NEWS

Hope One မှာ ဖယ်ရီအဆင်မပြေ

CoverLogo
191 Views
 
မင်္ဂလာပါ ရှင့်
ကျွန်မတိုက Hope One စက်ရုံကပါ။
ကြိုပို့ Ferry အဆင်မပြေလို စက်ရုံကို ပြောတာ မရဘူး ဖြစ်နေလို့။ အဆင်မပြေတာလည်း တပတ်ကျော်လောက် ရှိနေပါပြီ။
 
ဒီအခက်အခဲတွေကို Wcc တွေကိုပြောပါတယ်။
စက်ရုံကို သူတို့ ပြောပေးဆိုပေးလည်း မရှိပါဘူး။
 
ကျမတို ထန်းတပင်ဘက်ကိုပို့ပေးတဲ့ ကြိုပို ကား ၃ စီးရှိပါတယ် ။ ကျမတိုဂိတ်ကို ကြိုတဲ့ ကြိုပို့ကားက မလာတော့ပါဘူး။ တခြားနှစ်စီးထဲက တစ်စီးနဲ့ပေါင်းပေါင်းပြီး ကျမတို့ကို တင်သွားပါတယ်။
 
ပြောမယ်ဆို Ferry ၃ စီး ကြိုနေကျ လမ်းကြောင်းကို ၂ စီးတည်းကြိုသလို ဖြစ်နေတာပါ။ ပေါင်းပြီး ကြိုတော့ ဖြစ်သလို စီးရပါတယ်။ ကားစီးရတာက ကျပ်ညှပ်နေပါတယ်။ အချို့ယောက်ျားလေးတွေဆို တွယ်စီးရတာက ပြုတ်ကျမတပ်ပါဘဲ။
 
အဲ့ဒါကြောင့် မန်နေဂျာကိုပြောပြကြပါတယ်။ သူဖုန်းဆက်ပေးမယ်ပြောပါတယ်။ ဒါပေမဲ့ အရင်အတိုင်း နှစ်စီးပဲ လာကြိုနေတာပါ။
 
မတော်တဆ တခုခုဖြစ်ရင် အလုပ်သမားတွေလည်း နစ်နာပါတယ်။ အလုပ်ရှင်လည်း ထိခိုက်မှာပါ။
အခက်အခဲဖြစ်တဲ့ ကြိုပို့ကို လိုက်ပါတဲ့ အလုပ်သမား ၂၀ ကျော်ပါတယ်။ စက်ရုံမှာတော့ အလုပ်သမား ၈၀၀ ကျော်ပါတယ်။
 
Hope One ကုမ္ပဏီသည်က ကိုယ်ပိုင် တံဆိပ်ချုပ်သော ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခု ပါ။ စက်ရုံကတော့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မောင်ကျန်သီးလမ်းမှာပါ။
 
ဒီသတင်း Page မှာ WCC ရဲ့ လုပ်ငန်းတွေ၊ တာဝန်တွေ ၊ တာဝန်ခံမှုတွေကို ရေးပေးဖို့လည်း တောင်းဆိုပါတယ်။
ကျေးဇူးတင်ပါတယ် ရှင့်။

Related posts

Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 05, 2025
Cover
ဥပဒေမဲ့ စက်ရုံပိတ်သိမ်းမှုအပေါ် Xin Rui အထည်ချုပ်လုပ်သားများ စိုးရိမ်တကြီး တောင်းဆို
Oct 03, 2025