NEWS

J Donuts စက်ရုံဝန်ထမ်းတဦးရဲ့ ရင်ဖွင့်စာ

CoverLogo
1.3K Views

ကျနော်ကတော့ J Donuts မှဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ဝန်ထမ်းတွေခုဆို လစာတွေခေါင်းပုံဖြတ်ခံနေရပါတယ်၊ အလုပ်ချိန်ဆိုရင်လဲမနက် ၈ နာရီမှ ညနေ ၆ နာရီထိဆင်းရပါတယ်။တစ်ခါတလေအလုပ်မ ပြီးတဲ့နေ့များဆို  ၇ နာရီထိုးတဲ့ထိနေရပါတယ်။ ခုလိုအခက်ခဲကာလမှာဆိုင်ဝန်ထမ်းတွေနဲ့ စက်ရုံဝန်ထမ်းတွေပေါ်မှာလစာတွေမတရားဖြတ်ခံနေရပါတယ်။

အရင်ကဆိုကျနော်တို့တွေ ရနေကျ OT တွေအစိုးရရုံးပိတ်ရက်တွေ ဆင်းရင် ရတဲ့ကြေးတွေ ရော အခြားခံစားခွင့်တွေရော  ခုဆိုဘာတစ်ခုမှမပေးတော့ပါဘူး အဆိုးဆုံးကတော့ မကျေနပ်လို့အလုပ်ထွက်မယ်ဆိုရင်တောင်ပေးမပြန်ပါဘူး ။

ကျနော်တို့ကာကွယ်ဆေးထိုးတဲ့လက်မှတ်တွေ ရော မှတ်ပုံတင်တွေရောအကုန်သိမ်းထားပါတယ်။ အရင်ကိုဗစ်ကာလကဆို 25% လစာထဲကဖြတ်ပါတယ်။ အဲ့ထက်ဆိုးတာကတော့ခုဆိုဆိုင်တွေမှာ လာစားတဲ့သူတွေဆီကနေအခွန် 5% အတင်းတောင်းခိုင်းတဲ့ကိစ္စပါပဲ၊ခုလဲအလုပ်သမားအခွင့်ရေးဖြစ်တဲ့ လုပ်သက်ခွင့်နဲ့ရှောင်တခွင် ခွင့်ကို လုံးဝမပေးတာပါပဲ။ကျနော်တို့ခုဆို တစ်နှစ်ပြည့်လို့ နယ်ပြန်မယ်ဆိုရင်တောင် လစာမဲ့ခွင့်တွေနဲ့ပြန်နေရပါတယ်။

ဝန်ထမ်းတွေပေါ်မှာလဲ နည်းနည်းမှ မကြည့်ပါဘူး။ အခုကျနော်တို့ခံစားနေရတာတွေကို ဘယ်မှာမှတိုင်လို့မရလို့ခုလိုရင်ဖွင့်ရတာပါ။ ပိုင်ရှင် နဲ့ မန်နေဂျာတွေဆိုလည်း  အရမ်းမောက်မာပါတယ်၊ ကျနော်တို့ခုလိုခံစားနေရတာတွေကိုသိစေအောင်တင်ပြပေးတာပါခင်ဗျာ၊

ကျနော်တို့တွေ အစိုးရထုတ်ပြန်ထားတဲ့အလုပ်သမားခွင့်ရေးတွေလိုချင်တယ်။ ကျနော်တို့ရနေကျ ot တွေလိုချင်တယ် အစိုးရရုံးပိတ်ရက်တွေဆို အလုပ်ဆင်းရရင် ပိုက်ဆံတွေပြန်လိုချင်တယ်။နောက်ပီးသူတို့တွေအခွန်တွေ စားသုံးသူဆီကနေတောင်းခိုင်းတာတွေကို စားသုံးသူတွေသိစေချင်တယ်။
အရင်က လစာကို ၂ သိန်း ကျော်ရပေမယ့် အခုတစ်လ ၁ သိန်း ၅ သောင်းလောက်ပဲရတော့တယ်၊ အလုပ်ချိန်ကတော့ အတူတူပါပဲ။

အရင်က ကျွန်တော်တို့ ဝန်ထမ်းတွေကို မနက်စာ မုန့်တစ်ခု ကော်ဖီတခွက်ရပါတယ်။ နောက်‌တော့ မနက်စာ ကို ၅၀၀ ကျပ်အဖြစ် လကုန်ရင် ၁၅၀၀၀ ပေါင်းပေးပါတယ်။မုန့်သယ်ဝန်ထမ်းတွေ အလုပ်ထွက်တော့ ဆိုင်ဝန်ထမ်းတွေ မုန့်သယ်ရမယ်ဆိုပြီး တစ်လကို ၂၀၀၀၀ ကျပ်ပေါင်းပေးပါတယ်။တစ်နေ့အလုပ်ချိန် ၈ နာရီ ထမင်းစားချိန်နဲ့ ဆို ၈ နာရီခွဲပါ။ခုက အချိန်တွေ ပိုများနေပါတယ်၊ အိုတီ၊ မနက်စာနဲ့ မုန့်သယ်ခတွေလဲ မပေးတော့ပါဘူး။

ခုဆိုရင် လစာက အရမ်းနည်းပါတယ်, လုပ်သက် နှစ် ၂၀ နီးပါး ဝန်ထမ်းရဲ့ လစာက ၂ သိန်းမပြည့်ပါဘူး။ ကုန် ဈေးနှုန်းတွေက တက်တော့ လစာနဲ့ မလောက်ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ ကြိုးစား အလုပ်လုပ်ရင် အာအကျိုးကျေးဇူးတွေ ရှိမလဲ သိချင်ပါတယ်။

ကျနော်တို့စက်ရုံက မဂ်လာဒုံ ဇေကမ္ဘာ ၃ လမ်းမှာပါ  ကျနော် တို့စက်ရုံရော ဆိုင်တွေရော  အောက်ခြေဝန်ထမ်းတွေအကုန်ဖြစ်နေတာပါခင်ဗျာ။
 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026