NEWS

Kittenish Knitting အထည်ချုပ်စက်ရုံက အလုပ်သမားတွေ အချိန်ပိုတွေဆက်တိုက်ဆင်းပေးနေရလို့ ကျန်းမာရေးထိခိုက်လာ

CoverLogo
1.4K Views

ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ မင်းသိဒ္ဒိကျော်စွာလမ်းရှိ Kittenish Knitting အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အချိန်ပိုတွေဆက်တိုက်ဆင်းပေးနေရလို့ကျန်းမာရေးထိခိုက်လာတယ်လို့ သိရပါတယ်။

 

“အချိန်ပိုကဆက်တိုက်ဆင်းရတယ်။ ည တိုင်းဆင်းရတယ်။ ပင်ပန်းလာလို့မဆင်းချင်သေးဘူးပြောလည်း မရဘူး။ အတင်းဆင်းခိုင်းတယ်။ မဆင်းလို့မရဘူးဆင်းကိုဆင်းရမယ်ပဲပြောတယ်။ အချိန်ပိုကြေးကအပြည့်အ ၀ရပါတယ်။ အခြားကအဆင်ပြေပါတယ်။ ခွင့်ယူရင်ဖူလုံရေးရုံးမှာသွားယူရင်ပေးတယ်။ စက်ရုံထဲမှာဖျားနာ နေရင်ပြန်တော့မလွှတ်ဘူး စက်ရုံထဲပဲနားခိုင်းထားတယ်။ ညဘက်အချိန်ပိုည၁၂နာရီအထိဆိုရင် အိမ်မပြန်ရ တော့ဘူး စက်ရုံမှာပဲအိပ်ရတယ်။ အလုပ်သမားတွေတောင်းဆိုချင်တာက အချိန်ပိုတွေက်ို အရမ်းမဆင်းချင်ဘူး။ လူတွေလည်းအရိုးနဲ့အရေပဲရှိတော့တယ်” လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

 

အဆိုပါစက်ရုံမှ အလုပ်သမား၆၀၀ကျော်ရှိုပြီး ZARA၊ CRIVIT Global Recycled Standard စတဲ့ဘရန်းတွေက်ိုချုပ်လုပ်နေတာဖြစ်ပြီး တရုတ်မြန်မာဖက်ဆက်ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်တယ်လို့လည်း သိရပါတယ်။  

 

“ ခုကဘယ်လိုဖြစ်နေတာလဲဆိုရင် အချိန်ပ်ိုတွေ ၁၀နာရီထိဆင်းရတယ်။ ည၁၂နာရီအထိရော အောလင်းရော အကုန်လုံးဆင်းရတယ်။ မိန်းကလေးတွေလည်းအကုန်အပတ်တိုင်းဆက်တိုက်ဆင်းရတယ်။ အပတ်တိုင်းဆင်း ရတယ်။ အိုတီကြေးတွေက်ိုလည်း ခွဲခြားပြီးရှင်းပေးတယ်။ ၅၂၀၀ ပေးတာရှိတယ်။ ၅၆၀၀ပဲ ဒါပေမဲ့ စက်သမားတွေအခြားသူတွေ၅၆၀၀ရတယ်။ ကျွန်မတို့လုပ်သက်သုံးနှစ်ကျော်ပြီ ၅၂၀၀ပဲရတယ်။ ကျွန်မတို့ထက်နည်းတဲ့သူတွေကျလည်း ၄၀၀၀ကျော်ပဲရတယ်”လို့ ၎င်းကဆိုပါတယ်။  

 

အဆိုပါစက်ရုံကအလုပ်သမားအချို့ဟာ ယခုလိုမျိုးအချိန်ပိုတွေမတရားဆင်းရလို့တောင်းဆိုတာတွေ စာဖြင့်တင်ပြပြောဆိုအသိပေးတာတွေလုပ်ခဲ့ပေမဲ့ အဆင်မပြေ မထူးခြားလာဘဲ အဲ့ဒီလို စာတင်ပြီးတိုင်တန်းတဲ့အလုပ်သမားတွေကသာ အကုန်အလုပ်ထွက်ကုန်ကြတယ်လို့လည်း သိရပါတယ်။   

 

"တိုင်တဲ့တောတဲ့အလုပ်သမားကငါးယောက်ခြောက်ယောက်ရှိပြီး သူတို့က ဒေးကြေးလည်းအကုန်တန်းတူမပေးဘူး။ အချိန်ပိုလည်းမတရားဆင်းရတယ်ဆိုပြီး စာတင်ပြီးတိုင်ကြားခဲ့ကြတာပါ" လို့ အလုပ်သမားကပြောပါတယ်။ 

 

အခုလို ကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက်နေတဲ့ အခြေအနေမှာ အလုပ်သမားတစ်ယောက်အနေနဲ့ အိုတီ ဆင်းမှသာ အနည်းငယ်အဆင်ပြေတာဖြစ်လို့ အချိန်ပိုအိုတီ အလွန်အကျွံခေါ်တာကြောင့် ကျန်းမာရေးပါထိခိုက်လာပြီး ရေရှည်လုပ်ကိုင်နိုင်ရန် ခက်ခဲလာတာကြောင့် အလုပ်မလုပ်နိုင်တော့မှာစိုးရိမ်နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

ထပ်မံပြီး လုပ်ငန်းခွင်အတွင်း အချိန်ပို အလွန်အကျွံခေါ်တာတွေကို လျှော့ချပေးစေလိုပြီး ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026