NEWS

Hundred Garment တွင် ကလေးလုပ်သားများထံမှ လာဘ်ယူပြီး စက်လိုင်းမန်နေဂျာ အလုပ်သွင်းပေး

CoverLogo
592 Views
 
Hundred Garment Myanmar အထည်ချုပ် စက်ရုံမှာ အသက်မပြည့်တဲ့ ကလေးလုပ်သားတွေဆီက လာဘ်ငွေယူပြီး စက်လိုင်းမန်နေဂျာက အလုပ်သွင်းပေးနေတယ်လို့ Maynmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ ကလေးတွေကို အလုပ်မခိုင်းရဘူးဆိုတဲ့ ဥပဒေကြားဖူးလို့ပါ။ Hundred Garment ဆိုတဲ့စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေဆီက ပိုက်ဆံတောင်းပြီး အလုပ်သွင်းပေးနေတဲ့ ဂျာကြီးရှိနေပါတယ်။ စက်လိုင်း မန်နေဂျာပေါ့။ အသက်မပြည့်သေးလည်း ပိုက်ဆံ ၃၀,၀၀၀ ပေးရင် ကလေးတွေကို အလုပ်သွင်းပေးထားပါတယ် ။အခု ဆိုရင် ၅၀,၀၀၀ အထိ တောင်းနေတာပါ။” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း အချိန်ပိုတွေကို အဲ့ဒီ အသက်မပြည့် လုပ်သားတွေပါ လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။ နေ့စဉ် ည ၇ ခွဲအထိ လုပ်ကိုင်ရပြီး တချို့ နေ့တွေမှာတော့ ည ၁၀ ခွဲအထိလုပ်ကိုင် ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကလေးလုပ်သားတွေ ၁၈ နှစ်မပြည့်ကြသေးတဲ့ လူတွေပါ။ အချိန်ပိုကတော့ခိုင်းပါတယ် တစ်ရုံလုံးအခုဆို ၇ခွဲ ထိဆင်းရပါတယ်။ အဲ့ ၇ခွဲထိဆင်းပြီးရင် တချို့ ညဆိုင်းဆင်း နိုင်တဲ့လူတွေဆို ၁၀ခွဲထိခေါ်ပါတယ်။ ညဆိုင်းသမား တွေကို ညနေစာနဲ့မနက်စာ စားဖို့ ၅၀၀၀ ပေးပါတယ်။ နေစရာအဆောင်တော့ စီစဥ်ပေးပါတယ်။” လို့ ပြောပါတယ်။
 
စနေနေ့တိုင်း ည ၄ ခွဲအထိ လုပ်ကိုင်ရပေမဲ့ တနင်္ဂနွေနေ့လို့ နားရက်လုပ်ကိုင်ရတာ နှစ်ပတ်ရှိနေပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ ည ၇ ခွဲအထိ လုပ်ကိုင်ရတိုင်း နားချိန် ၅ မိနစ်/ ၁၀ မိနစ် ဝန်းကျင် အနားပေးတယ်လို့လည်း သိရပါတယ်။
လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေကို အငြိုအတေးနဲ့ သတိပေးလက်မှတ်ထိုးခိုင်းတာ၊ အလုပ်ထုတ်တာတွေ အပြင် အုပ်စုဖွဲ့ ကိုယ်ထိ လက်ရောက် ပြုမူတာတွေကို အဲ့ဒီ စက်လိုင်းမန်နေဂျာက ပြုလုပ်တယ်လို့ လည်း ပြောပါတယ်။
 
“ဂျာကြီးဆိုတဲ့လူက သူနဲ့အဆင်ပြေတယ် တည့်ဆိုရင်ကောင်းပါတယ်။ သူနဲ့အဆင်မပြေဘူး ဆိုရင်တော့ အထည်မရလို့၊ အာဝါဒီမပေးနိုင်ဘူးဆိုပြီး အမြဲ အော်ဟစ်ဆဲဆိုတက်ပါတယ်။ သူနဲ့မတည့်တော့ဘူးဆိုရင် ဝိမ်ထိန်ထိုးတာတွေ အလုပ်ထုတ်ပစ်တဲ့အထိ လုပ်ပါတယ် ။ တလောက ဂျာကြီးတို့ အဖွဲ့က စူပါတစ်ယောက်ကို ဝိုင်းပြီး ကိုယ်ထိလက်ရောက် လုပ်ကြတယ်။ အဲ့စူပါဆိုရင် လက်သန်းထိခိုက်တာ လှုပ်လို့ မရတော့ဘူး။ တကိုယ်လုံးလည်း ကုတ်ရာ ခြစ်ရာတွေနဲ့” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း စက်လိုင်း ၇ လိုင်းရှိပြီး စက်လိုင်း မန်နေဂျာ ကိုယ်တိုင်က အလုပ်သမားတွေခြား ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Hundred Garment Myanmar မှာ အလုပ်သမား ၇၀၀ ဝန်းကျင်ရှိပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ်နိုင်ငံသားလို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (သဘာဝမှတ်တိုင်အနီး)မှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026