NEWS

MADE In Myanmar Project ကို အလုပ်သမားတပ်ပေါင်းစုကန့်ကွက်

CoverLogo
1.5K Views

ဂျာမနီအခြေစိုက် ဖွံ့ဖြိုးရေးအဖွဲ့အစည်း Seaqua  နဲ့ ဥရောပ ကုန်သည်များအသင်း -မြန်မာ  EUROCHAM MYANMAR  တို့ ပူးပေါင်းကာ လုပ်ငန်းအကောင်အထည်ဖော်မယ့် MADE In Myanmar  ပရောဂျက်ကို မတ်လ ၁၆ ရက် မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီ MADE  စီမံချက်ကို “မြန်မာနိုင်ငံရှိ အထည်အလိပ် အထည်ချုပ် ဖိနပ် အိတ်ချုပ် လုပ်ရေးကဏ္ဍများတွင် သင့်တင့် ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး”ရည်ရွယ်ချက်နဲ့  ပြုလုပ်သွားမှာ ဖြစ်ပြီး စီမံကိန်းကို ဥရောပသမဂ္ဂ ရဲ့ ပင်မသုံးစွဲရန် လျာထားငွေ ယူရို ၃ သန်းနှင့် ပုဂ္ဂလိက ကုန်အမှတ်တံဆိပ်များမှ ဖြည့်စွက်ရရှိသည့် ငွေများဖြင့် အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အခုလို မြန်မာနိုင်ငံမှာ ပြုလုပ်သွားမယ်ဆိုတဲ့ MADE In Myanmar  ပရောဂျက်ဟာ  အလုပ်ရှင်တွေ နဲ့ ပစ္စည်းအပ်တဲ့ အမှတ်တံဆိပ်တွေရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်မယ့် လုပ်ရပ်တစ်ခုဖြစ်တာကြောင့် ကန့်ကွက်တယ်လို့ အလုပ်သမားတပ်ပေါင်းစုက ကြေညာပါတယ်။

အလုပ်သမားတပ်ပေါင်းစုမှာ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂ တွေနဲ့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပါတာဖြစ်ပါတယ်။

“Made  project ကိုကန့်ကွက်ရတာက ဘာကြောင့်လဲဆိုရင် ဒီပရောဂျက်က အလုပ်ရှင်တွေနဲ့ ပစ္စည်းအပ်တဲ့ ဘရန်းတွေရဲ့ အကျိုးစီးပွား အတွက် ကျွန်မတို့ အလုပ်သမားတွေကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ပြီး အကျိုးစီးပွားရှာမယ့် ပရောဂျက်တစ်ခုဖြစ်တယ် ဒါကြောင့် ကျွန်မတို့ ကန့်ကွက်တာဖြစ်တယ်”

“ဘာဖြစ်လို့ အလုပ်သမားတွေပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တယ်လို့ ပြောရတာလဲ ဆိုရင် ဒီစီမံချက်ကို အကောင်အထည်ဖော်တာ က ဥရောပ အလုပ်ရှင်များအဖွဲ့ပေါ့နော် မြန်မာနိုင်ငံကနေ လုပ်တာဖြစ်တယ် နမူနာတစ်ခုပြောရရင် ၂၀၂၁ တုန်းက စက်ရုံပေါင်း ၁၄၀ ပိတ်တယ် အဲ့လိုပိတ်တဲ့အခါမှာ ကျွန်မတို့ အလုပ်သမားတွေကို ယာယီပိတ်တယ်လို့ ပြောတယ် အခုထိ မဖွင့်သေးတဲ့စက်ရုံတွေအများကြီးပဲ အဲ့တော့ ဘာလုပ်လဲဆိုရင် စက်ရုံပိတ်တယ်ဆိုရင် အလုပ်ရှင်တွေက အလုပ်သမားတွေကို လျော်ကြေးပေးရမှာစိုးတဲ့အတွက်ကြောင့် အလုပ်သမားတွေကို ယာယီပိတ်တယ်လို့ ပြောလိုက်တယ် ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာမပြောဘူး တချို့စက်ရုံတွေကို အခုထက်ထိကို မဖွင့်သေးဘူး တချို့စက်ရုံတွေဆိုရင် ၆ လ ၇ လလောက်မှ ဖွင့်တယ် အလုပ်သမားတွေကို လစာမပေးဘူး ပျက်ကွက်ခဲ့တယ်”လို့ ဒေါ်ခိုင်ဇာအောင် ၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်   IWFM က ဆိုပါတယ်။

“ဒီစီမံချက် Made in Myanmar project ကို SMART Myanmar လို့လည်းပြောလို့ရတယ် ဒီစီမံချက်က စမတ် မြန်မာကနေ ဆက်လုပ်မှာပေါ့နော် အဲ့တော့ စမတ် မြန်မာက ဘရန်းတွေလည်းပါပြီးတော့ စက်ရုံ ၂၀၀ မှာ လုပ်နေပါရက်နဲ့ ဒီစက်ရုံ ၂၀၀ မှာ ပိတ်သွားတဲ့စက်ရုံတွေအများကြီးရှိတယ် ဘယ်သူတွေပိတ်သွားလဲဆိုတာသူတို့တွေလည်းသိပါလျှက်နဲ့ အလုပ်သမားတွေ လစာမရခဲ့ဘူးဆိုတာ သိလျှက်နဲ့ အလုပ်သမားတွေအတွက် ဘာမှ မလုပ်ပေးခဲ့ဘူး အလုပ်သမားတွေသူတို့ ရပိုင်ခွင့်ရှိတဲ့ ရပိုင်ခွင့်တွေ ရအောင် မလုပ်ပေးခဲ့ဘူး”

“သူတို့ဒီ ဟာကို ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့ ဘရန်းစက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ် အဲ့အခါမှာ ဘာကူညီပေးလဲ ဘာမှ မကူညီပေးခဲ့ဘူး သူတို့ကို တိုင်ကြားလို့ ရတယ်လို့ ပြောတဲ့အခါမှာလဲ ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိဘူး ဘာလို့ ဖြေရှင်းမပေးနိုင်လဲဆိုတော့ သူတို့မှာ အဲ့လို လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို မရှိတာ သို့သော်လည်း ဒီပရောဂျက်ကို လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေ အတွက်ကို မြန်မာနိုင်ငံမှာရှိတဲ့အ လုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအရေးလှုပ်ရှားတဲ့သူတွေနဲ့ ကျွန်တော်တို့က ပူးပေါင်း လုပ်နေပါတယ် အလုပ်သမားအခွင့်အရေးတွေကို အကာအကွယ်ပေးနေပါတယ် ဆိုတာကို အပြည်ပြည်ဆိုင်ရာမှာ ပြပြီးတော့ ကျင့်ဝတ်နဲ့ ညီတဲ့ အလုပ်ရှင်တွေ ဖြစ်တယ်ဆိုတာကို လိမ်ညာ ခြင်းဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်နေတာဖြစ်တယ်” 

“အဲ့လိုမျိုးလုပ်နိုင်ဖို့ အတွက်ကို စီမံထားတဲ့ ပရောဂျက်တစ်ခုဖြစ်တယ်လို့ ကျွန်မပြောချင်တယ်” လို့ ယင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီးနောက်ပိုင်းမှာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ကို တရားမဝင် အဖွဲ့အစည်းတွေအဖြစ် စစ်တပ်က ကြေညာခဲ့ပြီး ဖမ်းဆီး အကျဉ်းကျခံနေရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ နဲ့ သေဆုံးခဲ့ရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေလည်း အမြောက်အများရှိနေတာပါ။

လက်ရှိ ပြည်တွင်းမှာ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအနေနဲ့  လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ ၊ ဥပဒေအကာအကွယ်ကင်းမဲ့နေတာ၊ အနည်းဆုံးလုပ်ခလစာဆိုင်ရာ ပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အထွေထွေအကြပ်အတည်းကို ရင်ဆိုင်နေရချိန်မှာ အခုလို စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်မှုဟာ အလုပ်သမားထု ကို လွှမ်းခြုံနိုင်မှုမရှိတဲ့အပြင် မြေပြင်အခြေအနေနဲ့လည်း မအပ်စပ်တာကြောင့် ကန့်ကွက်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေက ဆိုထားပါတယ်။

“အဲ့ဒီတော့ ဒီ Made in Myanmar project ကို ကျွန်မတို့ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့သူတွေ  ကန့်ကွက်တယ် ပြီးတော့ ဒီပရောဂျက်သည် စစ်တပ်ကို တရားဝင်မှုရအောင် မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင်မှုရအောင် ပံ့ပိုးနေတဲ့ ပရောဂျက်ဖြစ်တယ် ဘာဖြစ်လို့လဲ ဆိုရင် ဒီပရောဂျက် ကို အကောင်အထည်ဖော်တဲ့ သူတွေက စစ်ကောင်စီ ဆီမှာ သွားပြီးတော့ မှတ်ပုံတင် ပြီးတော့ ရပ်တည် ဖွဲ့ စည်းနေကြတဲ့သူတွေ ဖြစ်တယ် အဲ့တော့ စစ်ကောင်စီနဲ့ ဆန့်ကျင်တဲ့ သူတွေဘယ်သူမှ မြန်မာပြည်မှာ အလုပ်လုပ်လို့ မရဘူး”

“ဒီပရောဂျက်ကနေပြီးတော့မှ စစ်တပ်နဲ့ အလုပ်ရှင်တွေကနေ ထိန်းချုပ်ထားတဲ့ လူမှုရေးဆွေးနွေးပြောဆိုမှုတွေ အလုပ်ရှင်အလုပ်သမားဆွေးနွေးမှုတွေ အလုပ်သမား တွေကို သင်တန်းပေးတယ်ဆိုတာတွေကို သူတို့က လုပ်ပြပါလိမ့်မယ် ဒါပေမယ့် ဒါတွေ အကုန်လုံးက ကျွန်မတို့ အလုပ်သမားတွေအကုန်လုံးအတွက် အကျိုးမရှိဘူးဆိုတာ ကို ပြောကြားလိုပါတယ်”

“ဒီပရောဂျက်သည် စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ ပရောဂျက်လည်းဖြစ်တယ် စစ်ကောင်စီက အလုပ်သမားတွေ သမဂ္ဂတွေအပေါ်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ လုပ်နေတယ်။ အလုပ်ရှင်တွေက စစ်ကောင်စီနဲ့ပေါင်းပြီးတော့ အလုပ်သမားတွေအပေါ်မှာ  အဓမ္မခိုင်းစေတာ အမြတ်ထုတ်တာတွေ ခေါင်းပုံဖြတ်မှုတွေ လုပ်နေတယ်။ ဒါတွေကို အိုင်အယ်အိုကနေ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတဲ့ကာလဖြစ်တယ် ဒီလို ကာလမှာ Made ကနေ ပြီးတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိပါတယ် အလုပ်ရှင် အလုပ်သမားဆွေးနွေးညှိနှိုင်းမှုတွေ ရှိပါတယ်ဆိုတာမျိုးကို ထုတ်ဖော် ပြနေတာ ဟာ ဂုဏ်သိက္ခာမရှိတဲ့ အရှက်တရားကင်းမဲ့တဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်သာဖြစ်တယ် ဒါကြောင့် အီးယူအနေနဲ့ ဒီ MADE ပရောဂျက်ကို အမြန်ဆုံးရပ်ဆိုင်းဖို့ လိုတယ်လို့ ပြောချင်တယ်  ပြီးတော့ မည်သည့် အလုပ်သမားမှ Made in myanmar project နဲ့ စမတ်မြန်မာ ကဆောင်ရွက်နေတဲ့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမပြုပါနဲ့လို့ ကျွန်မတို့ အလုပ်သမားတွေကို အသိပေးချင်တယ်” လို့ ဒေါ်ခိုင်ဇာအောင် ၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်   IWFM က ဆိုပါတယ်။

Statement English Version Download

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026