NEWS

Mai Yi Bei Garment ပိတ်ရက်အပြန်နောက်ကျသည်ဆိုကာ ဒေကြေးမပေးဟု ပြောဆို

CoverLogo
820 Views

ရွှေလင်ဗန်းစက်မှုဇုန်က Mai Yi Bei Garment Manufacturing Co,.Ltd အထည်ချုပ်စက်ရုံက သီတင်းကျွတ်ပိတ်ရက် နေရပ်ပြန်အလုပ်သမားတွေကို အလုပ်ပြန်ဝင်တာ တစ်ရက်နောက်ကျလို့ ဆိုပြီး အလုပ်ရှင်ဘက်မှ သီတင်းကျွတ်ပိတ်ရက်အတွက် ဒေးကြေးကိုမပေးဘူးလို့ ပြောဆိုနေတယ်လို့ သိရပါတယ်။  

“သတင်းကျွတ်ပိတ်ရက် ရွာပြန်ကြတာ၊ ပြန်လာတော့ တရက် နောက်ကျတာ။ အဲ့ဒါကို ပိတ်ရက်အတွက် ဒေးကြေးမပေးဘူးလို့ ပြောနေတာ။ ပိတ်ရက် ငါးရက်ဆိုလည်း ရမဲ့ ဒေးကြေးက စားစာရိတ်ဆိုရင်  တပတ်စာမက ဘူး “ လို့ ပြောပါတယ်။  

လုပ်ခလစာအနေနဲ့ တောက်ပံကြေးအပါ ဒေးကြေး တရက် ၇၈၀၀  ဖြစ်ပြီး အချိန်ပို တနာရီလုပ်ခကတော့ ၁၅၀၀  ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ ဒီစက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး  အလုပ်သမား ၁၂၀၀ကျော်နဲ့  ORIGINAL MARINES ၊ ALCOTTတံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။  

စက်ရုံဘက်က အလုပ်သမား ဥပဒေပါ ခွင့်ရက်တွေ မပေးဘဲ အထည်စံချိန်  တနာရီ အထည် ၄၀ အထိ ထောင်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။   အောစူပါ၊ စူပါတွေက  အထည်စံချိန်ကို ဆဲဆိုတောင်းပြီး  တစ်ရက် အတွက် စံချိန်မပြည့်ပါ အချိန်ပို အောလင်း၊ အောနိုက် အပြင် တနင်္ဂနွေ‌နေ့တွေမှာ  လုပ်ခမရဘဲ အချိန်ပို လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့  လူရွယ်အလုပ်သမား အများအပြားကို ဆေးထောက်ခံချက်  မပါဘဲ သက်ပြည့် အလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေနေတယ်လို့လည်း သိရပါတယ်။ စက်ရုံကို အလုပ်သမား စစ်ဆေးရေးအဖွဲ့တွေနဲ့ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေ လာရောက် စစ်ဆေးပါက လူရွယ်အလုပ်သမားတွေကို  စက်ရုံဘက်က အလုပ်နားခိုင်းထားတယ်လို့ သိရပါတယ်။    
 
“ စက်ရုံ ဖယ်ရီကားမှာက မတန်တစ တင်တော့ ကျပ်ကျပ်ညှပ်ညှပ် နဲ့ စီးနေရတာ၊ ဒါလည်း ဘာမှ မလုပ်ပေးဘူး၊ လက်ဆွဲကဒ် စက်ရိုက်လို့ မဝင်ဘူးဆို ၁၀၀၀ ပေးရတယ်။ ဆိုးတာကတော့  စက်ရုံအိမ်သာတွေ   ညစ်ပတ်နေတာထက်  အိမ်သာတံခါး ပျက်နေတာ၊ ဘာမှမလုံခြုံဘူး “ လို့ အလုပ်သမားတဦးက ပြောပါတယ်။  

Mai Yi Bei Garment  အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ရတာ အဆင်မပြေလို့ အလုပ်ထွက်ပါကလည်း  ထောက်ပံကြေးထည့်မပေးဘဲ တရက် လုပ်ခ ၅၈၀၀ နဲ့ပဲ ရှင်းပေးတယ်လို့ လုပ်ခလစာ အပြည့်အဝ မရကြဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026