NEWS

Jin kai hai Co.Ltd ပိုင် အထည်ချုပ်စက်ရုံ နိုင်ငံခြားသားများမှ ဆဲဆို ခိုင်းစေ

CoverLogo
301 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ် ၊ အိမ်ဂျယ် KTV အနီးမှာ ဖွင့်ထားတဲ့ Jin kai hai Co.Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို နိုင်ငံခြားသားတွေက ဆဲဆိုခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကိုအလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်ကို မတရား တောင်းတာ၊ လူ ၂၀ကျော် ရှိတဲ့ စက်လိုင်းကို တနာရီ အထည် ၁၀၀ တောင်းတယ်။ လိုင်းထဲက အလုပ်သမားတစ်ယောက်ကို နှစ်ပွိုင့်ကနေ သုံးပွိုင့်အထိချုပ်ရတယ်။ စံချိန်မပေးနိုင်ရင် စက်ရုံက တရုတ် ကိုယ်တိုင် အလုပ်သမားတွေကို ဆဲတယ်၊” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
သီတင်းကျွတ်ပိတ်ရက်မှာလည်း အထည်မရှိလို့ စက်ရုံ ရက်ပိုင်း ပိတ်ခဲ့ပြီး လုပ်ခလစာကို အပြည့်အဝ မပေးခဲ့ဘူးလို့ အုလပ်သမားတွေက ပြောပါတယ်။
 
“အထည်မရှိလိုဆိုပြီး သီတင်း ကျွတ်ပိတ်ရက်ကို စုစုပေါင်း ၁၅ ရက်ပိတ်ပေးတယ်။ ပိတ်ရက် ၃ ရက်ကို ဒေးကြေးကို ၅၀၀၀ ကျပ် ရှင်းပေးပြီး ကျန်ပိတ် ရက်ကို ဒေးကြေး ၇၀၀၀ ကျပ်နဲ့ ရှင်းပေးတယ်။ ရက်မှန်ကြေး ၅၀,၀၀၀ ပေးမယ် ပြောပြီး မပေးခဲ့ဘူး။” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ ဥပဒေအရ ခံစားခွင့် ဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို အလုပ်ရှင်ဘက်က ခံစားခွင့်မပေးဘဲ အလုပ် တစ်ရက်ပျက်လို့ ကျပ် ၃၅,၀၀၀ ကျပ် ကျော် အဖြတ်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးသက်ဆိုင်တဲ့ သောက်ရေနဲ့ သန့်စင်ခန်းတွေက ကောင်းမွန်မှုမရှိဘူးလို့လည်း သိရပါတယ်။
 
“အလုပ်ထဲမှာ သောက်ရေ ပုံမှန်မရှိဘူး။ အမြဲပြက်နေတာ။ ရေမသောက်ရတဲ့ နေ့တွေလည်း ရှိတယ်။ အိမ်သာဆို ရေမရှိတာများတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Jin kai hai Co.Ltd စက်ရုံမှာ အလုပ်သမား ၁၀၀ ကျော် လုပ်ကိုင်နေပြိး တရုတ်နိုင်ငံသား ပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
photo - Rex Shutterstock
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026