NEWS

LITA MYANMAR အထည်ချုပ် သန့်စင်ခန်းသွားခွင့် အတင်းအကျပ် ပိတ်ပင်ပြီး သတိပေး လက်မှတ်ထိုးခိုင်း

CoverLogo
735 Views
 
LITA MYANMAR အထည်ချုပ်စက်ရုံ မန်နေဂျာဆိုသူက သန့်စင်ခန်းသွားတဲ့ အလုပ်သမားတွေကို ကန့်သတ် ပိတ်ပင်ပြီး အတင်းအကျပ် သတိပေးလက်မှတ်ထိုင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အိမ်သာသွားလည်း မန်နေဂျာက လက်မှတ်ထိုးခိုင်းတယ်။ အလုပ်သမားတစ်ယောက် သုံးလေးခါ လောက် အိမ်သာသွားရင် ဝမ်တိန်ထိုးခိုင်းတာပဲ။ မန်နေဂျာက အလုပ်ဝင်စဆိုတော့ အလုပ်သမားတွေကို အတင်းအကျပ်တွေလုပ်နေတာ။ အလုပ်သမားတွေရဲ့ ကျန်းမာရေးကိစ္စတွေကို လိုက်ပြီးပိတ်ပင်နေတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
သန့်စင်ခန်း(အိမ်သာ) တံခါးတွေထုပြီး လိုက်လံခေါ်ယူပေမဲ့ သန့်စင်ခန်းတွေကတော့ သန့်ရှင်းမှုမရှိဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“ လုံခြုံရေးတွေကို လည်းလိုက်ကြည့်ခိုင်း၊ အဲဒါမှမဟုတ်ရင် Hrမန်နေဂျာကိုတိုင်က လိုက်ကြည့်ပြီး တံခါးတွေ လိုက်ခေါက်တယ်။ အိမ်သာကန်တွေ လျှံနေတာက ထမင်းစားဆောင်နဲ့ နီးတော့ ၊ အဲ့ အနံတွေ နံနေရော ၊ ဒါမျိုးတော့ လုပ်မပေးဘဲ အလုပ်သမားတွေ အိမ်သာသွားတာကို ဝမ်တိမ်လက်မှတ်ထိုးခိုင်းတာ။” လို့ ပြောပါတယ်။
 
စက်ရုံ သူဌေးဆိုသူက အလုပ်သမားတွေကို တနေကုန် စောင့်ကြည့်ပြိး အကျဥ်းသားတွေလို့ ဆက်ဆံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ သင်္ကြန် ပိတ်ရက်အပြီး အလုပ်မရှိလို့ ပြန်လွှတ်ရာမှာလည်း ကြိုပို့ယာဉ် စီစဉ်မပေးဘဲ finishing က အလုပ်သမားတွေမှာ နှစ်ရက်ဆက် ကိုယ်အစီစဥ်နဲ့ကို ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နှစ်ရက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်ရတယ်။ တကယ်ဆို ဖယ်ရီကားတွေလည်း ကျပ်နေတာပါ။ တွယ်စီးရတယ်၊ တနင်္ဂနွေနေ့ အချိန်ပို ခေါ်လည်း ဖယ်ရီ မပေးဘူး။ ကိုယ်အစီစဥ်ကိုယ် ဆင်းခိုင်းတယ်။ အချိန်ပို မဆင်းလည်း ပြောဆိုခံရတယ်။ ဒါကို WCC တွေလည်း သိနေတာကို ဘာမှ ပြောမပေးဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တခြား စက်ရုံတွေမှာ ဒေးကြေး ကျပ် ၁၀၀၀၀ ပေးနေပေမဲ့ LITA MYANMAR အထည်ချုပ်စက်ရုံကတော့ မြို့နယ် အလုပ်သမားရုံးရဲ့ ညွှန်ကြားချက်ဆိုပြီး ကျပ် ၇၈၀၀ ပဲ ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာ တောင်းဆိုမှုတွေ လုပ်တော့ မြို့နယ် အလုပ်သမားရုံးက လာညှိတယ်။ အလုပ်သမားရုံး လူကြီးတွေကိုယ်တိုင် ၇၈၀၀ ပဲ ယူပါလို့ ပြောခဲ့တာ ။ အခု တခြားစက်ရုံတွေ ဒေးကြေး ၁၀၀၀၀ ပေးနေတာကို စက်ရုံက ၇၈၀၀ ပဲ ပေးနေတာ။ ဆေးခွင့်တင်လည်း ဒေးကြေး ဖြတ်တာ။ ရှောင်တခင်ခွင့်ဆိုတာ အခုထိ တစ်ခါမှ မရဖူးသေးဘူး။ ဖူလုံရေးကြေး လတိုင်း ၃၀၀၀ လောက် အဖြတ်ခံရတယ်။ ခွင့်ဆို ဘာမှမရတာ။ ခွင့်မရတော့ တစ်ရက်ပျက်တာနဲ့ ဒေးကြေး၇၈၀ ၀ ၊ ရက်မှန်ကြေး ၂၅၀၀၀ အဖြတ်ခံရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
LITA MYANMAR ရဲ့ လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို အလုပ်သမားရုံးက လာစစ်ပေမဲ့ စက်ရုံအတွင်း ထူးခြားတဲ့ အပြောင်းအလဲ မဖြစ်တဲ့အပြင် ချုပ်နေတဲ့ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေကလည်း လျစ်လျူရှုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ တောင်းဆိုမှုဖြစ်တာကို ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ် (Buyer) တွေ သိတယ်။ စက်ရုံက မလိမ့်တပတ် လုပ်ခတွေ နဲ့ အလုပ်ခေါ်တာတွေလည်း သိတယ်။ အလုပ်သမားတွေ လုပ်ခလစာ နည်းတယ်ဆိုတာလည်း သိတယ်။ ဒါလည်း Buyer တွေက မသိသလို လုပ်တော့ အလုပ်သမားတွေ နစ်နာရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
LITA MYANMAR Co.,Ltd အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၄ မှာ ဖွင့်လှစ်ထားပါတယ်။ အလုပ်သမာ ၈၀၀ ကျော်လုပ်ကိုင်နေပြီး လက်ရှိ LC Walklkl, HLA , TSDESIGN, AC နဲ့ BURTLE တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026