NEWS

Mai Yi Bei (Yangon) အထည်ချုပ် အထည်စံချိန် အလွန်အကျွံတောင်းခံ၊ အခကြေးငွေမပေးဘဲ အချိန်ပိုလုပ်ကိုင်ခိုင်း

CoverLogo
903 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း တွင်ဖွင့်လှစ်ထားသော Mai Yi Bei အထည်ချုပ်စက်ရုံမှာ အထည်စံချိန် အလွန်အကျွံတောင်းခံပြီး မရပါက အချိန်ပိုဆင်းကာချုပ်လုပ်ပေးနေရပြီး အချိန်ပိုကြေးပေးချေခြင်း မရှိလို့ ဖြေရှင်း ပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီးအလုပ်သမား(၅၀၀)ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေကာ Sinsay အမှတ်တံဆိပ် ဝေဖာသားအမျိုးသမီးဝတ်စကပ်များချုပ်လုပ်နေတာလို့ သိရပါတယ်။

"စက်ရုံက တစ်ကတ်ကြေး thicket နဲ့ ချုပ်တာလို့ပြောထားပြီး စတိုလ်တစ်ခုဝင်လာပြီးဆို ဘယ်ပွိုင့်ကအထည်ဈေးဘယ်လောက်လဲဆိုတာ အလုပ်ရှင်ဘက်ကသတ် မှတ်ပေးထားတာ မရှိဘဲ အလုပ်သမား ဘက်က အထည်စံချိန်ဘယ်လောက်ပေးရမလဲဆိုတာပဲ ပြောတာ စက်လိုင်းထဲမှာလည်း တရုတ်နိုင်ငံသူတရုတ်အမျိုးသမီးနဲ့ နည်းပညာဆရာဆိုသူကအုပ်ချုပ်ပြီး တစ်ခြားဌာန တွေကိုစက်ရုံလူယုံ ရှမ်းတရုတ်တစ်ယောက်ဖြစ်သူ အားရှန်ဆိုသောလူကအုပ်ချုပ်ပါတယ် အလုပ်သမား တွေကို ကိုမချုပ်လုပ်နိုင်တဲ့ အထည်စံချိန် တွေ မတရားတောင်းခံ နေတာပါ စက်လိုင်းတစ်လိုင်းက အလုပ်သမား(၅၀) ကို တစ်နာရီကိုလိုင်းပေါက်အထည် (၅၀)တောင်းတာ အလုပ်ရှင်ဘက်က တစ်ဖက်သတ်တောင်းခံတာ အဲ့ဒီ အထည်စံချိန်က အလုပ်သမားတွေ ချုပ်လို့ မရနိုင်သောစံချိန် ပါ အလုပ် ရှင်ဘက်မှတောင်းခံသောစံချိန်မရရင် အလုပ်လွှတ်ချိန်အိမ်မပြန်ရသေးဘဲ အချိန်ပိုအိုတီကိုညနေ၆နာရီ ကနေ ၈နာရီအထိအလကားဆင်းပေးပြီး အထည်စံချိန်ပြည့်အောင်ဖိအားပေးချုပ်ခိုင်းတယ်"လို့ အလုပ်သမားကပြောပါတယ်။

လိုင်းအလိုက် အထည်စံချိန်ကို လအလိုက်သတ်မှတ်ထားပြီး ထိုစံချိန်မပြည့်ပါကလည်း လစာများ ဖြတ်တောက်ခံရတယ်လို့အလုပ်သမားကပြောပါတယ်။

" တခြားဌာနတွေမှာလည်း အထည်ကြေးပေးမယ် ဆိုပြီး ချုပ်ခိုင်းတာရှိတယ် အလုပ်သမားတွေကလည်း မနားဘဲ အချိန်ပြည့်မနားမနေချုပ် လည်းအထည်ကြေးက ၁ သောင်းမပြည့်ဘူး" လို့ အလုပ်သမားကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ် သမား ၅၀ ကျော် ခိုင်းစေနေပြီး အလုပ်တရက်ပျက်ပါက အလုပ်ကထုတ်ပယ်တာတွေပြုလုပ်ပြီး လုပ်သက် ၃ လ ကျော် အလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိဘဲ အလုပ်ထုတ်ခြင်း ပြန်ခန့်ခြင်းများ မကြာခဏပြုလုပ်မှုတွေလုပ်ဆောင်တာကြောင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို အလုပ်သမားများယူလျှင်လည်း စူပါများကအငြိုးအတေးထားခြင်းကြောင့် အလုပ်သမားများ ကခွင့်မယူရဲခြင်း၊ မတတ်သာလို့ခွင့်ယူလျှင်လည်း ဒေးကြေး(၅၆၀၀)၊ရက်မှန်ကြေး(၂၀၀၀၀)ကျပ်ဖြတ် တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

 "မကြာသေးခင်ကလည်းစက်ရုံမှာအော်ဒါပါးလို့ဆိုပြီး အလုပ်ကိုတစ်ရက်ဆင်းတစ်ရက်နား လုပ်ခိုင်းတယ် တကယ်အော်ဒါတွေပြန်ရရင်နားထားတဲ့ရက်အတိုင်း အစားထိုးပြန်ဆင်းပေးရမယ်လို့အလုပ် ရှင်ဘက်ကပြောပါတယ် အလုပ်ရှင်ဘက်က အလုပ်သမား တွေနဲ့ ညှိနှိုင်းဆွေးနွေးတာ မရှိဘဲသူ့သဘောနဲ့ သူပြောတဲ့အတိုင်းလုပ် မလုပ်ချင်ရင် အလုပ်ထွက်ဆိုတဲ့ပုံစံမျိုးပြောပါတယ် အလုပ်သမား တွေ သုံးတဲ့ အိမ်သာ တွေလည်း သန့်ရှင်းမှုမရှိ ပါဘူး" လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်များကိုခံစားခွင့်ပေးရန်နှင့် ခွင့်ယူပါကကြီးကြပ်သူများမှအငြိုး အတေးမထားရန်၊ ၃လပြည့်ပြီးသောအလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်၊ စံချိန်များတောင်းခံရာတွင် အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်၊ အလုပ်သမားများကို အချိန်ပိုအိုတီကြေးပေးရန်နှင့် အချိန်ပိုအိုတီအလကားမဆင်းခိုင်းရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026