NEWS

LAT WAR (3) အထည်ချုပ် ပိတ်ရက် ဒေးကြေး လျှော့ပေး

CoverLogo
735 Views
 
LAT WAR (3) COMPANY LIMITED အထည်ချုပ် စက်ရုံက ပိတ်ရက် ဒေးကြေး လျှော့ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ လစာမှာ သင်္ကြန်ပိတ်ရက်အတွက် ဒေးကြေးထဲက ကျပ် ၂၀၀၀ လျှော့ချ ပေးချေခဲ့တာလို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ပြောထားတာပါ။
 
“ ဧပြီလ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ သင်္ကြန်းပိတ်ရက် ပိတ်ပေးတယ်။ ဧပြီလ လုပ်ခလစာထုတ်တော့ သင်္ကြန်ပိတ်ရက်တွေကို ဒေးကြေး ၆၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ တကယ်ဆို ၈၈၀၀ နဲ့ ပေး၇မယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၂၅ခုနှစ်၊ ဧပြီလ၊ ၁ ရက်မှာ စက်ရုံတာဝန်ရှိသူက ဒေးကြေး ၆၈၀၀ ကျပ်၊ အချိန်ပိုကြေး တစ်နာရီ ၁၇၀၀ ကျပ်ကို ကျပ် ၂၀၀၀ ထပ်တိုးပြီး ဒေးကြေး ၈၈၀၀ ကျပ်၊ အချိန်ပို တစ်နာရီ ကျပ် ၂၀၀၀ နှုန်းနဲ့ ပေးချေမယ်ဆိုပြီး တာဝန်ရှိသူက တရားဝင်ကြေညာထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ကြေညာထားပေမဲ့ သင်္ကြန်ပိတ်ရက်အတွက် ဒေးကြေးကိုတော့ ကြေညာထားတဲ့ ပမာဏာထက်လျှော့ပေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံတာဝန်ရှိသူက အလုပ်ပိတ်တဲ့အတွက် ဒေးကြေးကို ၆၈၀၀ ပဲပေးနိုင်မည်။ ၈၈၀၀ မပေးနိုင်ဘူးလို့ ပြောတယ်။ အလုပ်သမားတွေက ဒီလို လျှော့ပေးတာကို လက်မခံနိုင်ဘူး ဖြစ်နေတယ်။ တရားဝင်ကြေညာထားတဲ့ ဒေးကြေးက ၈၈၀၀ ဆိုတော့ ဖြတ်တောက်ထားတဲ့ ငွေတွေကို ပြန်လိုချင်ကြတယ်။ ၁၀ ရက်ဆိုတော့ တယောက် ကျပ် ၂၀၀၀၀ ပြန်ပေးရမယ်။ အလုပ်သမားတွေအတွက် ဒီငွေက စားရိတ်၊ နေစာရိတ်အတွက် သုံးနိုင်တာပေါ့။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
LAT WAR (3) COMPANY LIMITED အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကန်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၂၀၀၀ နီးပါးလုပ်ကိုင်နေပြီး KAPALUA, REGATA, MAVI CONIN’s စတဲ့ တံဆိပ်တွေ နဲ့ ဂျပန်အော်ဒါတချို့လည်း ချုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင် ပြဿနာတွေကို တင်ပြနိုင်ဖို့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထားတာမရှိပဲ WCC အဖွဲ့ပဲ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026