NEWS

LIAN FA (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားဥပဒေကို ချိုးဖောက်မှုများ လုပ်ဆောင်နေ နေ့စားအလုပ်သမားများကိုလည်း လုပ်အားခခေါင်းပုံဖြတ်နေ

CoverLogo
541 Views

တရုတ်နိုင်ငံသားပိုင် LIAN FA (Myanmar) အထည်ချုပ်စက်ရုံမှာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေကို ချိုးဖောက်တာတွေ လုပ်ဆောင်နေတဲ့အပြင် နေ့စားအလုပ်သမားတွေကိုလည်း လုပ်အားခခေါင်းပုံဖြတ်နေတယ် လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင် အား (၃၀၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ စက်ရုံမှာ အမှတ်တံဆိပ်နဲ့ ချုပ်လုပ်တာမရှိဘဲ တစ်ခြားစက်ရုံတွေက ကုတ်အင်္ကျီ၊ ဘဲမွေး၊ ဂျာကင်၊ ချည်းသားဘောင်းဘီအရှည်စတဲ့ အထည်တွေကို ချုပ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂကော၊ WCC ပါ ဖွဲ့စည်းထားတာ မရှိဘဲ ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာပါ။

“စက်ရုံအလုပ်ချိန်က မနက် ၈း၀၀ နာရီကနေ ညနေ ၆နာရီ မဟုတ်ရင်  ၇နာရီခွဲ ခေါ်ချင်သလို ခေါ်ပါတယ်။ နောက်ပြီး အော်လင်း၊အော်နိုက် ခေါ်တာတွေလည်း ရှိပါသည်။ ညနေပိုင်းအလုပ်ချိန်ကို ပုံသေလွတ်တဲ့ ရက်မရှိ ပါဘူး။ ညနေအနားနီးမှ အလုပ်ချိန်ပို ခေါ်ချင်သလို ခေါ်နေတာဖြစ်ပါသည်။ စက်သမားတွေ တစ်ရက်အလုပ်ပျက် ရင် ရက်မှန်ကြေး၊ ဒေးကြေး အကုန်ဖြတ်ခံရပါတယ်။ စက်ရုံဖွင့်ထားတာ တစ်နှစ်ကျော်ပေမယ့် ခွင့်ရက်တွေ တောင်းလို့တင်ရင် မရပါဘူး။ အရေးကြီးလို့ ဂိတ်ပတ်တောင်းရင် တစ်ခါတစ်လေမှ ရပါတယ်။ ဂိတ်ပတ်ရပေမယ့် ရက်မှန်ကြေး ဖြတ်တောက်ခံရပါတယ်။ စက်ရုံထဲမှာ နေ့စားအလုပ်သမားတွေ ရှိပါတယ်။ သူတို့ကို ဒေးကြေး ၆၈၀၀ ကျပ်ပဲ ပေးပါတယ်။ အလုပ်ဆင်းတဲ့ရက်ပဲ ဒေးကြေးရပါသည်။ တနင်္လာနေ့ကနေ စနေနေ့ထိ အလုပ်ဆင်း ရပါသည်။ စနေ ညနေထိ ဆင်းရရင်လည်း ၆၈၀၀ ကျပ်ပဲပေးပါသည်။  နေ့စားအလုပ်သမားတွေက အမြဲတမ်း အလုပ်သမားတွေလို တန်းတူလုပ်ရပါတယ်။။ အချိန်ပိုဆင်းရပါတယ်။ တစ်ပတ်အလုပ်ချိန် (၄၈) နာရီထက်ကျော် လွန်ပြီး လုပ်နေရပေမယ့် တနင်္ဂနွေပိတ်ရက်အတွက် လုပ်ခလစာ မရပါဘူး” လို့ စက်ရုံအလုပ်သမားတစ်ဦးက Myanmar Labour News ကို ပြောပါတယ်။
 
စက်ရုံမှာ ဒေးကြေးနဲ့ အပိုထောက်ပံ့ကြေးပေါင်းပြီး (၆၈၀၀) ကျပ်၊ ရက်မှန်ကြေး (၂၀၀၀၀) ကျပ်၊ ကျွမ်းကျင်းကြေး A အဆင့်ကို (၅၀၀၀၀) ကျပ်၊ Bအဆင့်ကို (၃၅၀၀၀) ကျပ်၊ Cအဆင့်ကို (၂၅၀၀၀)ကျပ် ပေးချေနေပေမယ့် ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်မပေးတာကြောင့် အလုပ်သမားတွေမှာ နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။

“စက်ရုံကို အလုပ်လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေ အကြောင်းမျိုးမျိုးနဲ့ အလုပ်ဆက်မလုပ်နိုင်တဲ့ အလုပ်သမားတွေကို အလုပ်ဆင်းရက် (၃) ရက်ပြည့်အောင်မဆင်းတာတို့၊ အလုပ်ပိတ်ရက်နဲ့တိုက်ပြီး (၃) ရက်ပြည့်အောင် မဆင်းခဲ့တာတို့ဆို စက်ရုံဘက်မှ အလုပ်ဆင်းရက်ခကို ရှင်းပေးတာ မရှိပါဘူး။ အလုပ်ရှင်မှ (၃) ရက်အပြည့်မဆင်းတဲ့သူတွေကို လုပ်ခလစာမပေးနိုင်ဘူး ပြောပါတယ်။၊အလုပ်ဆင်းရက် (၃) ရက်ထက် ကျော်ပြီး ဆင်းခဲ့တဲ့ အလုပ်သမားတွေကိုလည်း လပြည့်မဆင်းဘူးဆိုပြီး အလုပ်ခေါ်ယူစဥ်က သတ်မှတ်တဲ့ လုပ်ခလစာ အတိုင်းမပေးဘဲ ဒေးကြေး ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံက အလုပ်သမားတွေအနေနဲ့ ဂိတ်ပတ်ယူရင် ရက်မှန်ကြေးမဖြတ်တောက်ဖို့၊ ဥပဒေပါ ခွင့်ခံစားခွင့်ပေးဖို့နဲ့ ရက်မှန်ကြေး မဖြတ်တောက်ဖို့၊ လုပ်ခစာကို အပြည့်အဝ တွက်ပေးဖို့၊ နေ့စားလုပ်သားတွေကို ဥပဒေနဲ့အညီ အလုပ်ခန့်ပေးဖို့ အလုပ်ချိန် (၄၈) နာရီပြည့်အောင် ဆင်းပေးခဲ့တာကြောင့် တနင်္ဂနွေပိတ်ရက်တွေကို လုပ်ခလစာခံစားခွင့်ကို ပြန်လည်တွက်ချက်ပြီးပေးဖို့၊ အလုပ်ဆင်းခဲ့တဲ့ရက်တွေအတွက် လုပ်ခလစာ အပြည့်တွက်ချက်ပေးဖို့နဲ့ သတ်မှတ်ပြောဆိုထားတဲ့အတိုင်းပေးဖို့ လိုလားနေပြီး စက်ရုံအတွင်း ဖြစ်နေတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အကူအညီတောင်းခံထားပါတယ်လို့ သိရပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026