NEWS

Hundred Garment Myanmar အသက်မပြည့်ဟုဆိုကာ လုပ်သာ:(၁၂)ဦးအား အလုပ်ထုတ်ပြန်

CoverLogo
290 Views
 
Hundred Garment Myanmar စက်ရုံက လုပ်သက် ၃လ နဲ့ ၆ လကျော်ရှိ အလုပ်သမား (၁၂)ဦးကို အသက်မပြည့်လို့ဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေက သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ကို ပြောပါတယ်။
 
“ဇူလိုင်လ (၁)ရက် မနက် ၆ နာရီခွဲလောက်မှာ စက်ရုံ ကHR မန်နေဂျာက အလုပ်သမား ၁၂ ဦးကို ရုံးခန်း ခေါ်ပြီး အသက်မပြည့်လို့ အလုပ်ထွက်ရဆိုပြီး လုပ်ခလစာပေး လက်မှတ်ထိုးခိုင်းခဲ့တာ.”လို့ STUM က ပြောပါတယ်။
 
Hundred Garment Myanmar အထည်ချုပ် စက်ရုံမှာ အသက်မပြည့်တဲ့ ကလေးလုပ်သားတွေဆီက လာဘ်ငွေယူပြီး စက်လိုင်းမန်နေဂျာက အလုပ်သွင်းပေးခဲ့တယ်လို့ ဇွန် ၂၉ ရက်မှာ Maynmar Labour News မှာ သတင်းဖော်ပြထားပါတယ်။ ဒီသတင်းကို ဖော်ပြပြိး စက်လိုင်းမန်နေဂျာကို စက်ရုံဘက်က အရေးယူမှု ရှိမရှိ မသိရပေမဲ့ အသက်မပြည့်ဘူးဆိုပြီး အလုပ်သမား ၁၂ ဦး အလုပ်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ လုပ်သားတွေက လုပ်သက် ၆ လဝန်းကျင်ရှိ အလုပ်သမားတွေဖြစ်ကြပြီး HR ဌာနက ပေးတဲ့ လုပ်ခလစာကို မယူ၊ လက်မှတ်လည်း မထိုးဘဲ STUM အဖွဲ့ကို လာရောက်တိုင်ကြားခဲ့ တာဖြစ်ပါတယ်။
 
“အလုပ်သမား ၃ ဦးက လုပ်သက် (၆)လအထက်၊ ကျန်(၉)ဦးက လုပ်သက် (၆)လပဲ ရှိသေးတယ်။ EC စာချုပ် လက်မှတ်ရေးထိုးထားသူက နှစ်ယောက်လို့ သိထားတယ်။” လို့ ပြောပါတယ်။
 
Hundred Garment Myanmar မှာ အလုပ်သမား ၇၀၀ ဝန်းကျင်ရှိပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ်နိုင်ငံသား လို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (သဘာဝမှတ်တိုင်အနီး)မှာ ရှိတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
အပိုထောက်ပံ့ကြေး ၃ ကြိမ်မြောက်တိုးမြှင့်မှု အပေါ် ဝေဖန်မှုတွေရှိနေ
Oct 01, 2025
Cover
ခြိမ်းခြောက်ခိုင်းစေခြင်းမပြုရေး အလုပ်သမားတွေတောင်းဆို
Oct 01, 2025
Cover
၃ လနီးပါး ပိတ်ရက်မရှိ အချိန်ပိုအခမဲ့ဆင်းပေးနေရလို့ ဖြေရှင်းပေးရန် အလုပ်သမားတွေတောင်းဆို
Oct 01, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်
Oct 01, 2025
Cover
အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Oct 01, 2025
Cover
Grand Forest အထည်ချုပ် တာဝန်ရှိသူ အားလုံးက ခြိမ်းခြောက်ပြီး အချိန်ပို အတင်းအကျပ်ခေါ်
Sep 29, 2025
Cover
အချိန်ပိုမဆင်းပါက ဒေးကြေး ၄၈၀၀ ကျပ်သာပေးမည်ဟု Teng Hui Myanmar Knitting စက်ရုံအသိပေး
Sep 28, 2025
Cover
လုပ်သား ၄၀၀၀ ကျော်အလုပ်အကိုင်ရမည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အသစ် ၁၉ ခုကို စစ်ကော်မရှင်ခွင့်ပြု
Sep 28, 2025