NEWS

Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်

CoverLogo
295 Views
 
Jinli Garment Co.,Ltd ပိုင် အထည်ချုပ် စက်ရုံကို အလုပ်သမားရုံးက လာရောက်စစ်ဆေးလို့ ဆိုပြီး အလုပ်သမားတွေကို စက်ရုံ မန်နေဂျာနဲ့ ခေါင်းဆောင်တွေ က ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်၊ လုပ်ငန်းခွင်အတွင်း တိုင်းကြားသူကို စုံစမ်းမှုတွေပြုလုပ်နေပြီး ဆဲဆို ခြိမ်းခြောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားရုံးက လာစစ်တယ်။ ချိုးဖောက်ခံရတာက အပြောင်းအလဲမရှိဘူး ။ ရှိတာက ခြိမ်းခြောက်ခံရတာ။ တိုင်စာပို့တာကို စက်ရုံဘက်က မီတင်ခေါပြီး ဘယ်သူ လုပ်တယ်၊ ဘယ်လိုင်းက ဆိုတာ သိတယ် ။ ပြီးတော့ မီတင်မှာ စက်ရုံမန်နေဂျာ၊ အောစူပါ၊ စူပါတွေက ခြိမ်းခြောက်တယ်။ အကူအညီ မတောင်းရဲအောင် ပြောကြပါတယ်.” လို့ ပြောပါတယ်။
လုပ်ငန်းခွင် အတွင်း အလုပ်သမားတချို့ကို ခြိမ်းခြော်ကပြီး နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ဘယ်သူ ဘယ်လိုင်း က တိုင်သလဲလို့ စုံစမ်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံမန်နေဂျာ အောစူပါ၊ စူပါ တွေက “ဘယ်တိုင်တိုင်၊ ဘယ်သူပဲလာလာ၊ ငါတို့က ေ-ာက်ဂရုမစိုက်ဘူး ။ လုပ်နိုင်ရင် လုပ်၊ မလုပ်နိုင်ရင် ထွက်။ လူဟောင်းထွက်ရင် လူသစ်လာမယ် ဆိုပြိး ပြောတယ်” လို့ အလုပ်သမား တွေက ပြောပါတယ်။
 
စက်ရုံဘက်က အောလင်း၊ အောနိုက်တွေ လုပ်ကိုင်ခိုင်းတဲ့အပြင် တနင်္ဂနွေ နားရက်တွေပါ အချိန်ပို ဆင်းခိုင်း တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုလုပ်ကိုင်ဖို့ စက်ရုံဘက်က ဖိအားပေးပြီး ငြင်းဆန်သူတွေကို ပြောဆို ဆူပူတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
“အောနိုက်၊ အောလင်း အချိန်ပို မဆင်းချင်လဲမရဘူး။ မဆင်းရင်လည်း အောစူပါ၊ စူပါ၊ လီတာတွေက စက်လိုင်း အနောက် ခေါ်ပြီး အော်ဟစ်၊ ဆူတာ ခံရပါတယ်။” လို့ ပြောပါတယ်။
 
အထည်စံချိန်မပေးနိုင်ပါက အောစူပါ၊ စူပါ၊ လီတာတွေက ဆဲဆိုတဲ့အပြင် စက်ရုံဘက်က နေ့စား အလုပ်သမားတွေကို အတည်ပြုခန့်ထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်ပျက်လို့ဆိုပြီး ကျွမ်းကျင်ကြေး အဆင့်ချပေမဲ့ ချုပ်ရတဲ့ အဆင့်ကတော့ အပြောင်းလဲ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်စံချိန်ကို တစ်နာရီကို ၈၀ အထိ တောင်းတယ်။ မရလို့ကတော့ အိမ်က အဖေ,အမေပါ မချန်ဘူး အကုန်ဆဲတာ။ နေ့စားတွေကတော့ အလုပ်ပါးတာနဲ့ အလုပ်ထုတ်တာပဲ။ ရက်ပျတ်လို့ ကျွမ်းကျင် အဆင့် ချ၊ ကျွမ်းကျင်ကြေး လျှော့တာပဲရှိတယ် ၊ ချုပ်ရတာက ပြောင်းမသွားဘူးလို့ ပြောပါတယ်” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း WCC ကိုဖွဲ့စည်းထားပေမဲ့ အဖွဲ့ဝင်တွေက လုပ်ရှင်က ရွေးချယ်ထားသူဖြစ်လို့ အလုပ်သမား တွေ ရဲ့ နစ်နာမှုတွေ ပြောဆိုဆွေးနွေးပေးတာမရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံက အချိန်ပိုခေါ်ရင်လည်း လက်မှတ်ထိုးဆို WCC က ထိုးလိုက်တာပဲ။ အလုပ် သမားတွေကို မေးမြန်းမှု လည်း မရှိဘူး၊ ပြောပြတာလည်း ဘူး လက်မှတ်ထိုးပေးလိုက်တယ်။ အလုပ်ရှင် လက်ကိုင်တုတ် ဖြစ်နေတယ်။” လို့ ပြောပါတယ်။
Jinli Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင် လမ်း၊ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်နေပြီး Legender’s တံဆိပ် အထည်တွေချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026