NEWS

Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်

CoverLogo
371 Views
 
Jiangsu Soho Myanmar Industry ပိုင် အထည်ချုပ်လုပ်ငန်းခွင်မှာ နိုင်ငံခြားသူ တရုတ်အမျိုးသမီးက တိုက်ရိုက် အုပ်ချုပ်ပြီး စောင့်ကြည့် အလုပ်ထုတ်တာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ ဒါ့အပြင် အလုပ်သမားတွေကို စောင့်ကြည့်ဖို့ စာရေးမတွေပါ မှာကြားထားလို့ ဖိအားတွေနဲ့ အလုပ်လုပ်နေရတယ်လို့ အလုပ်သမားတွေက ပြောတယ်။
 
“တရုတ်အမျိုးသမီး သူစက်လိုင်းထဲပတ်နေချိန်ဆိုရင် မတ်တပ်ရပ်တာဖြစ်ဖြစ်၊ စကားပြောနေတာဘဲဖြစ်ဖြစ် တွေ့တာနဲ့ ပြောဆိုတယ်။ ဓာတ်ပုံ ရိုက်၊ နောက်နေ့အလုပ်ဖြုတ်တာပဲ။ အဓိကက သူမကြိုက်ရင် အလုပ်ဖြုတ် တာပါ။ စာရေးမတွေဆို အဲဒီ တရုတ်မလေသံအတိုင်းဘဲ သူကပဲ စာရေးမတွေကို စောင့်ကြည့်ဖို့ ပြောထားတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စကားပြောဆိုတာကို အဲ့ဒီ နိုင်ငံခြားသူ နားမလည်သလို အကြောင်းမဲ့ အလုပ်ထုတ် တာလို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုလက်မှတ်ကို အလုပ်သမားတွေကို မထိုးရသလို ဂိတ်ပတ်တောင်းလို့ စာရေးမတွေက ရိုင်းဆိုင်စွာ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဂိတ်ပတ်စ်ကို တော်တော်ကြီးပြောမှ ၊ ရတယ်ဆိုရင်တောင် စာရေးမတွေက ‘စောက်လုပ်ရှုပ်လို့ မလုပ် ပေးတာတို့၊ အားယားနေ ပြန်နေတာတို့’ လို့ ပြောဆိုပြီးမှာ ဂိတ်ပတ်စ်ရတယ်။ အလုပ်သမားက ထိုးရတဲ့ အချိန်ပို လက်မှတ်ဆို စာရေးမတွေကပဲ ထိုးပေးလိုက်တာ။ ဘယ်လောက် ချိန်အပိုခေါ်ခေါ် သူတို့ပဲ လက်မှတ် ထိုး ပေးတယ်” လို့ ပြောပါတယ်။
စက်ရုံဘက်က တောင်းတဲ့ အထည်စံချိန်မရပါက အောစူပါ စူပါတွေက ဆဲဆို အော်ဟစ်တာတွေက အခုလို သင်္ကြန်ကာလမှာ ပိုဆိုးလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်ဖတ်သတ် တောင်းတဲ့ အထည်စံချိန်တွေဆိုတော့ ဘယ်စက်လိုင်းမှ မရဘူး။ စံချိန်မရရင် စူပါ၊ အောစူပါ က ဆဲဆို ကြိမ်းမောင်းနေတာ။ သူတို့က သင်္ကြန်ဘောနပ်ဆိုပြီး နှစ်တိုင်း သိန်းဆယ်နဲ့ချီရတာ့ ဒီလိုအချိန်ဆို ခေါင်းပုံဖြတ် ခြိမ်းခြောက်တာက ပိုဆိုးတယ်။ အလုပ်သမားတွေကို ညှာတာရကောင်းမှန်း မသိဘူး” လို့ ပြောပါတယ်။
 
အလုပ်ချိန်က မနက် ၇ ခွဲမှာ စတင်ပေမဲ့ ၅ မိနစ်အလိုမှာ လုပ်ငန်းခွင် ဝင်ရောက်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေမရတဲ့ အပြင် ရက်ပျက်ဆိုပြိး ဒေးကြေး ၊ ရက်မှန်ကြေးတွေ အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က မုန့်ဖိုးဆိုပြီး သတ်မှတ်ထားတဲ့ မုန့်ဖို့ ကျပ် ၈၀၀၀၀ ထဲက တချို့ကို ဖြတ်တောက်တာ နှစ်လ ရှိပြီလို့ ပြောပါတယ်။
 
“ နှစ်လရှိပြီ ၈၀၀၀၀ ဆိုတဲ့ မုန့်ဖိုးထဲက ၅၀၀၀၀ ဖြတ်ပြီး ၃၀၀၀၀ ပဲ ပေးတော့တယ်၊ အမှန်တကယ်က မုန့်ဖိုး ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျွမ်းကျင်ကြေးကိုပေးနေတာ၊ အခုတော့ အဖြတ်ခံရနေရတယ်။ နေ့တိုင်းလည်း အချိန် ခိုးခိုင်းတယ်။ ရှောင်တခင်ခွင့်၊ ဆေးခွင့်မရတွေက မရဘူး။ ရက်ပျက်တယ်ဆိုပြီး ဒေးကြေး နဲ့ ရက်မှန်ကြေးထဲက တစ်သောင်းခွဲအဖြတ်ခံရတယ်.” လို့ ပြောပါတယ်။
 
နေ့လယ် ထမင်းစားနားချိန်တွေမှာ လုပ်ငန်းခွင်အတွင်း နားခွင့်မပေးဘဲ ထမင်းစားဆောင် တနေရာတည်းမှာပဲ နားခွင့်ပေးလို့ အလုပ်သမားတွေမှာ ကျပ်တည်းစွာ နေထိုင်ရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Jiangsu Soho Myanmar Industry အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း နှင့်တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားပြီး လုပ်ငန်းခွင်အတွင်း Lcw Vision, Sinsay men တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026