NEWS

Jimmy Garment က နေ့စားလုပ်သားများအား အချိန်ပိုကြေးမပေးဘဲ အလုပ်ထုတ်

CoverLogo
705 Views
 
JIMMY Garment (Myanmar) က နေ့စားအလုပ်သမားတွေကို အချိန်ပိုလုပ်ကိုင်ခတွေ မပေးဘဲ လုပ်သက်တစ်လ ပြည့်တဲ့နေ့တွေမှာ အလုပ်ထုတ် တယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ် STUM ကို ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။ နေစားအလုပ်သမားတွေမှာ အချိန်ပိုလုပ်ကိုင်ရလို့ လုပ်ခမရတဲ့ အပြင် တနင်္ဂနွေနေ့နဲ့ အစိုးရ ရုံးပိတ်ရက်တွေအတွက်ပါ ရက်တွက်ဒေးကြေး ခံစားခွင့်မရဘူလို့ ပြောပါတယ်။
 
“ပြီးခဲ့ လကုန်ရက် (ဇွန် ၃၀) က ရုံးခန်းမှာ မန်နေဂျာက နေ့စားဝန်ထမ်းတွေအကုန်လုံး နောက်ရက်ကစ ပြီး အလုပ်မလာနဲ့တော့လို့ပြောပြီး အလုပ်ကထုတ်လိုက်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ထုတ်ခံတဲ့ အလုပ်သမားအများစုဟာ လုပ်သက် တစ်လပြည့်တဲ့အထိ စက်ရုံဘက်က EC စာချုပ် ချုပ် ချုပ်မပေး
တဲ့ အပြင် အချိန်ပိုကြေးနဲ့ ရက်တွက်ဒေးကြေးများ အပြည့်အဝ မရခဲ့ဘူးလို့ သိရပါတယ်။
 
“စက်ရုံက နေ့စားဝန်ထမ်းဖြစ်လိုဆိုပြီး အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေ အတွက် ဒေးကြေးမပေးခဲ့ဘူး။ စနေနေ့တိုင်း အချိန်ပိုတစ်ရက်(၄)နာရီအတွက်နဲ့ အလုပ်ပိတ်ရက် တစ်ရက်အတွက် အချိန်ပို(၈)နာရီအတွက် အချိန်ပိုကြေးတွေလည်း မပေးခဲ့ဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
JIMMY Garment (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံဘက်ကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ အခန်း(၃)၊ ပုဒ်မ- ၅(က)၊ ပုဒ်မခွဲငယ်-၁ ချိုးဖောက်နေလို့ ပုဒ်မ-၃၈(က) အရ ထိရောက်စွာ အရေးယူပေးဖို့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ကို တိုင်ကြားထားတယ်လို့ STUM အဖွဲ့ချုပ်က ပြောပါတယ်။
 
JIMMY Garment (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု(၇)လမ်းမှာ ဖွင့်ထားပြီး NORWAY Nautical School တံဆိပ်တွေ ချုပ်နေတယ်လို့ အလုပ်သမားတွေ က ပြောထားပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026