ကူညီပေးပါရှင့် ။ အချိန်ပိုတွေ အလွန်အကျွံခိုင်းနေလို့ပါ ရှင့်။ KSHENG Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။ စက်ရုံက အချိန်ပိုတွေကို ဖိအားပေးပြီး ဆင်းခိုင်းပါတယ်။ နေတိုင်း ည ၈ နာရီအထိ ဆက်တိုက် ချုပ်ပေးရတာပါရှင့်။ ထမင်းစားပြီးကတည်းက တနေကုန် ချုပ်ပေးရ တာပါ။
တနေကုန်မှ နေ့လယ်စာ စားဖို့ နာရီဝက်ပဲ အနားရပါတယ်။ စနေ့နေ့လည်း ည ၆ နာရီမှ ပြန်ရပါတယ်။ တနင်္ဂနွေနေ့ဆိုလည်း ၄ နာရီအထိ လုပ်ရပါတယ်။ ဒီလို လုပ်ပေးရတာ ၃ လ ကျော်ရှိနေပါပြီ။ မနေ့က (ဇူလိုင် ၁၇) ရက် ဆို မိုးအလင်းအထိ လုပ်ခိုင်း ပါတယ်။
အချိန်ပိုတွေ လုပ်ရလွန်းလို့ အလုပ်သမားတွေ ပင်ပန်းနေပါပြီ။ နားချိန်နည်းလို့ ဖျားကြပါတယ်။ လန်းလန်း ဆန်းဆန်းလည်း မရှိကြတော့ပါဘူး။ အချိန်ပို မဆင်းချင်ဘူးဆိုလည်း လိုင်းခေါင်းဆောင်တွေက နှစ်ပြားမတန် အောင် အပြော ခံရပါတယ်။ “အိုတီကြ မဆင်းချင်ဘူး၊ အလုပ်မချင် အစောကတည်းက မလောနဲ့” ဆိုပြီး ပြောတာပါ။ အများရှေ့မှာ စိတ်ထိခိုက်အောင် ပြောတာပါ။ တကယ်ဖျားလို့ ဖျားတယ်ပြောတာတောင် ပေးမပြန် ပါဘူးရှင့်။
WCC အဖွဲ့ဝင်က လိုင်းခေါင်းဆောင်ဆိုတော့ အလုပ်သမားတွေကို မကြည့်ပါဘူး။ အထည်စံချိန်ရဖို့ ပဲ ပြောနေ တာပါ။ ကျန်းမာရေးမကောင်းတဲ့သူတွေကိုတောင် စံချိန်မပြည့် ပြည့်အောင်ချုပ်ဖို့ ဘေးကလာပြီး ဖိအားပေး ပြောနေတာပါ ။
ကျွန်မတို အိုတီတွေ အလွန်အကျွံ လုပ်ကိုင်ရလို့ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံး (အလရ) ကို ဖုန်းနဲ့ ၄ ကြိမ်တင်ပြခဲ့ပါတယ်။ အလာတူ ရန်ကုန်တိုင်း အလုပ်သမားရုံးကို တကြိမ် တင်ပြပါတယ်။ လာရောက် ဖြေရှင်းပေးတာ၊ ကူညီတာ မရှိခဲ့ပါဘူး။ အလုပ်သမားတွေမှာ ကူရာမဲ့ ဖြစ်နေလို့ အကူညီတောင်းပါတာ ပါရှင့်။
KSHENG Myanmar စက်ရုံက ဧပြီလထဲမှာ ရက်စား ၂ ရက်ကို အလုပ် ဆင်းမပေးလို့ ဆိုပြီး (ပိတ်ရက်မှာ ထိပ်ပိတ်၊ နောက်ပိတ် မိတယ်ဆိုပြီး) လစာ ၁၁ ရက်စာ ဖြတ်ပါတယ်။ ရက်စားဆင်းခိုင်းတဲ့ရက်ဆိုတာ ကလည်း စက်ရုံဘက်က ပိတ်တာပါ။ အလုပ်သမားတွေဘက်က ပျက်ကွက်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီလတွေ မတိုင်မီက ကတည်းက တနင်္ဂနွေ နားရက်တွေကို စက်ရုံက အလုပ်လုပ်ခိုင်းခဲ့တာပါ
ကျွန်မတို့ အလုပ်သမားတွေမှာ နစ်နာမှုတွေ အများကြီးမို့ အကူအညီတောင်းရတာပါရှင့် ။
(Myanmar Labour News က KSENG (Myanmar) Apparel စက်ရုံနဲ့ ပတ်သက်ပြီး ဧပြီလက ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ Mataland , Clique , springfield , FB sister , GEM) စတဲ့ တံဆိပ်တွေကို အလုပ်သမား ၉၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေပါတယ်။ )
NEWS
KSHENG Myanmar အထည်ချုပ် ၈ နာရီဆက် လုပ်ကိုင်ခိုင်းပြီး ညလုံးပေါက် ထပ်မံ ခိုင်းစေ

714 Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026