အင်တိုင် Jum စက်ရုံက အလုပ်သမားပါရှင့်။ စက်ရုံ နာမည်က Jun Coporation Co.,Ltd ပါ။
လှည်းကူး၊ ဇရပ်ကွင်းနားက အင်တိုင် စက်ရုံ ပါ ။
စက်ရုံမှာက မနက်အလုပ်တက်ချိန်က ၇ နာရီ ၂၀ မိနစ်မှာ တက်ပါတယ်။ ညနေဆို ၇ နာရီ ၅၀ မိနစ်မှ ပြန်ရပါတယ်။
အချိန်ပို OT ကြေးက လက်ငင်း မရှင်းပေးပါဘူး။
အောလင်း(မနက်မိုးလင်း ၄ နာရီ) တွေလည်း ခဏခဏ လုပ်ပေး ရပါတယ်။
နေ့လယ် ၁၂ နာရီခွဲ ထမင်းစားပြီးကတည်းက အလုပ်ဆင်းတဲ့ ည ၇ နာရီ ၅၀ အထိ ဆက်တိုက်ချုပ်ပေးရပါတယ်။ အနားပေးတာမရှိပါဘူး။ နေ့တိုင်း အဲလို ဆက်တိုက် လုပ်ပေးရတာပါ။ စနေနေ့ဆိုလည်း ည ၇ နာရီ ၅၀ အထိ အလုပ်ဆင်းရတာပါ။ အဲ့အချိန်အထိ လုပ်ပေးနေရတာ တနှစ်လောက် ရှိနေပါပြီ ။ တနင်္ဂနွေနေ့တွေလည်း ဆင်းပေး ရပါတယ်။
ဒီလ (ဇူလိုင်လ) ထဲမှာ အော်လင်း ၄ ကြိမ် ၊ တနင်္ဂနွေ ၂ ကြိမ် ဆင်းထားရပါတယ်။ အောလင်းဆိုရင် တနင်္ဂနွေနေ့ မနက်ပြန်ရပါတယ်။
နားရတဲ့ ရက် အရမ်းကို နည်းပါတယ်။
အချိန်ပိုဆင်းရတာတွေကို ငြင်းခွင့်မရှိပါဘူး။
ဆင်းရမယ်ဟေ့ဆို ဆင်းရတယ်။ မဆင်းချင်ရင်လည်း ဆင်းရပါတယ်။ ပြန် မပြောရဲ ပါဘူး။ မဆင်းဘူးဆိုရင် ရုံးပေါ်ကလူတွေက ပြောဆိုပါတယ်။ စူပါက ဂရိတ်ချမယ်လို့ ပြောပါတယ် ။
ဂရိတ်(ကျွမ်းကျင်ကြေး) ချခံရရင် ၃၀၀၀၀ လောက် နစ်နာရပါတယ်။
အချိန်ပိုတွေ အရမ်းဆင်းနေရတော့ အလုပ်လုပ်ရလွန်းလို့ သေတော့မယ်။ ကျွန်မတို့ အလုပ်သမားတွေလည်း ပင်ပန်းနေပါပြီ ။ စိတ်သောက များရပါတယ်။
ခွင့်မရလည်းမရပါဘူး။ ရက်ပျက်ရင်လည်း ကျွမ်းကျင်းကြေး ဖြုတ်ပါ တယ်။ ရက်မှန်ကြေးနဲ့ ဒေးကြေးပါ ဖြုတ်တာပါ။ အဲလို ဖြုတ်ခံရတာနဲ့ ၆၀၀၀၀ ကျော် နစ်နာနေတာပါ။
ဒေးကြေးက ၆၀၀၀ ရပါတယ်။ အချိန်ပို OT က ၁၄၀၀ ပါ။
စက်ရုံပိုင်ရှင်က ကိုရီးယားလူမျိုးပါ။ အလုပ်သမား စုစုပေါင်း ၁၀၀၀ ကျော် ရှိပါတယ်။ WCC အဖွဲ့လည်း ရှိပါတယ်။ အဖွဲ့ဝင်တွေကတော့ အလုပ်သမားတွေရွေးချယ်တဲ့သူ မပါပါဘူး။ တိုင်ကြားလည်း အရာ မရောက်ပါဘူး။
အိုတီကြေးတွေ လက်ငင်းပေးတယ်ဆိုရင် သုံးစွဲဖို့ ရပါတယ်။ ချေးငှားဖို့ မလိုဘူးပေါ့။ ဘယ်လောက် ရတယ်ဆို တာလည်း သိရတယ်။ အခုဟာက အကြွေးလည်းယူရ၊ ဘယ်လောက်ရမှန်းမသိနဲ့ ဖြစ်နေတာပါ။ အခုတော့ အတိုးနဲ့ ဘာနဲ့ ဆို အလကား လုပ်ပေးနေရသလိုပဲ။
စနေနေ့နဲ့ တနင်္ဂနွေနေ့တွေ အချိန်ပိုခိုင်းတယ်ဆိုလည်း ၄ နာရီခွဲ ပြန်လွှတ်စေချင်တယ်။ နေ့တိုင်းလည်း နောက်ကျ နားရက်လည်း နောက်ကျမှ ပြန်ရတယ်ဆိုတာ အလုပ်သမားတွေကို ပြန်ကြည့်ဖို့လို ပါတယ်။ အနီးနားက စက်ရုံတွေလည်း ဒေကြေး ၇၀၀၀ အထိ တိုးပေးနေတာ၊ ကျွန်မတို့က ၁၀၀၀ အနစ်နာခံပြီး စိတ်ဆင်းရဲ့နေရပါတယ် ရှင့်။ ကူညီပေးပါရှင့်။
NEWS
Jun Coporation အထည်ချုပ် အချိန်ပို ငြင်းဆန်ပါက ကျွမ်းကျင်ကြေး ဖြတ်တောက်မည်ဟု ခြိမ်းခြောက်

538 Views
Related posts

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026

New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026

WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026