NEWS

Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး

CoverLogo
304 Views
 
စက်ရုံတာဝန်ရှိသူတွေက သူတို့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေကို လုပ်ငန်းခွင်ထဲခေါ်လာပါ။
ပြီးတော့ သူတို့က စက်လိုင်းထဲက အလုပ်သမား အမျိုးသမီးတွေ အလုပ်လုပ်နေတာကို တစ်လိုင်းဝင် တစ်လိုင်းထွက် လိုက်ပြီး ကြည့်ပါသည်။ အဲလို လိုက်ကြည့်ပြီး သူတို့နဲ့ လက်ထပ်ထိမ်းမြားဖို့ ကမ်းလှမ်းနေ ပါတယ်။ ဒီလို လုပ်နေတာ ၄ ကြိမ် ရှိနေပါပြီ ။
 
အခုနောက်ဆုံးအကြိမ်က၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊ ၂၄ နဲ့ ၂၅ ရက်တွေမှာပါ။ အဲနေ့တွေမှာ စက်ရုံထဲကို အပြင် တရုတ်တွေကို စက်ရုံထဲ ခေါ်လာခဲ့ပါသည်။ ဒီလီခေါ်လာတယ်ဆိုတာ စက်ရုံ ဒါမှမဟုတ် စက်ရုံမှူးတွေ၊ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
 
အဲ့ဒီ တရုတ်တွေက စက်လိုင်းထဲက မြန်မာမိန်းကလေးတွေကို လိုက်ကြည့်ပါသည်။ သူတို့ကြိုက်တဲ့ မိန်းခလေးရှေ့ရောက်ရင် သူတို့ ကြိုက်ကြောင်း သူတို့အချင်းချင်း ပြောပါတယ်။ စက်ရုံမှာ မြန်မာစကားကျွမ်းကျင်တဲ့ တရုတ်လူမျိုး အမျိုးသမီးတဦး ရှိပါတယ်။ သူက စကားပြန်လုပ်ပေးပါတယ်။
 
တရုတ်တွေက သူတို့ကြိုက်တယ်ဆိုတဲ့ အလုပ်သမားအမျိုးသမီးရှေ့မှာ ဝင်ထိုင်ပြီး သူတို့ ကမ်းလှမ်းတာကို သဘောမတူမချင်း အလုပ်လုပ်နေ့တဲ့ အလုပ်သမားအမျိုးသမီးကို ထိုင်ကြည့်ပါသည်။
 
၂၄, ၂၅ ရက်နေ့က လာကြည့်ပြီး သဘောကျသည့် အမျိုးသမီးအလုပ်လုပ်သည်နေရာတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၃ ရက်နေ့ထိ ထိုင်ကြည့်နေပါသည်။
 
အလုပ်လုပ်နေသည့်အမျိုးသမီးက ကမ်းလှမ်းတာကို သဘောတူပြီး မြန်မာဓလေ့နှင့် အညီ တောင်းရမ်းပြီး မိဘများ သဘောတူပါက လက်ထပ်မည် ဖြစ်ကြောင်း ပြောမှ ပြန်သွားကြပါတယ်။
 
အခုလို စက်ရုံရဲ့ အပြုအမူက အလုပ်လုပ်နေတဲ့ အမျိုးသမီး အလုပ်သမား အမျိုးသမီးတွေအတွက် ကြောက်ရွံ့၊ ရှက်ရွံ့ခြင်းတွေ ခံစားရစေပါတယ်။
 
စက်ရုံဘက်က အလုပ်သမားအမျိုးသမီးတွေကို ပွဲခင်ထဲ ခင်းပြထားတဲ့ ရောင်းကုန်တွေလို သဘောထား နေပါတယ်။
အလုပ်သမားအမျိုးသမီးတွေကို လာကြည့်ခိုင်းတယ်။ ကြိုက်တဲ့သူတွေ့ရင် လုပ်ငန်းခွင်မှာ အရှက်ရအောင် ဖိအားပေးပြီး မရမက ချဉ်းကပ် ဆောင်ရွက်စေတယ်။
 
ဒီလိုဆောင်ရွက်တဲ့ အထဲမှာ စက်ရုံ စူပါ၊ လီတာတွေပါဝင်တယ်လို့ ကြားရပါတယ်။ တရုတ်တွေဘက်က အောင်သွယ်ခ ပိုက်ဆံ ပေးတယ်လို့ ကြားရပါတယ်။
 
စူပါ၊ လီတာတွေက သူတို့ အကျိုးစီးပွားတွက် တရုတ်တွေသဘောကျသော အမျိုးသမီးတွေကို မဟုတ်မမှန်တဲ့ စကားတွေနဲ့ သွေးဆောင်ပြောဆိုမှုတွေ ပြုလုပ်ပါတယ်။ သူတို့က စီးပွားရေးမပြေလည်သည့် အနေအထားပေါ် အခွင့်ကောင်းယူပြီး “ တင်တောင်းငွေက နည်းတာမဟုတ်ဘူး၊ သူများတွေ ဂရုစိုက်စရာ မလိုဘူး၊ ကိုယ်ငတ်နေ ဘယ်သူမှ ကျွေးတာမဟုတ်ဘူး၊ ဂရုစိုက်စရာမလိုဘူး ။” ဆိုပြီး တရုတ်တွေကို လက်ခံဖို့ စည်းရုံး ပြီး အောင်သွယ်ကြ ပါတယ်။
စက်ရုံ အလုပ်သမားတွေက စက်ရုံတာဝန်ရှိသူတွေရဲ့ အပြုအမူတွေကို အခြေအနေ အမျိုးမျိုးကြောင့် ထုတ်ဖော်ပြောဆို နိုင်ခြင်းမရှိအောင် ဖြစ်နေပါတယ်။
 
အမျိုးသမီးအလုပ်သမားများအပေါ် စက်ရုံတာဝန်ရှိသူတွေက ကာကွယ် မပေးတဲ့ အပြင် ရောင်းကုန်လို့ ကြည့်ခွင့်၊ ရွေးချယ်ခွင့်ပေးပြီး အမျိုးသမီးတွေအပေါ် ထိပါးနှောင့်ယှက်၊ အကြမ်းဖက်တာတွေ ပြုလုပ်နေ တာပါ။ စက်ရုံ တာဝန်ရှိသူတွေ၊ ပါဝင်ပြီး မဟုတ်မှန်ပြောဆို လှုံဆော်စည်းရုံးသူတွေကို ထိရောက်စွာ အရေးယူပေးစေ လိုပါတယ်။
 
Jafon (ဂျက်ပွန် လက်ကိုင်အိတ်ကုမ္ပဏီလီမီက်)စက်ရုံက မြေကွက် အမှတ် (၃)၊ ပဲခူးစက်မှုဇုန်၊ နာဂဝန်လမ်း၊ ဂရိတ်နံပါတ်ဝန်းအနီး ဖွင့်လှစ်ထားပါတယ်။ တရုတ်နိုင်ငံသားပိုင် စက်ရုံပါ၊ အလုပ်သမားစုစုပေါင်း (၄၀၀) နီးပါးလုပ်ကိုင်ပါတယ်။ IPSY, GLAM BAG, Gucci စတဲ့ အိတ်တွေ ချုပ်နေပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026