NEWS

Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို

CoverLogo
253 Views
 
Lat war Co.,Ltd (3) အထည်ချုပ်က လာမဲ့ ဧပြီလမှာ ပိတ်သိမ်းမှာ ဖြစ်ပြီး လုပ်သက်တနှစ်မပြည့်က လျှော်ကြေး မပေးဘူးလို့ စက်ရုံဘက်က ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ၄လပိုင်း (ဧပြီ)၃ရက်နေ့ ပိတ်မယ်လို့ အသိပေးထားတယ်။ အလုပ်ပိတ်သိမ်းတဲ့ လျော်ကြေးကို လုပ်သက် တစ်နှစ်ပြည့်မှ လျော်ကြေးပေးမယ်၊ လုပ်သက် ၆ လကျော် တစ်နှစ်မပြည်တဲ့ အလုပ်သမားတွေကို မပေးဘူး။ လျှော်ကြေးလဲ ၇၈၀၀ နဲ့ပဲ တွက်ပေးမှာလို့ ပြောတယ်။ “ လို့ ပြောပါတယ်။
 
စက်ရုံ ပိတ်သိမ်းမှာ ဖြစ်လို့ လုပ်ငန်းခွင်ထဲမှာ တရုတ်နိုင်ငံသား အောစူပါ၊ စူပါတွေက ဖိအားပေးနေပြီး အော်ဟစ် ဆဲဆိုတာတွေ ပိုမို ပြုလုပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်သက် တနှစ်ပြည့်မှ လျှော်ကြေး ပေးမယ်ဆိုတာ အလုပ်သမားဥပဒေကို ဖောက်ဖျက်တာလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) က ပြောပါတယ်။
 
“အလုပ်သမားတွေရဲ့ ပြောကြားချက်အတိုင်းဆို တနှစ်ပြည့်မှ လျှော်ကြေးရမဲ့သဘောဖြစ်နေတယ်။ လုပ်သက် ၆ လဆို လဝက်စာ၊ တနှစ်ဆို တစ်လစာ လျှော်ကြေးပေးရမှာပါ။ ဥပဒေမှာလည်း ပြဌာန်းထားပါတယ်။ ၇၈၀၀ နဲ့ လျှော်မယ်ဆိုတာက အလုပ်သမားတွေရဲ့ လစာစလစ်မှာ စက်ရုံဘက်က ထောက်ပံကြေးတိုင်တွေနဲ့ ၇၈၀၀ ပေါင်းပြီး ပေးရမှာ၊ ဘာလို့ဆို အလုပ်သမားလည် ရနေကြလစာ၊ အလုပ်ရှင်ကလည်း ပေးနေကြ လုပ်ခလစာ ဖြစ်နေလိုပါပဲ” IWFM တာဝန်ရှိသူက ပြောပါတယ်။
 
စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်ရှင်ဘက်မှ အလုပ်ရပ်နားခြင်း ဖြစ်လာရင် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေး/ပေးထား‌တဲ့ ထောက်ပံ့ကြေး မဖြစ်မနေ ပေးရမှာ အလုပ်ရှင်တာဝန် ဖြစ်တယ်လို့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် (Employment Contract) မှာ ဖော်ပြထားပါတယ်။
 
လုပ်ငန်းခွင်အတွင်း အသက်မပြည့်တဲ့ အလုပ်သမား ၆၀ ကျော်ကို ခိုင်းစေထားပြီး လက်ရှိ အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ စံချိန်တွေ တောင်းခံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်စံချိန်မပြည့်လို့ အောစူပါ၊ စူပါတွေက အများရှေ့မှာပဲ အော်ဟစ်ဆဲဆိုတယ်၊ စတိုလ်၊ ပါကင်လိုင်း ၃စူပါက ပိုပြီး ရိုင်းဆိုင်းတယ်” လို့ ပြောထားပါတယ်။
 
Lat war Co.,Ltd (3) အထည်ချုပ်စက်ရုံမှာ ရန်ကုန်မြို့၊ လှိုင်သာယာမြိ့နယ်၊ စက်မှုဇုန် ၂ ၊ဆိပ်ကမ်းသာလမ်း၊ မှာဖွင့်လှစ်ထားပြီး လုပ်သမားများ ၁၀၀၀ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ် ပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026