NEWS

Hope One မှာ ဖယ်ရီအဆင်မပြေ

CoverLogo
480 Views
 
မင်္ဂလာပါ ရှင့်
ကျွန်မတိုက Hope One စက်ရုံကပါ။
ကြိုပို့ Ferry အဆင်မပြေလို စက်ရုံကို ပြောတာ မရဘူး ဖြစ်နေလို့။ အဆင်မပြေတာလည်း တပတ်ကျော်လောက် ရှိနေပါပြီ။
 
ဒီအခက်အခဲတွေကို Wcc တွေကိုပြောပါတယ်။
စက်ရုံကို သူတို့ ပြောပေးဆိုပေးလည်း မရှိပါဘူး။
 
ကျမတို ထန်းတပင်ဘက်ကိုပို့ပေးတဲ့ ကြိုပို ကား ၃ စီးရှိပါတယ် ။ ကျမတိုဂိတ်ကို ကြိုတဲ့ ကြိုပို့ကားက မလာတော့ပါဘူး။ တခြားနှစ်စီးထဲက တစ်စီးနဲ့ပေါင်းပေါင်းပြီး ကျမတို့ကို တင်သွားပါတယ်။
 
ပြောမယ်ဆို Ferry ၃ စီး ကြိုနေကျ လမ်းကြောင်းကို ၂ စီးတည်းကြိုသလို ဖြစ်နေတာပါ။ ပေါင်းပြီး ကြိုတော့ ဖြစ်သလို စီးရပါတယ်။ ကားစီးရတာက ကျပ်ညှပ်နေပါတယ်။ အချို့ယောက်ျားလေးတွေဆို တွယ်စီးရတာက ပြုတ်ကျမတပ်ပါဘဲ။
 
အဲ့ဒါကြောင့် မန်နေဂျာကိုပြောပြကြပါတယ်။ သူဖုန်းဆက်ပေးမယ်ပြောပါတယ်။ ဒါပေမဲ့ အရင်အတိုင်း နှစ်စီးပဲ လာကြိုနေတာပါ။
 
မတော်တဆ တခုခုဖြစ်ရင် အလုပ်သမားတွေလည်း နစ်နာပါတယ်။ အလုပ်ရှင်လည်း ထိခိုက်မှာပါ။
အခက်အခဲဖြစ်တဲ့ ကြိုပို့ကို လိုက်ပါတဲ့ အလုပ်သမား ၂၀ ကျော်ပါတယ်။ စက်ရုံမှာတော့ အလုပ်သမား ၈၀၀ ကျော်ပါတယ်။
 
Hope One ကုမ္ပဏီသည်က ကိုယ်ပိုင် တံဆိပ်ချုပ်သော ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခု ပါ။ စက်ရုံကတော့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မောင်ကျန်သီးလမ်းမှာပါ။
 
ဒီသတင်း Page မှာ WCC ရဲ့ လုပ်ငန်းတွေ၊ တာဝန်တွေ ၊ တာဝန်ခံမှုတွေကို ရေးပေးဖို့လည်း တောင်းဆိုပါတယ်။
ကျေးဇူးတင်ပါတယ် ရှင့်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026