NEWS

LAT WAR (3) နားရက်မပေးဘဲ အချိန်ပိုအတင်းအကျပ်ခိုင်းစေ ဟုဆို

CoverLogo
693 Views
 
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ LAT WAR (3) COMPANY LIMITED အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေကို ဖြေရှင်းမပေးတဲ့အပြင် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
အချိန်ပိုဆင်းခိုင်းရာမှာ ရက်သတ္တပတ်ပိတ်ရက်တွေပါ ဆင်းရပြီး နားရက်မရတာ၊ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ဂုဏ်သိက္ခာကင်းမဲ့အောင် ပြောဆိုမှုတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၂၀၀၀ ဝန်းကျင်အလုပ်လုပ်နေပြီး KAPALUA, REGATA, MAVI CONIN’s, MORAJ တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂမရှိဘဲ၊ WCC သာဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။ "အလုပ်ချိန် မနက် ၈ နာရီကနေ ညနေ ၆ နာရီ ခွဲအထိ အချိန်ပို ၂ နာရီဆင်းရတယ်၊ သင်္ကြန်ပြီးနောက်ပိုင်း ည ၇ နာရီခွဲထိဆင်းရတယ်၊ မုန့်စားချိန် ၁၅ မိနစ်ပေးတယ်။ စနေနေ့ဆို ည ၈ နာရီ ခွဲထိဆင်းရပြီး တနင်္ဂနွေနေ့ဆို အပတ်တိုင်း တရုံလုံးဆင်းရတာရှိသလို လူရွေးခေါ်တာလည်းရှိတယ်၊ တနင်္ဂနွေနေ့ မဆင်းရင် ရက်မှန်ကြေးဖြတ်မယ်လို့ အောစူပါ တွေက အစည်းအဝေးမှာပြောထားတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။
 
အထည်စံချိန်ထုတ်လုပ်မှုတောင်းခံရမှာတော့ ချုပ်လုပ်နိုင်တာထက်ပိုမိုတဲ့ အရေအတွက်ကို တောင်းခံထားပြီး အထည်မရပါက ကြီးကြပ်သူတွေက အော်ဟစ်ဆဲဆို တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
 
ညနေအချိန်ပိုမဆင်းဘဲ ဂိတ်ပက် gate pass တောင်းပါက ၇၅၀၀ ကျပ်ဖြတ်တောက်တယ်လို့ အလုပ်သမားကပြောပါတယ်။ "ဥပမာ စနေနေ့ ၄ နာရီ ၃၀ ထိ ပြန်လွှတ်တယ်။ တချို့အလုပ်သမားတွေကို လူရွေးခေါ်တယ်။ လူရွေးခေါ်တဲ့အခါ အလုပ်သမားတွေကို အချိန်ပိုကြေးမပေးဘူး။ တနင်္ဂနွေနေ့ ဆင်းရလို့ လူရွေးခေါ်ရင်လဲ အချိန်ပိုကြေး မပေးဘူး။ အချိန်ပို ည ၇-၄၅ ထိ ခေါ်ပြီး ဖယ်ရီကားကို လမ်းကြောင်းအတိုင်းမပေးဘဲ စုပြီးကားကို ပတ်ပို့တယ်။ ကျပ်ညှပ်ပြီး အလုပ်သမားတွေက ညဘက်ဆို အိမ်ကို ၉ နာရီ ၉-၃၀ မှ ရောက်ကြတယ်"လို့ လက်ရှိကြုံနေရတဲ့အခက်အခဲကို ပြောဆိုပါတယ်။
 
"တနင်္ဂနွေ၊ စနေနေ့ထိ မနားရလို့ စံချိန်မတရားတောင်းတယ်၊ ဂိတ်ပတ်တောင်းရင်မပေးဘူး၊ စူပါတွေရဲ့ ပြောဆိုမှုတွေ အခြေအနေတွေကို အလုပ်သမားတွေက အပြန်ဖယ်ရီကားပေါ်မှာပြောတာကို စက်ရုံအောချုပ်က တစ်ရုံးလုံးမီတင်ခေါ်ပြီး နောက်နောင်မပြောဖို့နဲ့ ထိရောက်စွာအရေးယူမယ်ဆိုပြီး အသိပေးထားတယ်"လို့ ယင်းကဆက်ပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ဆိုပါတယ်။
 
အလုပ်သမား တွေရဲ့ တောင်းဆိုချက်တွေကတော့
၁။ အချိန်ပိုများကို မနက် ၈ နာရီမှ ညနေ ၇ နာရီ ၄၅ ထိ ဆင်းပေးနိုင်ပါသည်။ သို့သော အချိန်ပိုဆင်းရန် အခက်အခဲရှိသူများကို ပြန်ခွင့်ပြုရန်။
၂။ ဂိတ်ပတ်အလွယ်တကူပေးရန်နှင့် ၇၅၀၀ ကျပ် ဖြတ်တောက်ခြင်းမပြုရန်။
၃။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည်ကိုသာ ညှိနှိုင်းတောင်းခံရန်။
၄။ ဖယ်ရီကားများကို တိုးချဲ့စီစဉ်ပေးရန်။
၅။ အော်စူပါ၊ စူပါများမှ အလုပ်သမားများကို ဂုဏ်သိက္ခာမဲ့စွာ ပြောဆို ဆဲဆိုခြင်းများကို အရေးယူပေးရန်။ မပြုလုပ်ရန်။စတာတွေကို LAT WAR (3) COMPANY LIMITED အထည်ချုပ် အလုပ်သမားတွေကတောင်းဆိုထားတယ်လို့ သိရပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026