NEWS

Jian Yi Garment အထည်ချုပ် စက်ရုံ အသစ်ဆိုပြီး ခွင့်ရက်မပေး

CoverLogo
340 Views
 
Jian Yi Garment Company Limited အထည်ချုပ်စက်ရုံက စက်ရုံအသစ်ဖြစ်လို့ ဥပဒေပါ ခွင့်ရက်တွေကို မပေးနိုင်ဘူးဆိုပြိး ပြောဆိုတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေမှာတော့ အစမ်းခန့်ကာလမှာပဲ ခွင့်ရက်ရယူနိုင်ဖို့ တရားဝင်ခွင့်ပြုထားပါတယ်။
 
“ခွင့်တောင်းတာနဲ့ စက်ရုံဖွင့်တာမကြာ သေးဘူဆိုပြီး မပေးဘူး။ ခွင့်တွေဆို ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့် ဘာမှမပေးတာ၊ ခွင့်မရလို့ ရက်ပျက်ရင် ဒေးကြေး ၁၁၀၀၀၊ ရက်မှန်ကြေး ၄၀၀၀၀ ဖြတ်တယ်။ နေထိုင်မကောင်းလို့ နားပြီး နောက်နေ့အလုပ်ပြန် ဆင်းတာနဲ့ “နေမကောင်းလျင် အလုပ်မလာနဲ့”” လို့ ပြောတယ်။
 
အလုပ်နောက် ကျတာ၊ အရေးပေါ်ကိစ္စနဲ့ နေထိုင်မကောင်းလို့ ဂိတ်ပတ်စ်ယူထားပါက ဂိတ် ပတ်စ် နာရီ အားလုံးပေါင်းပြီး ရက်မှန်ကြေး ဖြတ်တောက်မယ်ဆိုပြီး ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်တချိန်မှာ နံနက်၈နာရီမှ ညနေ၆ခွဲအထိ ဖြစ်ပြီး အလုပ်စချိန် ၁၀ မိနစ် အလိုကတည်းက အလုပ်စတင်လုပ်ကိုင် ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“မနက် အလုပ်စဖို့ ၁၀ မိနစ်အလိုမှာ အလုပ်ဝင်ခိုင်းတယ်။ ညနေ အလုပ်ဆင်းရင် မျက်နှာကို စကန်ဖတ်ရတယ်။ အဲအတွက် အလုပ်းချိန် ၆ခွဲဖို့ ၁မိနစ်အလိုမှာ မျက်နှာစကန်ဖတ်ဖို့ တန်းစီတာကို ပိုက်ဆံဖြတ်မယ် ပြောတယ်။ အလုပ်ရုံက မနက် ၁၀ မိနစ် အလုပ်ချိန် ခိုးတယ်၊ ၁ မိနစ်အတွက် ပိုက်ဆံဖြတ်တယ်။” လို့ ပြောပါတယ်။
 
စက်ရုံ တာဝန်ရှိသူတွေက အထည်စံချိန်ကို အလုပ်သမားတွေ ချုပ်လိုပ်နိုင်တာထက် ပိုတောင်းပြီး တနာရီ အထည် ၈၀ အထိ ချုပ်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်လိုင်း တစ်လိုင်းမှာ လုပ်သား ၂၈ ဦး ရှိပြီး အဲ့ဒီထဲက ၂၅ ယောက်ကပဲ ချုပ်လုပ်နေတယ်လို့ ဆိုပါတယ်။
 
“စက်လိုင်းတစ်လိုင်းမှာ စက်ချုပ်ကျွမ်းကျင် ၂၈ ယောက် အဲ့အထဲက ၂၅ ယောက်ပဲ ချုပ်ရတယ်။ တစ်နေ့ကို အထည်စံချိန်က အထည်၈၀၀။ တစ်နာရီကို ၈၀နှုန်း ။ စက်သမားတယောက်က တနေ့ ၃၂ ထည် နှုန်း ချုပ်နေရတာ။ နောက် စက်လိုင်းထဲတွင် ဟက်ပါမထားဘဘူး၊ စက်ချုပ်သမားတွေကို ဟက်ပါလုပ်ခိုင်းတယ်။ မီးပူတိုက်ခိုင်းတယ်။ အထည်စံချိန် မရလို့က စက်လိုင်းမန်နေဂျာက အော်ဟစ်ပြောဆိုနေတော့တာ။" လို့ ပြောပါတယ်။
 
အထည်စံချိန်မရပါက ဂရိတ်ကြေးချမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း သောက်ရေကတော့ နေပူထဲက ရေပိုက်ကနေ သောက်သုံးရတဲ့ အပြင် ရေခွက် ကို ကြိုးနဲ့ချည်ထားလို့ ရေအပူတွေကို ပဲ သောက်နေရတယ် ဆိုပြီးလည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“အလုပ်အဆင်မပြေလို့ အလုပ်ထွက်ချင်ရင် တစ်ပတ်ကြိုတင်ပြီး ထွက်စာတင်၊ မတင်ရင် ဒေးကြေး ၆၈၀၀ ၊အချိန်ပိုကြေး၁၂၀၀ နဲ့ပဲ ရှင်းပေးတယ်။ ထွက်စာတင်လည်း လကုန်ထိဆင်းပေးမှ ဒေးကြေး အပြည့်ရှင်းပေးတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Jian Yi Garment Company Limited စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်းဧရာလမ်းမှာ ရှိပြီး Sinsay, ERC တံဆိပ် အထည်တွေ ချုပ်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026