။  

"ပေးစာရောက်ပြီးတဲ့နောက်  စစ်ဆေးရေးဆင်းလာတယ်။ ဒါပေမဲ့သူတို့ကမပြောင်းလဲဘူး။ အချိန်ပိုကလက်မှတ်ကြိုထိုးရတာ။ လက်မှတ်ထိုးပြီးတော့မှ  အချိန်ပိုမဆင်းရတာလည်းရှိတယ်။ သူတို့တောင်းတဲ့ အာဝါဒီကိုရအောင်ပေး မပေးနိုင်ရင်၃ ရက်ပြည့်ရင် အလုပ်ထုတ်မယ်။ နားကြပ် တစ်နာရီကို ၃၀၀ တောင်းတယ်။ လူဟောင်းတောင် ၁၅၀ ပဲပြီးတာကို ၃၀၀ တောင်းတာ။ အဲ့ဒါကရမှဆုကြေးရတာ။ မရရင်ဆုကြေးလည်းဖြတ်တယ်။ WCC ကလည်းသူတို့ဘက်ကလူတွေချည်းပဲ။ အလုပ်ရှင်ပြောသမျှပဲ။ အဓိကကမဖြစ်နိုင်တဲ့အာဝါဒီမတောင်းဖို့ လိုင်းထဲကစူပါတွေလုပ်ချင်တိုင်းမလုပ်ဖို့နဲ့ ဆုကြေးကိုလည်း အာဝါဒီနဲ့မသတ်မှတ်ဘဲ ကျွမ်းကျင်ကြေးအဖြစ်နဲ့သာပေးဖို့တောင်းဆိုချင်ပါတယ်"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ နေစဥ်နေ့တိုင်း meeting အချိန်ကို  ကြိုပြီးနာရီစောပြီး၀င်ပေးရသလို  ထမင်းစားဆင်းချိန်လည်းနာရီ၀က်အပြည့်အ၀မပေးဘဲ  ထမင်းစားနားရသလို  စူပါတွေမှလည်း လိုင်းသားတွေကို "စောက်" ဆိုတဲ့အသုံးအနှုန်းတွေသုံးပြီးပြောသလို သန့်စင်ခန်းသွားလို့ ၃ ကြိမ်ပြည့်သွားပါက ပိုက်ဆံတောင်းတယ်လို့ဆိုပါတယ်။ 
 
စက်ရုံမှာအာဝါဒီ ခေါ် သတ်မှတ်စံချိန် အလုပ်သမားတွေ မလုပ်နိုင်တဲ့ ပမာဏထိ သတ်မှတ်ထားပြီး ဆုကြေးကို သတ်မှတ်စံချိန်ပြည့်မှ ပေးမယ်ဆိုတာကြောင့် စံချိန်မပြည့်သူတိုင်း ဆုကြေးဖြတ်တောက်ခံရတာကြောင့်  ဆုကြေးကိုကျွမ်းကျင်ကြေးအဖြစ်နဲ့သာသတ်မှတ်ဖို့၊   စူပါတွေအနေနဲ့ လုပ်ချင်သလိုမလုပ်ဖို့နဲ့ အာဝါဒီ (စံချိန်) ကို မတရားမတောင်းဖို့ဆိုပြီး အလုပ်သမားတွေက တောင်းဆိုထားတာပဲဖြစ်ပါတယ်။  

"အိုတီ ကို အချိန်အမှန်တကယ်ပေးနိုင်မှလက်မှတ်ထိုးစေပြီး အလုပ်ချိန်ကိုလဲသူတို့သတ်မှတ်ထားတဲ့ ၈ နာရီ ကနေ ၄ နာရီ ၃၀ အထိတိတိကျကျလေးဖြစ်စေချင်ပါတယ် ပြီးတော့ ခေါင်းဆောင်တွေဘက်ကလဲ စကားပြောရင်ရိုင်းစိုင်းစွာမပြောဖို့နဲ့..လစာကိုလဲမှန်မှန်လေးပေးစေချင်ပါတယ်။ အာဝါဒီက ဂျပ်ပင်ခဲ တို့ရတဲ့ ပွိုင့်ဆိုရင် တစ်စည်းမှာ ကြိုး၁၀၀ပါတယ် ၆ မိနစ်ကို၂စည်းပြီး ရမယ်တဲ့..အဲ့လိုပြီးမှသူတို့သတ်မှတ်ထားတဲ့ဆုကြေးပေးမှာတဲ့ အဲ့လိုရဖို့ကို သူတို့ကိုယ်တိုင်လုပ်လည်းမရပါဘူး။ မိုရိုက်တဲ့ပွိုင့်ဆို..တနာရီ ၁၀၀၀ တောင်းတယ် အဲ့ပွိုင့်ကသူတွေကလဲ အများဆုံးရရင်တစ်နာရီ ၈၀၀ပဲရတယ် အဲ့တာကိုလက်မခံဘူး.တရုတ်တွေက အလုပ်ထွက်သွားတဲ့သူတွေ ရက်ပေါင်ကြေးလာထုတ်ရင်မပေးပါဘူး"လို့  အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဆိုပါ စက်ရုံဟာ ဖွင့်လှစ်လည်ပတ်တာ ၆ လဝန်းကျင်သာရှိသေးပြီး စက်လိုင်း ၅ လိုင်းမှာ အလုပ်သမား ၂၅၀ ကျော်နဲ့ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။ 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026