NEWS

Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း

CoverLogo
383 Views
 
Hosheng Myanmar Garment Co.Ltd အထည်ချုပ်စက်ရုံက ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ မချန် ည ၉ နာရီအထိ အချိန်ပို ဆင်းခိုင်းနေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ၁၇ရက်က စပြီး ည ကိုးနာရီအထိ ဆင်းခိုင်းတယ်။ အလုပ်သမားတွေ အားလုံးဆိုတော့ ကိုယ်ဝန်ဆောင်တွေပါ အချိန်ပိုဆင်းရတယ်။ ” လို့ အလုပ်သမားတွေနဲ့ နီးစပ်သူကပြောပါတယ်။
 
စက်ရုံက ညနက် ၉ နာရီအထိ အချိန်ပိုတွေ အတင်းအကျပ် လုပ်ကိုင်ခိုင်းနေတာက ဇွန် ၁၇ ကတည်းဖြစ်ပြီး ဇွန်၂၀ မှာလည်း လုပ်ကိုင်ရမယ်ဆိုပြီး ပြောဆိုထားတယ်လို့ STUM အဖွဲ့က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“အချိန်ပို ကို ည ၉ နာရီအထိ အတင်းအကျပ်ဆင်းခိုင်းနေတာ။ STUM ကိုလည်း တိုင်ကြားထား ပါတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် က Flil Brand အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး ရန်ကုန်မြို့၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေနပါတယ်။
 
(Note - Hosheng Myanmar Garment က ၂၀၂၃ ခုနှစ် ဇွန်လမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၇ ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်မှုကြောင့် အလုပ်သမား ၆၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့လို့ ညှိနှိုင်းမှု နှစ်ဖက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီညှိနှိုင်းမှု အပြီး အလုပ်သမားခေါင်းဆောင်တွေ အိမ်အပြန်မှာ င်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား တချို့ကို စစ်ကောင်စီက လအတန်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီနောက် တရားစွဲခဲ့ပြီးနောက် အလုပ်သမားတွေ ပြန်လည်လွတ်မြောက်လာပေမဲ့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် နိုင်တာ မရှိတော့ ပါဘူး။)
 

Related posts

Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025