NEWS

LUCKY FORTUNE GARMENTစက်ရုံ ခွင့် မပေးဘဲ ရက်ပျက်ပါက ရပိုင်ခွင့် ဖြတ်တောက်

CoverLogo
875 Views

  LUCKY FORTUNE GARMENT စက်ရုံ က ခွင့် မပေးဘဲ ရက်ပျက်ပါက ရပိုင်ခွင့်တွေ ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ကလေးအလုပ်သမားများကိုလည်း ဥပဒေပါ အလုပ်ချိန်ထက် ကျော်လွန်ပြီး တခြားလုပ်သားတွေနဲ့ ခိုင်းစေပြီး စံချိန်မတရားတောင်း ခိုင်းစေနေတယ်လို့ သိရပါတယ်။  

အလုပ်သမားဥပဒေမှာ သတ်မှတ်ထား ခွင့်ရက်တွေကိုလည်း စက်ရုံအလုပ်သမားတွေ တန်းတူခံ စားခွင့်မရရှိပဲ ကြီးကြပ်သူတွေနဲ့ နီးစပ်သူတွေ တချို့သာ ခွင့်ရပေးပြီး ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ စူပါတွေနဲ့အမျိုးတော်တဲ့သူ အဆင်ပြေတဲ့သူတွေကတော့ ခွင့်ရကြတယ်။ စူပါကို ပြန်ပြောဖူးတဲ့ အလုပ်သမား တွေဆိုရင် ဘယ်လိုခွင့်မှ မရတာ၊ ခွင့်တိုင်ပြီး အလုပ်ရင်တောင် ရက်ပျက်လို့ သတ်မှတ်တယ်။ လစာထုတ်ရင် အလုပ်တစ်ရက်ပျက်လို့ ဒေးကြေး ၅၈၀၀ ကျပ်၊ ရက်မှန်ကြေး ၁၀၀၀၀ ဖြတ်ခံတယ်” လို့ စက်ရုံ အလုပ်သမား တဦးက ပြောပါတယ်။ 

LUCKY FORTUNE GARMENT စက်ရုံကတော့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ ဆရာဦးထွန်းလမ်းမှာ ရှိပြီး လုပ်ငန်းထဲကအသက်မပြည့်တဲ့ လူငယ်၊ လူရွယ် ကလေးလုပ်သမားတွေကို ဥပဒေမှာ ခွင့်ပြုတဲ့ အလုပ် အချိန်အတိုင်း ခိုင်းစေတာမရှိဘဲ တခြားအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ အဲဒီကလေး လုပ်သားတွေကို အထည်စံချိန်တန်းတူ တောင်းပြီး ဖိနှိပ် ပြောဆိုနေတယ်လို့လည်း သိရပါတယ်။ 

အထည်စံချိန်တောင်းခံရာမှာ လိုင်းအလိုက် စံချိန်တောင်းပြီး စက်တလိုင်းကို တနာရီ အထည် ခြောက်ဆယ် ဝန်းကျင် ပြီးစီးအောင် ချုပ်ခိုင်းနေတာလို့ ဆိုပါတယ်။ အထည်စံချိန်ကို အလုပ်သမားတွေ မပေးနိုင်ပါက စူပါ ကြီးကြပ်သူတွေက အော်ဟစ် ဆဲဆိုပြီး အလုပ်သမား အချင်းချင်း ခွဲခြားဆက်ဆံခံရတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။   

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း LUCKY FORTUNE GARMENT စက်ရုံဟာ အလုပ်သမားတွေအပေါ် ချိုးဖောက်မှု အမြောက်အများရှိခဲ့တာကြောင့် Myanmar Labour News မှာ အကြိမ်ကြိမ်သတင်းဖော်ပြခံခဲ့ရတဲ့ စက်ရုံဖြစ် ပါတယ်။ စက်ရုံဟာ မြန်မာနိုင်ငံသားခံယူထားတဲ့ တရုတ်လူမျိုးပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ TULTEX၊ EUNCENTRO စတဲ့ အမှတ်တံဆိပ်တို့ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

LUCKY FORTUNE GARMENT စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ ခွင့်ရက်၊ ဆေးခွင့်တွေကို တန်းတူ ပေးဖို့ စူပါတွေ ဆဲဆို အော်ဟစ် ရိုင်းစိုင်းစွာ ပြောဆိုတာတွေ မလုပ်ဖို့နဲ့ အလုပ်သမားအချင်းချင်း ခွဲခြား ဆက်ဆံတာတွေ မလုပ်ဖို့ လိုလားတယ်ဆိုပြီး ပြောဆိုထားပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026