NEWS

Kingrich Myanmar အလုပ်သမားများအား တောင်းဆိုမှုကာလအတွင်း လုပ်ခလစာ မပေးဟု ဆို၍  ညှိနှိုင်းနေ

CoverLogo
774 Views

လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်ငန်းခွင်အတွင်း တောင်းဆိုနေတဲ့  Kingrich Myanmar အလုပ်သမားတွေကို အလုပ်မလုပ်လို့ ဆိုပြီး စက်ရုံဘက်က လုပ်ခလစာ ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

လုပ်ခလစာ ငြင်းဆိုတာကို အောက်တိုဘာ ၇ ရက် WCC အဖွဲ့ အစည်းအဝေးမှတ်တမ်းမှာ ရေးသားထားတာဖြစ်ပါတယ်။

“တောင်းဆိုနေတဲ့ ကာလကို လုပ်ခပေးဖို့ အလုပ်သမားတွေကလည်း တောင်းဆိုထားတယ်။ သူ့တို့ဘက်ကလည်း မနက်ဖြန် လုပ်ငန်းခွင် ဝင်ဖို့ တောင်းဆိုထားတယ်။ ညှိနှိုင်းတဲ့ အဆင့်လို ပြောနိုင်ပါတယ်” လို့ အလုပ်သမား တဦးက ပြောပါတယ်။

အလုပ်ရပ် တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၉ ရက်မှာတော့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ၊ အလုပ်သမားသမဂ္ဂ၊ WCC နဲ့ စက်ရုံဘက်က တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

“အလုပ်သမားတွေက တရက်လုပ်ခကို ၁၂၀၀၀ တောင်းဆိုထားတယ်။ လက်ရှိကတော့  ၇၅၀၀ ပါ။ တခြား ရပိုင်ခွင့်တွေလည်း တိုးတောင်းထားတယ်။ ပိုင်ရှင်ကတော့ ၆ လပိုင်းတုန်းကလည်း တိုးထားပေးတယ်ဆိုပြီး ငြင်းနေတာပါ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

ဒါပေမဲ့ လုပ်သက် လ အနည်းငယ်သာရှိသေးတယ် အလုပ်သမားတွေကို အောစူပါနဲ့ စူပါတချို့က ခြိမ်းခြောက် လုပ်ကိုင်ခိုင်းနေတာတွေ ရှိတယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။

“လိုင်း၁ ကနေ လိုင်း ၆ အထိကိုင်တဲ့  အောစူပါ အိအိဝင်း ဆို လုပ်သက် ၃ လမပြည့်တဲ့ အလုပ်သမားတွေကို တခြား ရုံတွေအထိ အလုပ်လုပ်လို့မရအောင် လုပ်မယ်ဆိုပြီးပြောတယ်။ အလုပ်သမား အခွင့်ရေး ဆန္ဒပြတဲ့ အချိန်ကလည်း လစာပေးတယ်နဲ့၊ လောက်အောင်မသုံးလို့ ဆန္ဒပြတာလို့ဆိုပြီး ဆဲဆိုပြောဆိုနေတာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

Kingrich Myanmar အထည်စက်ရုံမှာ လုပ်သားအင်အာား ၁၄၀၀ နီးပါးရှိပြီး အဲ့ဒီထဲက ၈၈ ဦးပဲ အလုပ်ရပ် တောင်းဆိုရာမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ မပါဝင်သူအများစုကတော့ အောစူပါ၊ လီဒါတွေ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန့်လမ်း (ရေပြာမှတ်တိုင်) မှာ ရှိပြီး တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ သိထားပါတယ်။  
 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026