NEWS

Lat War Garment စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုရှိနေ

CoverLogo
1.7K Views

Lat War Garment Factory မှာအလုပ်သမားဥပဒေပါ ခံစားခွင့်တွေဆုံးရှုံးနေရပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ ရှိနေတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါစက်ရုံမှာ Inextenso, Mavi, Lcwaikiki Classic စတဲ့ အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာလဲ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

မင်းကြီးမဟာမင်းခေါင်းလမ်းနှင့် ဦးရွှေအိုးလမ်းထောင့်၊ စက်မှုဇုန်(၃)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၁၂၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံမှာ  ရက်မှန်ကြေးအဖြစ်  (၁၀၀၀၀) ကျပ်သတ်မှတ်ထားပြီး မည်သည့်အကြောင်းအရာနှင့် မည်သည့်ခွင့်မဆို  အလုပ် ၁ ရက်ပျက်ပါက ပေးထားသောရက်မှန်ကြေး (၁၀၀၀၀)ကျပ်အား ဖြတ်တောက်ပြီး အလုပ် သမားများသည် အလုပ်ချိန်တွင်း အကြောင်းမျိုးမျိုးကြောင့် ဂိတ်ပတ်ယူလျှင် အပြင်ထွက်ခွင့် ၁နာရီ ထက်  ကျော်လွန်ပါက ရက်မှန်ကြေး (၁၀၀၀၀) ကျပ်အားဖြတ်တောက်ခံရတဲ့အတွက် ဥပဒေပါ ခွင့်ခံစားခွင့်မရရှိဘူးလို့ အလုပ်သမားတွေထံကသိရပါတယ်။

စက်ရုံထဲမှာ အလုပ်သမားတွေကို ဥပဒေပါ ခံစားခွင့်တွေမပေးတာ လုပ်ငန်းအတွင်း ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ၊ လီတာများ က အလုပ်သမာများကို ခိုင်းစေရာတွင် ညစ်ညမ်းသော စကားပြောဆို၍ ဝန်ထမ်းအချင်းချင်း အရှက်ရ စေရန်အော်ဟစ် ပြောဆိုခြင်းများပြုခြင်း တနင်္ဂနွေနေ့အချိန်ပိုကို  အလုပ်သမားများ၏ သဘောဆန္ဒကို ကောက်ယူပြီး   ထို့နေ့ရက်တွင် အလုပ်သမားများမှ အကြောင်းအမျိုးမျိုး ပေါ်ပေါက် လာ၍ အချိန်ပိုမဆင်းပါက အချိန်ပိုမဆင်းသည့်အလုပ်သမားကို အလုပ်ပြန်လည်ဖွင့်သည့်နေ့ တနင်္လာနေ့မှ စနေနေ့ထိကို အချိန်ပိုခေါ်မည်မဟုတ်ကြောင်းကို စူပါများမှ ခြိမ်ခြောက်စကားများပြောဆိုခြင်း စတာတွေပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အလုပ်ရှင်အနေဖြင့် နေ့စားသမားများကို အလုပ်ချိန်အားဖြင့် နံနက် (၈း၀၀ နာရီမှ ညနေ ၄း နာရီ ၃၀ ထိကိုခိုင်းစေပြီး အနဲ့ဆုံး အခကြေးငွေ (၄၈၀၀) ကျပ်တို့ကိုပေးချေပြီး  ညနေ   ၄ နာရီ ၃၀ နောက်ပိုင်း ဆင်းရသော အချိန်ပိုတစ်နာရီကို (၆၀၀)ကျပ်နှုန်းဖြင့်သာ ရှင်းပေးခြင်း ၊ စက်ရုံအလုပ်ချိန်သည် နံနက် (၈း၀၀) နာရီမှ ညနေ  အချိန်ပို(၂) နာရီပါ(၆း၃၀) နာရီထိကို ပုံမှန်အလုပ်ချိန်ဖြစ်ပြီး  အလုပ်ရှင်အနေဖြင့် စ‌နေနေ့များကို အချိန်ပို့အနေဖြင့် အော်လင်းခေါ်ပြီး  အလုပ်သမား များ၏ သဘောဆန္ဒကို အပါပဲအလုပ်သမားများကို အတင်းအာဓမ္မခိုင်းစေခြင်းများပြုလုပ်လျှက်ရှိတယ်လို့ လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။

စက်ရုံသည် တစ်ကက် (  ticket )စနစ်ဖြင့်သွားသော စက်ရုံ ဖြစ်ပြီး အထည်စံချိန်များကို အလုပ်သမားများချုပ်လုပ်နိုင်သည့် အထည်စံချိန်ကိုပိုမို တောင်းခံခြင်းနှင့် တောင်းခံ သော အထည်စံချိန်မပြည့်မီပါက အလုပ်သမားများကို ပွိုင့်နေရာရွှေ့ပြောင်းခြင်း။  ပွိုင့်နေရာရွှေ့ပြောင်းခံ ရသော အလုပ်သမားသည့် မိမိချုပ်လုပ်နေသည့် နေရာမဟုတ်သည့်အတွက် သွားရောက်လုပ်ကိုင်ရသည့် နေရာ တွင်ပွိုင့်ဈေးနှုန်းများသည်လဲ လျော့နဲ့မှုများရှိပြီး  ထို့အပြင် ၎င်းရွှေပြောင်းခံသော ပွိုင့်နေရာမှာ ချုပ်လုပ်သည့် အလုပ်သမားအား အထည်မနိုင်ပါက ၎င်းပွိုင့်တွင် လူအစားထို့၍ခိုင်းစေပါကာ အစားထိုခံရသော ပွိုင့်နေရာမှ ရရှိသောဈေးနှုန်းလိုက်ကို ၎င်းပွိုင့်တွင်ချုပ်လုပ်သည့် လူဦးရေအလိုက် ခွဲ့၍ပေးတာကြောင့် အဆင်မပြေဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်ရှင်အနေဖြင့် အလုပ်သမားများ နားနေဆောင်များဖြစ်သည့် ထမင်စားသည့်နေရာကို စက်ရုံခြံဝန်းတွင်ထားရှိပြီး အမိုးများအနေဖြင် ဇာစိမ်းများမိုး၍ နေပူထဲတွင် ထမင်း စားရခြင်း စက်ရုံ၏ ဝင်ပေါက်ထွက်များကို အမြဲတစေပိတ်ထားသည့်အတွက် အလုပ်သမားများ အနေဖြင့် လေဝင်လေထွက် ကောင်းကောင်းမရခြင်း နှင့်  စက်ရုံ၏ထွက်ပေါက်များကို တစ်ပေါက်ထဲထား ရှိသည့် အတွက် အလုပ်သမားများမှ ထမင်းစားနားချိန်တွင် တိုးထွက်ရသည့်ဖြစ်သည့်အတွက်  နားချိန်အား လုံလောက်စွာအပြည့် မနားရခြင်း။ အလုပ်ရှင်အနေဖြင့် လုပ်ငန်းခွင်တွင် ဆေးခန်းများထားရှိပေးသော်လည်း  ဆေးဝါများလုံ လောက်စွာ မစီစဥ်ပေးခြင်း။ ဆေးခန်းသူနာပြုဆရာမသည် အလုပ်သမားများ ဆေးခန်းလာပြသည့်အခါတွင် ဆက်ဆံရေး မပြေးပြစ်ခြင်း။ အလုပ်ရှင်အနေဖြင့်  ပျက်စီး နေသည့်အိမ်သာများ မပြင်ပေးခြင်းနှင့် အိမ်သာများ လုံလောက်စွာ မစီစဥ်ပေးခြင်း။ အလုပ်သမားများ ရေသောက်သုံးရေးကို ရေသန့်စက်အနေဖြင့် ထားရှိပေးသော်လည်း သောက်ရေ ထား သည့် နေရာတွင်နေပူများပူ၍ အလုပ်သမားများသောက်သုံးသည့်အခါ ရေပူများကိုသောက်သုံးရခြင်း စသည့် အခက်အခဲများလည်း ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ 
ဥပဒေပါခွင့်ရက်များ ခံစားခွင့်အပြည့်အဝပေးရန်။ တနင်္ဂနွေနေ့ အချိန်ပိုများခေါ်သည့်အခါ အလုပ်သမားများမှ အချိန်ပိုမဆင်းနိုင်ပါက အချိန်ပိုများကို မခေါ်မည် မည် စူပါများအနေဖြင့် ခြမ်းခြောက်စကားများမပြောဆိုရန်။  စူပါ၊ လီတာများသည့် အလုပ်ခိုင်းစေရာတွင် အလုပ်သမားများကို ညှစ်ညမ်းသောစကားများပြောဆို၍ မခိုင်း ရန်နှင့် ဝန်ထမ်းအချင်းချင်းအရှက်ရစေရန် အော်ဟစ်ပြောဆိခြင်းများမပြုလုပ်ရန်။ အထည်စံချိန်များကို အလုပ်သမားများချုပ်လုပ်နိုင်သည့် အထည်စံချိန်တောင်းခံရန်နှင့် ပွိုင့်နေရာရွှေ့ပြောင်း ပါကပွိုင့်နေရာနေရာအလိုက် ဈေးနှုန်းများပေးရန်။နေ့စားဝန်ထမ်းများ အချိန်ပိုခေါ်ယူပါက အချိန်ပိုကြေးအား ဥပဒေတိုင်းပေးရန်။ ရေသန့်စက်များထားရှိသည့်နေရာအား အမိုးအကားများပြုလုပ်ပေးရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026