NEWS

Mai Yi Bei (Yangon) အော်စူပါ လာဘ်ယူ အလုပ်ခန့်၊ အလုပ်သမားလစာပါ ဖြတ်ယူ

CoverLogo
418 Views
 
Mai Yi Bei (Yangon)Garment Manufacturing Co,Ltd အထည်ချုပ်စက်ရုံ အောစူပါက လာဘ်ယူပြီး အလုပ်ခန့်တဲ့အပြင် အလုပ်သမားလစာ ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ အောစူပါကို တစ်ရုံလုံး အောစူပါ အဖြစ် စက်ရုံတာဝန်ရှိသူတွေက ရာထူးတိုးပေးပြီး အချိန်ပိုနဲ့ လုပ်သားခေါ်ယူတာတွေ တာဝန်ခံ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကိုအလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံမှာက ကလေးလုပ်သမားတွေကို လာဘ်ပေးလာဘ်ယူလုပ်ပြီး အလုပ်ခန့်တဲ့ အော်စူပါ ရှိပါတယ်။ အဲဒီ အော်စူပါက စက်ရုံ အချိန်ပိုဆို သူပဲ ခေါ်တယ်။ တစ်ရုံလုံး အော်စူပါ အဖြစ် စက်ရုံက ရာထူးတိုးပေးတယ်။ စက်ရုံမျာ အလုပ်သမားလိုလို့ ခေါ်မယ်ဆိုလည်း သူပဲ ခေါ်ပါတယ်။ စက်ရုံမှာ အသက်မပြည့်တဲ့ အလုပ်သမားလေးတွေကို အလုပ်ခန့်ပါတယ်။ လစာထုတ်တိုင်း အော်စူပါက သူလိုချင် အိမ်သုံးပစ္စည်းတွေက စပြီး ပုဇွန်ခြောက်အထိ ဝယ်ပေးရပါတယ်.” လို့ ပြောပါတယ်။
 
ဇွန်လ ပထမအပတ်က စက်ရုံကို ကုန်အမှတ်တံဆိပ်ဘက် စစ်ဆေးခဲ့ပြီး အချိန်ပို အော်လင်း၊ အော်နိုက်ခိုင်းစေတာတွေနဲ့ ကလေးလုပ်သားတွေကို စက်ရုံဘက်က ဝှက်ထားတာကို တွေ့ရှိပြီး ကလေးအလုပ်သမားတွေဖြစ်တာကို အတည်ပြုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အခုလို ကိစ္စတွေ ရှိပေမဲ့ အော်စူပါက ခေါင်းဆောင်ပိုင်းတွေကို ရာထူးတိုးပေးပြီး လစာထုတ်တိုင်း လစာရှင်းတမ်းမပေးဘဲ လစာထဲက သိန်းဂဏန်း ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"စက်ရုံမှာ လီတာတွေကနေ စူပါတွေ ရာထူးတိုးပေးတာရှိတယ်။ လစာထုတ်ရင် လစာကို ပေးစလစ်(ရှင်းတမ်း) မပေးတော့ဘူး၊ ရော့ ဒီမှာ နင့်လစာ ဥပမာ ငါးသိန်း ဘယ်သူမှမပြောနဲ့ နင့်ကို အများဆုံးပေး ထားတယ်ဆိုပြီး ပြောပြီးပေးပါတယ်။ တကယ်ရတဲ့ လစာက ဒီထက်များတယ်။ ရုံးပေါ်က ပေးတဲ့ လစာစာရွက်မှာ ၇ သိန်းဖြစ်နေတယ်။ စူပါတစ်ယောက်စီက အနည်းဆုံး တစ်သိန်းကနေ နှစ်သိန်းကြား ဖြတ်ပြီးယူတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ လက်ဗွေနိုပ်စက်မှာ လက်ဗွေမှတ်တမ်း မဝင်လို့ တကြိမ်ကို ကျပ် ၅၀၀ ဖြတ်တောက်တဲ့ အပြင် အလုပ်ဝင်ချိန် အနည်းငယ် နောက်ကျပါကလည်း အဲလို ငွေကြေး ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အော်တစ်ဝင်သွားတော့ လက်ဗွေနိုပ်မထင်သူတွေ၊ အလုပ်ဝင် မိနစ်အနည်းငယ်နောက်ကျသူတွေကို ဒါကို လက်ခံကြောင်း၊ သိရှိကြောင်း၊ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ အ ဖြတ်ခံရတဲ့ ပိုက်ဆံတွေကိုတော့ ဘာမှပြန်မလုပ်ပေးဘူး။ လက်ဗွေ နိုပ်တာ ထင်/မထင် မသိနိုင်ဘူး။ လူကအများကြီး နိုပ်နေကြတာ စက်ချို့ယွင်းမှုလည်း ရှိတာပဲ။ ဒါပေမဲ့ အလုပ်သမားတွေဆီကဲ ငွေတွေ ဖြတ်နေတာ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Mai Yi Bei (Yangon)Garment Manufacturing Co,Ltd (ခေါင်းသုံးလုံး) အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းက တရုတ် နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ စက်ရုံမှာ mister lady , clevercare. Info , ALCOTT , ORIGINAL MARINES တံဆိပ်အထည်တွေကို လုပ်သား ၁၀၀၀ ကျော်က ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026