NEWS

LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး

CoverLogo
454 Views
 
ကျွန်မတို့သည် LZS APPAREL CO.,LTD အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဖြစ်ပါသည်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်၊ သံလွင်လမ်းမှာပါ။ LZS လေးထပ် စက်ရုံလို့ လူသိများပါသည်။
 
လက်ရှိ ကိုရီးယားစက်ရုံမှူးက အလုပ်သမားဥပဒေနှင့် မညီသော ခေါင်းပုံဖြတ်မှုများကို အများပြည်သူနှင့် တာဝန်ရှိသူများ သိရှိစေရန် အောက်ပါအတိုင်း အသေးစိတ် တိုင်ကြားအပ်ပါသည်။
 
၁။ လစာတိုးပေးမည်ဟု ကတိပြုပြီးမှ တစ်ဖက်သတ် ပြန်လည်ဖြတ်တောက်ခြင်း ပထမလတွင် စာရေးမ၊ စူပါနှင့် လီတာများကို လစာတိုးပေးရန် စလစ်များပင် ထွက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လစာထုတ်ခါနီးမှ စာရေးမများကို လစာမတိုးပေးတော့ဟု စက်ရုံမှူးက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ပါသည်။ အလုပ်သမားခေါင်းဆောင်များနှင့် WCC အဖွဲဝင်များကို တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ ၎င်း၏ သဘောဆန္ဒအတိုင်း လုပ်ခလစာကို လျှော့ချခဲ့ခြင်း ဖြစ်ပါသည်။
 
၂။ လုပ်ခလစာစနစ်ကို အလုပ်သမားများ နစ်နာစေရန် အတင်းအဓမ္မ ပြောင်းလဲခြင်း ယခင်က ပုတ်ပြတ်စနစ်ဖြင့် အဆင်ပြေစွာ လုပ်ကိုင်လာသော်လည်း၊ ယခုအခါ အော်ဒါနည်း၍ OT မရှိသည့် အချိန်တွင်မှ "ပုတ်ပြတ် မပေးနိုင်တော့ဘဲ ဒေးကြေး/အိုတီကြေးနှင့်ပဲ ပေးမည်" ဟု အတင်းအဓမ္မ ပြောင်းလဲပါသည်။ အလုပ်သမားများက သင်္ကြန်ကာလကုန်အထိ ပုတ်ပြတ်စနစ်အတိုင်း ဆက်လက်ပေးရန် ညှိနှိင်းသော်လည်း "လက်မခံနိုင်လျှင် နှုတ်ထွက်စာတင်ပါ" ဟု စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ကာ အလုပ်မှ ထွက်သွားစေရန် ဖိအားပေးနေပါသည်။
 
၃။ အချိန်ပို (OT) ကြေး ခေါင်းပုံဖြတ်ခြင်းနှင့် တရားမဝင် ဖြတ်တောက်မှုများ ပုတ်ပြတ်စနစ်သမားများကို OT (၆) နာရီထက်ကျော်လွန် ဆင်းရသည်ရှိသော် OT ကြေး တပြားမှ မပေးပါဟု တရားဝင် ထုတ်ပြန်ထားပါသည်။ All Lin / All Night ဆင်းရလျှင်လည်း Ot ကြေး မပေးလို့ ထိုကိစ္စကို စူပါ၊ လီတာများက သွားရောက်ပြောဆိုသောအခါ "အလုပ်နည်း၍ ၄ နာရီသာ ဆင်းရသည့်ရက်များရှိလျှင် ကျန် ၂ နာရီစာကို အခြေခံလစာထဲမှ ပြန်ဖြတ်မည်" ဟု ဥပဒေနှင့်မညီသော ဖြတ်တောက်မှုများ ပြုလုပ်မည်ဟု ထပ်မံ ခြိမ်းခြောက်ပါသည်။
 
၄။ စက်ရုံဘက်မှ ပိတ်ရက်များကို ဝန်ထမ်းများ၏ OT နှင့် ပြန်လည်ခုနှိမ်ခြင်း အော်ဒါမရှိ၍ စနေ၊ တနင်္ဂနွေကို စက်ရုံဘက်မှ ပိတ်ခြင်းဖြစ်သော်လည်း၊ အဆိုပါ ပိတ်ရက်များအတွက် ဝန်ထမ်းများ ဆင်းထားသော OT နာရီများကို ပြန်လည်ဖျက်သိမ်းကာ အစားထိုး နှိမ်ခြင်းများ ပြုလုပ်နေပါသည်။ ၎င်းပိတ်ရက်များသည် ဝန်ထမ်းများ တောင်းဆိုခြင်းမဟုတ်ဘဲ စက်ရုံဘက်မှ အော်ဒါမရှိ၍ ပိတ်ခြင်းသာ ဖြစ်ပါသည်။
 
၅။ မမျှတသော ဒေးကြေးနှင့် ရက်မှန်ကြေး ဖြတ်တောက်မှုများ ယခင်က ဒေးကြေး (၁၀၃၀၀) နှင့် ပိတ်ရက်ခံစားခွင့် (၇၈၀၀) ပေးခဲ့ပါသည်။ ယခုအခါ ပိတ်ရက်ပါ (၁၀၃၀၀) ပေးမည်ဟု ဆိုသော်လည်း၊ အကယ်၍ ရက်တစ်ရက် ပျက်ကွက်ပါက နေ့စားခ (၁၀၃၀၀)၊ ရက်မှန်ကြေး (၄၀၀၀၀) ပြုတ်မည့်အပြင်၊ ပိတ်ရက်ခံစားခွင့်များကိုပါ (၇၈၀၀) နှုန်းဖြင့်သာ လျှော့ချရှင်းပေးမည်ဟု အလုပ်သမားများအား အကြပ်ကိုင်ထားပါသည်။
 
စက်လိုင်း All Super ခင်မာဝေ (ခေါ်)ထွေးထွေးသည် ဝန်ထမ်းများ၏ နစ်နာမှုများကိုလှစ်လျူရှု၍ “စက်ရုံမှူး စီစဥ်တဲ့ အတိုင်း လိုက်နာရမည်ဖြစ်ကြောင်း မလိုက်နာနိုင်တဲ့သူ အလုပ်ထွက်ဟု” ဟု ပြောဆိုပါသည်။
 
ဝန်ထမ်းတွေရဲ့ Gradeကြေး များကိုလည်း ၆လ တစ်ခါမှတိုးပေးမည် ဖြစ်ကြောင်း စက်ရုံမှုးမှ ပြောဆို နေပြန်သည်။ ဒါပေမဲ့ လက်ရှိ စက်ရုံမှူးက အမျိုးမျိုးလစာပြောင်းလဲကာ လစာအားခေါင်းပုံဖြတ်မှုများ ဆက်တိုက် ဖြစ်နေပါသည်။
စက်ရုံမှူးမှ Gate pass သုံးခါယူရင် သော်လည်းကောင်း ၊ သုံးကြိမ်နောက်ကျလျှင်သော် လည်းကောင်း ရက်မှန်ကြေး ၄၀၀၀၀ ဖြတ်တောက်မည်ဟု ပြောပါသည်။ စက်လိုင်း အလုပ်သမားများနှင့် other section က အလုပ်သမားတွေကြား ခွဲခြားဆက်ဆံမှုများလည်း အမြဲရှိပါသည်။ စက်ရုံမှထုတ်ပြန်ထားချက်တွေ ကိစ္စရပ်များ ပြောဆိုရာတွင် Other Section များအား အမြဲချန်ထားပါသည်။
 
အထက်ပါအချက်များသည် အလုပ်သမားများ၏ ရပိုင်ခွင့်များကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်နေခြင်း ဖြစ်ပါသဖြင့် သက်ဆိုင်ရာဌာနများမှ စစ်ဆေးအရေးယူပေးပါရန်နှင့် ကူညီဖော်ပြပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026