NEWS

LATWAR(3)GARMENT စက်ရုံအလုပ်သမားတွေကို ဥပဒေနှင့်အညီခွင့်ရက်ခံစားခွင့်များမပေးတဲ့ အပြင် တနဂ်နွေပိတ်ရက်ပါအလုပ်ဆင်းနေရဟုဆို

CoverLogo
1.5K Views

LATWARWAR(3)GARMENT စက်ရုံမှအလုပ်သမားများကို ဥပဒေနှင့် အညီခွင့်ရက်ခံစားခွင့်မပေးတဲ့အပြင် တနဂ်နွေပိတ်ရက်ကိုပါအလုပ်သမားများရဲ့ ဆန္ဒမပါပဲအဓမ္မခေါ်ယူခိုင်းစေနေပြီးအလုပ်မဆင်းပါက လုပ်ခလစာထဲကငွေကျပ်(၁၀၀၀၀) အထိဖြတ်တောက်နေတယ်လို့နစ်နာသူအလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။

အဆိုပါ Lat War Garment စက်ရုံပိုင်ရှင်မှာတရုတ်လူမျိုးတဦးဖြစ်ပြီးအမှတ်၂/၁မင်းကြီးမဟာမင်းခေါင်လမ်းနှင့်ဖန်ချက်၀န်ဦးရွှေအိုးလမ်း၊ အဆင့်မြင့်လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ် နေတဲ့စက်ရုံတခု​​​ ဖြစ်​ကာ​အလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။

"စက်ရုံကတနင်္ဂနွေနေ့တွင် မဖြစ်မနေအလုပ်သမားဆန္ဒမပါဘဲ အတင်းအဓမ္မဆင်းခိုင်းပြီးအကြောင်းကိစ္စတစ်စုံတစ်ရာရှိလို့မဆင်းရင်လဲ တနင်္ဂနွေနေ့ကိုခွင့်တိုင်ရတယ် ခွင့်တိုင်ပြန်လဲ မဆင်းလို့ဆိုပြီး (ဖေဖော်ဝါရီ ၁၃ )ရက်နေ့ကတနင်္ဂနွေနေ့မဆင်းလို့လစာထဲတွင်(၁၀၀၀၀)ကျပ်ဖြတ်လိုက်တယ် အလုပ်သမားများဥပဒေနှင့်အညီရရှိမည့်ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များလည်းမရဘူး"လို့နစ်နာသူအလုပ်သမားတဦးက  Myanmar Labour News ကိုပြောပါတယ်။

ဒါ့အပြင်စက်ရုံဖက်ကအလုပ်သမားများတစ်ရက်တာ ချုပ်လုပ်နိုင်တဲ့ပမာဏထက်အဆမတန်ကျော်လွန်ပြီး စံချိန်တွေတိုးတောင်းတာတွေအပြင် လိုင်းခေါင်းဆောင် စူပါ အောစူပါများမှအလုပ်သမားများကိုညစ်ညမ်းစွာဆဲဆိုခိုင်းစေတာတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။

"ညစ်ညစ်ညမ်းညမ်းကိုဆဲပြီးခိုင်းတာ အလုပ်သမားတွေဖက်ကမခံချင်လို့တိုင်ချင်ပေမယ့်ဒီကာလမှ ာဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိဘူးဖြစ်နေကြတယ် သမဂ္ဂလဲဒီမှာမရှိဘူး"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကထပ်ပြောပါတယ်။

Lat War(3) GARMENTအထည်ချုပ်စက်ရုံမှာ IDENTIC, Janina အစရှိတဲ့အမှတ်တံဆိပ်နဲ့အထည်များကိုအဓိကထားချုပ်လုပ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတတယ်။

လက်ရှိမှာတော့အလုပ်သမားတွေဖက်က တနင်္ဂနွေအိုတီ (အချိန်ပို) ကိုအလုပ်သမားများဆန္ဒပါမှဆင်းလိုတဲ့အပြင် တနင်္ဂနွေမဆင်းလို့ဖြတ်တောက်ထားသည်ပိုက်ဆံ(၁၀၀၀၀)ကျပ်ကို အလုပ်သမားများကိုစက်ရုံဖက်ကပြန်ရှင်းပေးစေချင်တယ်လို့ ဆိုပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026