NEWS

JW (ADK) အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ညှိနှိုင်းနေဆဲဖြစ်

CoverLogo
2.1K Views

 ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ JW (ADK) အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါ ရပိုင်ခွင့် တွေဖြစ်တဲ့ ခွင့်၊ ဆေးခွင့် ၊ ရှောင်တခင်ခွင့် ၊ လုပ်သက်ခွင့် စတာတွေ ဘာတစ်ခုမှ မရှိဘဲ ၂ ရက်ဆက်တိုက် ပျက်ပါက အလုပ်မှ ထုတ်ပယ်တာ အပြင် အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံရမှု ကြောင့် ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ စက်ရုံတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။


"အဓိက တောင်းဆိုချက်တွေက ထုတ်လုပ်မှုကြေးတို့ ဂရိတ်ကြေးတို့ နောက်တခုက ခွင့်ဆိုဘာခွင့်မှမရှိဘူး ၂ ရက်ပျက်တယ်ဆိုရင် ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်ထုတ်တယ် စနေနေ့ ည ၇ နာရီထိ မဟုတ်ဘဲ ၄ နာရီထိပဲ ဆင်းခိုင်းဖို့ တနင်္ဂနွေအိုတီခေါ်ရင် လက်ငင်းရှင်းပေးဖို့ နဲ့ ရက်စားတွေမခေါ်ဖို့  ရက်မှန်ကြေးတိုးပေးဖို့  တောင်းဆိုထားတာ ဖြစ်ပါတယ် အခုလက်ရှိမှာတော့ ညှိနှိုင်းနေဆဲပါ။ လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။


လုပ်ငန်းခွင်ထဲမှာ ထုတ်လုပ်မှုကြေး၊ ကျွမ်းကျင်ကြေး ရက်မှန်ကြေးတွေ ရှင်းပေးဖို့နဲ့ ကြီးကြပ်သူတွေရဲ့ လုပ်ငန်းခွင်အတွင်း အော်ဟစ်ဆဲဆိုတာ တွေ မပြုလုပ်ဖို့ ပါ တောင်းဆိုထားတယ်လို့ သိရပါတယ်။


လက်ရှိမှာ အလုပ်သမား ၂၀၀၀ ဝန်းကျင်ဟာ စက်ရုံဝင်းအတွင်း ညှိနှိုင်းမှုရလာဒ်ကိုစောင့်ဆိုင်းနေဆဲ ဖြစ်ပြီး စစ်တပ် နှင့် ရဲ များအပါအဝင် အလုပ်သမား တိုင်းရုံး မှ လာရောက်ကာ စက်ရုံ တာဝန်ရှိသူများနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်းသိရပါတယ်။


 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026