NEWS

Jia Xin(Myanmar) အထည်​ချုပ်​က အချိန်ပိုအတင်းအဓမ္မစေခိုင်းတဲ့ပြဿနာ ပထမဆုံးစတင်ညှိနှိုင်း

CoverLogo
847 Views

ဝါးတရာ လမ်းသွယ် ၂၊ဝါးတရာစက်မှူဇုန် ရွှေပြည်သာရှိ Jia Xin(Myanmar) Garment Co;Ltd ကျားရှင်းအထည်ချုပ်က အလုပ်သမားများဟာ အချိန်ပို အလကားဆင်းနေရလို့ အလုပ်မှထွက်လာခဲ့ရတဲ့ကိစ္စကို ဩဂုတ်၂၁ ရက်က ပထမဆုံးစတင်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ 

" ညှိနှိုင်းတာဘာမှမထူးဘူး။ ဒီအတိုင်းပဲ။ ဒီနေ့ကပထမအကြိမ်စညှိတာ။ ညှိဖြန်မှာညှိမှာပါ။ လောလောဆယ်တော့ လက်ခံမဲ့ပုံလည်းမပေါ်ဘူး။ ညှိဖြန်ရဲ့ထုံးစံအတိုင်း သုံးကြိမ်ညှိမယ်။ သူတို့ကလက်ခံမဲ့ပုံတော့မပေါ်တော့ပါဘူး။ အချင်းချင်းပြဿနာကလည်း တော်တော်တက်ထားပြီဆိုတော့" လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားများဟာ အချချိန်ပို OT ကို အလကား ဆင်းပေးရလို့ ဆက်လက်မလုပ်နိူင်ဘဲ Super, Leader အပါ အလုပ်သမား၁၂ ဦးက လုပ်ငန်းခွင်မှ ၁၂-၈-၂၃ တွင် လုပ်ငန်းခွင်မှ ထွက်လာခဲ့ကြတာလို့ သိရပါတယ်။ 

ဒါ့အပြင် စက်ရုံတွင်း ချိုးဖောက်မှူများစွာအနက် ၁- HR မန်နေဂျာ မှ စကားပြန်ရာထူးနှင့် production ကိုပါပူးတွဲ တာဝန်ယူလုပ်ဆောင်သဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်တာဝန်များနှင့်ဆုံးဖြတ်ချက်များ တဦးထဲမှ ကိုင်တွယ်လုပ်ဆောင်ခြင်း။

၂၊ OT ကြေး မပေးဘဲ အလုပ်ခိုင်းခြင်း၊

၃၊ အလုပ်သမားများ၏လက်မှတ်ကို ကာယကံရှင်မသိဘဲ Resign စာရွက်တွင် လက်မှတ်ထိုးခြင်းစတာတွေကို အလုပ်သမားတွေအပေါ်ချိုးဖောက်ထားတာလို့လည်း ဆိုပါတယ်။

အဆိုပါစက်ရုံက လက်ရှိ ဂျပန် brand ကို ချုပ်လျှက်ရှိပြီး တခြားစက်ရုံတခု မှလက်ခွဲ ယူချုပ်ခြင်းဖြစ်ပြီးယခုချိုးဖောက်မှူများကိုလည်း အော်ဒါချပေးထားတဲ့စက်ရုံမှလည်း စောင့်ကြည့် ကြပ်မတ်ရန်လိုအပ်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026