NEWS

Kings rich (MYANMAR) Fashion စက်ရုံမှာ ဒေးကြေးတိုးပေးဖို့ စက်ရုံတစ်ရုံလုံးဆန္ဒပြ

CoverLogo
648 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ် -  ရှိ Kings rich (MYANMAR) Fashion Limited မှာ၀င်ရောက်လူပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ ဒီကနေ့ဇွန် ၁၀ရက်နံနက်ပိုင်းက  ဒေးကြေးတိုးပေးဖို့စက်ရုံတစ်ရုံလုံးဆန္ဒပြတောင်းဆိုနေကြတယ်လို့ ကနဦးသိရပါတယ်။ 

"ရွှေပြည်သာ စက်မှုဇုန်  Kings rich Myanmar fashion အထည်ချုပ် စက်ရုံ ဆန္ဒပြ၊ Day ကြေး တိုးပေးဖို့ တောင်းဆိုချက် တခုတည်း ကိုဘဲတောင်းတာလို့ ကနဦး သတင်းရရှိထားပါတယ်။စက်ရုံ တရုံလုံး မီးမှောင်ချထားပြီး ဘယ်သူမှအလုပ်မလုပ်ဘဲ တောင်းဆိုမှုကို ဒီနေ့မနက် ၈:၀၀နာရီ အလုပ်စဝင်ချိန်ထဲက ပြုလုပ်တာလို့သိထားတယ်" လို့  STUM ကဆိုထားပါတယ်။ 

အဆိုပါစက်ရုံဟာ HM အမှတ်တံဆိပ် ချုပ်နေတဲ့ အလုပ်သမားထောင်ကျော်ရှိတဲ့ စက်ရုံတစ်ရုံဖြစ်ပြီး အလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့်  အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိတဲ့စက်ရုံလည်းဖြစ်သလို ပြီးခဲ့တဲ့နှစ်က အလုပ်သမားတစ်ဦးကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုကို ဖြေရှင်းပေးခြင်းမရှိတဲ့အပြင် ဥပဒေမဲ့ အလုပ်ကထုတ်ပယ်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

"အဆက်အသွယ်တော့မရသေးဘူး ခေါင်းဆောင်လည်းမရှိဘူး ဒီအတိုင်းဒေးကြေးတိုးတောင်းတဲ့အချက်နဲ့ပဲဆန္ဒပြတယ်လို့သိရတယ်။ ဒေးကြေးကအရမ်းနည်းလွန်းလို့ ခုလိုတောင်းဆိုတာဖြစ်မယ်။ စက်ရုံမှာ လုံခြုံရေးတွေစောင့်နေကြတယ်ဆိုတော့ ကိုယ်တွေလည်းသွားမဖြစ်ဘူး။  ဘာကြောင့်လဲတောင်းဆိုချက်တွေဘာလဲဆိုတာ မသိရ ဘူး။ ဒီစက်ရုံကခုထိတော့ HM ဘရမ်းချုပ်နေသေးတယ်သိရတယ်။ အလုပ်သမားကထောင်ကျော်တယ်။ စက်ရုံကပြသနာခဏခဖြစ်တဲ့စက်ရုံနာမည်ကြီးပဲ။ အလုပ်သမားတွေဆန္ဒမပြရဘူး မတောင်းဆိုရဘူး။ သမဂ္ဂမဖွဲ့ရဘူး  အမျိုးမျိုးပဲ"လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ  ယနေ့နံနက်၈နာရီ စက်ရုံထဲစရောက်ချိန်ကစလို့  ဒေးကြေးအရမ်းနည်းလွန်းတာကြောင့်  ဒေးကြေးတိုးပေးဖို့  စက်ရုံတွင်းမီးများပိတ်ကာ  အလုပ်ရပ်ပြီးအလုပ်သမားများအားလုံးတောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026