NEWS

LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း

CoverLogo
293 Views
 
LITA MYANMAR အထည်ချုပ်စက်ရုံက သင်္ကြန်ကာလ ပိတ်ရက် ၂ ရက်အတွက် ရက်စား ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကို သင်္ကြန်ကာလ ၁၁ ရက်အထိ ပိတ်ထားမယ်လို ပြောကြားထားပြီး အလုပ်သမားတွေကို မေးမြန်းတာမရှိဘဲ ရက်အစား ဆင်းခိုင်းနေတာလို့ ပြောပါတယ်။
 
“အလုပ်သမားတွေကို ဘာမှမမေးဘူး။ သင်္ကြန်ပိတ်ရက် ၉ရက်ကို အလုပ်ရှင်က ၁ ၁ရက် ပိတ်မယ် ပြောတယ်။ ရက်စား ၂ရက်ဆင်း၊ အဲရက်စားကို အလုပ်သမားတွေက မဆင်းချင်ဘူး ဒါကို ဖိအားပေးဆင်းခိုင်းနေတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
သတ်မှတ် ပိတ်ရက်ထက် စက်ရုံဘက်က ၂ရက် ပိုပိတ်ထားပြီး အဲ့ဒီရက်စားတွေကို ဧပြီ ၅ ရက်နဲ့ ၂၆ ရက်မှာ တွေမှာ လုပ်ကိုင်ပေးရမှာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိမှာ အထည်စံချိန်တွေကို အလုပ်ရှင်ကိုယ်တိုင် တိုးတောင်းနေပြီ စံချိန်မပြည့်လို့ ပြောဆိုဖိအားပေးနေတယ်လို့ ပြောပါတယ်။
 
“အလုပ်ရှင်က စံချိန်မတရားတောင်းနေတာ၊ တကယ် ပိုက်ဆံရတော့ နည်းနည်းလေး၊ သူဌေးမ ကိုယ်တိုင် စကားပြန်နဲ့ စံချိန်တောင်းနေတယ် ၊ စံချိန်တွေက တဖက်သတ်တွေ ။ စံချိန်မရရင် အလုပ်သမားတွေကို စကားပြန်နဲ့ခေါ်ဆူတယ်။ အလုပ်သမားတွေရှေ့မှာပဲ မန်နေဂျာက စက်လိုင်း အောစူပါကို အကုသိုလ်မ လို ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အဲလို အရှက်ရအောင် ပြောဆိုမှုတွေကြောင့် အောစူပါ တစ်ဦး အလုပ်ထွက်သွာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ဂိတ်ပတ်စ်မပေးတဲ့အပြင် စက်ရုံဝန်ဆောင်မှုတွေက အလုပ်သမားတွေအတွက် နစ်နာမှုတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
 
“ တနင်္လာနေ့၊ စနေနေ့မှာ က မိသားစုကိစ္စ ဘယ်လောက်အရေးကြီးကြီး ဂိတ်ပတ်စ် မေပးဘူး။ ဆေးခန်းမှာ ဆေးမရှိဘူး၊ ဓါတ်ဆားကို မရှိတာ ။ ဆေးပေးခန်းက သူနာပြုက မတူသလို မတန်သလိုဆက်ဆံတယ်။ စက်ရုံကသူဌေးက သူသဘောကျတဲ့ အလုပ်သမားဆိုရင် ပစား ပေးတယ်၊ တခြားအလုပ်သမားတွေက နစ်နာနေတယ်” လို့ ပြောဆိုထားပါတယ်။
 
LITA MYANMAR Co.,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ ၊ စက်ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားပြီး လက်ရှိ Tsdesign, Burtle တံဆိပ် အထည်တွေချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026