NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်

CoverLogo
543 Views
(စက်တင်ဘာ ၂၂-၂၉)
စက်တင်ဘာ၂၉၊၂၀၂၅
Myanmar Labour News မှာ စက်တင်ဘာ (၂၂) ရက်ကနေ စက်တင်ဘာ (၂၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
စက်တင်ဘာ ၂၂
 
မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ယာဉ် တိမ်းမှောက်ပြီး ၂ဦးသေဆုံးသွားပါတယ်။ သင်္ဘောသား လုပ်ကိုင်လိုသူတွေကို အေးဂျင့်မှ ငါးဖမ်းသင်္ဘောပေါ် ရောင်းစားမှုဖြစ် သွားပါတယ်။ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို ကြောင်းထုတ်ပြန်ထားခဲ့ပါတယ်။
 
ကလေးလုပ်သားတွေကို လုပ်အားခခေါင်းပုံဖြတ်ခိုင်းစေ တာတွေရှိနေပါတယ်။ အလုပ်သမားရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၁၀ ဦးကို ထပ်တိုး စွဲဆိုထားသည့်အမှုအတွက် စက်တင်ဘာ၂၉ တွင် တရားလိုကို စစ်ဆေးမယ်လို့ သိရပါတယ်။
 
စက်တင်ဘာ၂၃
 
A&C အထည်ချုပ် စက်ရုံတွင် သီတင်းကျွတ် ကန်တော့ရန် လစာများဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ New Plus စက်ရုံ လုပ်ငန်းခွင်မှ အတင်းအကျပ် ခိုင်းစေမှု၊ ခွဲခြားဆက်ဆံမှု ၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှု တွေကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
 
GTIG HUBO စက်ရုံတွင် ဖြစ်ပွားနေသော လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများနှင့် မတရားမှုများအား တင်ပြခြင်းတွေစက်ရုံဝန်ထမ်းတွေက ပေးစာ ပေးပို့ခဲ့ပါတယ်။
 
စက်တင်ဘာ၂၄
 
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမယ်လို့ မိုးဇလက အသိပေး ထားတာတွေရှိခဲ့ပါတယ်။
 
ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၄၀ ကို စစ်ကော်မရှင်ထံ ထိုင်းဘက်ကထပ်မံလွှဲပြောင်းပေးခဲ့ပါတယ်။ ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား ပါတယ်။ ဌာနဆိုင်ရာက လာရောက်စစ်ဆေးပြီးနောက် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုပိုမိုဆိုးရွားလာတယ်လို့ Victor House Co.Ltd အထည်ချုပ်စက်ရုံ အလုပ်သမားတွေကပြောဆိုထားပါတယ်။
 
ဖူးခက် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှ မြန်မာလုပ်သား၂၀၀ ခန့်ကို သူဌေးက လုပ်ခမပေးဘဲတိမ်းရှောင်မှုဖြစ်ပွား သွားပါတယ်။
 
Ever Lead (Myanmar) စက်ရုံမှာ အချိန်ပို ခေါ်ယူပြီး အမှတ်တံဆိပ် ကိုယ်စားလှယ် စစ်ဆေးမှုအား လိမ်လည် တဲ့ကိစ္စဖြစ်ပွားခဲ့ပါတယ်။
 
စက်တင်ဘာ၂၅၊၂၀၂၅
 
အလုပ်ရရန် စမတ်ခ ဘတ် ၈၀၀၀ ကျော်ပေးရသော်လည်း အလုပ်ဝင်ပြီး လေးလကျော်တွင် မြန်မာလုပ်သား ၁၅၀ အလုပ်ထုတ်ခံခဲ့ရ ပါတယ်။
CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းသူများ ကို ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုရန် စတင် ကန့်သက် တာတွေရှိခဲ့ကြောင်း သိရပါတယ်။
 
စက်တင်ဘာ၂၆
 
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို မလေးရှား သို့ ဗီဇာမလိုဘဲ ၁၄ ရက်သွားရောက် လည်ပတ်ခွင့်ပြု ထားပါတယ်။
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး ထားကြောင်းသိရပါတယ်။
လာအို PAODA ဖိနပ်စက်ရုံ၏ အခက်အခဲများနှင့်ပတ်သက်၍ တိုင်ကြားခြင်းကိုအလုပ်သမား‌ေတွကပေးစာပေးခဲ့ပါတယ်။
Sunkid Myanmar လက်ချုပ်ဌာန လုပ်သားများ၏ စိတ်ရင်းမှန် ရင်ဖွင့်တိုင်ကြားစာ ကို အလုပ်သမားတွေက ပေးခဲ့ပါတယ်။
အလုပ်သွင်းပေးမည်ဆိုကာ ပွဲစား မှ ဘတ် ၇၀၀၀၀ လိမ်ယူသွားသဖြင့်တိုင်ကြား တာတွေရှိခဲ့ပါတယ်။
မလေးရှားတွင် မြန်မာအပါအဝင် အထောက်ထားမရှိသည့် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်အဖမ်းခံရ ပါတယ်။
တရုတ်နိုင်ငံသားပိုင် Myanmar Fenghua Clothing Co.,Ltd အထည်ချုပ်စက်ရုံက အချိန်ပိုမဆင်းပါက အလုပ်ထွက်ဟုခြိမ်းခြောက်ခိုင်းစေ တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
ရွှေနဲ့ဒေါ်လာဈေးတွေ အနည်းငယ်ကျဆင်းလာကာ စက်သုံးဆီဈေးပြန်တက်လာပါတယ်။
 
စက်တင်ဘာ၂၇
 
လုပ်သား ၄၀၀၀ ကျော်အလုပ်အကိုင်ရမည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အသစ် ၁၉ ခုကို စစ်ကော်မရှင်ခွင့်ပြု ထားပါတယ်။
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင် တယ်လို့ပြောထားပါတယ်။
အထောက်အထားမဲ့ မြန်မာလုပ်သား၂၆ ဦး ကို တင်ဆောင်လာသည့်ယာဉ် ထွက်ပြေးစဉ် ကားဘီးပေါက်ပြီး အဖမ်းခံရ ပါတယ်။
 
စက်တင်ဘာ၂၈
 
ထိုင်းရောက်မြန်မာလုပ်သားများကို ကုန်ကျစရိတ် အခမဲ့ ဖြင့် အလုပ်ခေါ်ယူ ထားပါတယ်။
အချိန်ပိုမဆင်းပါက ဒေးကြေး ၄၈၀၀ ကျပ်သာပေးမည်ဟု Teng Hui Myanmar Knitting စက်ရုံအသိပေး ထားပါတယ်။
 
စက်တင်ဘာ၂၉
 
လုပ်ငန်းခွင်အတွင်း ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာလုပ်သားအမျိုးသမီးကို အကြောင်းမဲ့ရိုက်နှက်သဖြင့် ရဲကိုတိုင်ကြား တဲ့ကိစ္စဖြစ်ပွားခဲ့ပါတယ်။
 
Grand Forest အထည်ချုပ် တာဝန်ရှိသူ အားလုံးက ခြိမ်းခြောက်ပြီး အလုပ်သမားတွေကို အချိန်ပို အတင်းအကျပ်ခေါ် တာတွေရှိနေပါတယ်။
 
အထောက်အထားမဲ့ လုပ်သားတင်ဆောင်တဲ့ ယာဉ်တိမ်းမှောက်ပြီး မြန်မာ၂၈ ဦး အဖမ်းခံရ ခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန် ထားပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မူဇုန်(၂)၊ ဦးထွန်ညိုလမ်း၊ ခြံအမှတ်(- )တွင်ဖွင့် လှစ်ထားသော Myanmar Guotai Huasheng Glory Fashion Garment တွင်အလုပ်သမား(၅၀၀)ကျော် ဖြင့်အလုပ်လုပ်ကိုင်ပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Rodeo Crowns, Lcwalklkl Classic တံဆိပ်ချုပ် လုပ်တဲ့စက်ရုံမှာ အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ တယ်လို့ ပေးစာပေးပို့ထားပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026