NEWS

KSheng အထည်ချုပ် လိုင်းခေါင်းဆောင် လုပ်အားခ ခေါင်းပုံဖြတ်

CoverLogo
847 Views
 
သာဓုကန်စက်မှုဇုန်က KSheng (ရုံ ၁ ) လိုင်းခေါင်းဆောင်တစ်ဦး ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်ကြေး (ဂရိတ်ကြေး) တွေကို ခေါင်းပုံဖြတ် ရယူနေတယ်လို့အလုပ်သမားတွေက ပြောပါတယ်။
 
"လစာထုတ်တဲ့နေ့မှာ နင်က A+ မရသင့်ဘူး။ A ပဲရသင့်တယ်ပြောပြီး လစာထဲက ပိုနေတဲ့ဂရိတ်ကြေးပေးဆိုပြီး ၃၀၀၀၀ကျော်လောက် ဖြတ်ယူထားလိုက်တယ်။ တခါဆို တစ်လတည်း အလုပ်သမား ၉ ယောက်ဆီက ဖြတ်တောက်ယူထားလိုက်တာ။ တိုင်ချင်တဲ့ နေရာတိုင်၊ ဆိုပြီးပြောတယ်" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လိုင်း ၁၁ ခေါင်းဆောင်မှာ မျိုးပပလွင်ဆိုတဲ့ အမျိုးသမီး တဦး ဖြစ်ပြီး စက်လိုင်းက အကူလုပ်သား မိန်းကလေးငယ်တွေကိုပါ ခွဲခြား ဆက်ဆံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"သူ(မျိုးပပလွင်)နဲ့အမျိုးတော်တဲ့ Helper (အကူ) ကောင်မလေးတွေကို လခစားမြန်မြန်ခန့်တယ်။ လုပ်သက် ၅လကျော်ရှိတဲ့ Helperကောင်မလေးကိုကြတော့ ကလေးအလုပ်သမားနဲ့တူလို့ဆိုပြီး အခုချိန်ထိ လခစား အလုပ်သမား ပြောင်းမ‌ပေးဘူး"လို့ ပြောပါတယ်။
 
KSheng Myanmar အထည်ချုပ်စက်ရုံ(ရုံ ၁) က တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လက်ရှိ Metaland တံဆိပ် အထည်တွေ ချုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026