NEWS

HONG MIAO အထည်ချုပ်စက်ရုံမှာ လုပ်ခလစာနဲ့ နစ်နာကြေးပေးချေဖို့ကိစ္စ အလုပ်သမားတွေ လာရောက်စောင့်ဆိုင်း ၊ စက်ရုံဘက်က ရဲတပ်ဖွဲ့ခေါ်ထား

CoverLogo
1.2K Views

"စက်ရုံကို သောကြာနေ့က ပိတ်လိုက်တာ ၅ ရက်နေ့မှ လစာလာထုတ်ဆိုပြီးပြောတယ်  နစ်နာကြေးကိုတော့ ၂၆ ရက်နေ့လာထုတ်လို့ ပြောတယ် အဲ့ဒါကိုအလုပ်သမားတွေအကုန်လုံး ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာပြီး လာမေးတာပါ။ HR ကရဲတွေခေါ်ထားတာ၊ ရဲတွေကတော့ လက်နက်အင်အားအပြည့်အစုံနဲ့ ၅ ယောက်လောက်ရှိတယ်" လို့ အလုပ်သမားကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co;Ltd)က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပြီးနောက်  စက်ရုံပိတ်မယ်လို့  စက်တင်ဘာ ၂၆ ရက်က နို့တစ်နဲ့ အသိပေးပြီး လက်ရှိမှာတော့ အလုပ်သမားတွေက လစာကိစ္စ နစ်နာကြေးကိစ္စတွေ ရှင်းလင်းမေးမြန်းဖို့ လာရာမှာ စက်ရုံဘက်က  ရဲခေါ်ယူအင်အားသုံးဖြေရှင်းနေတယ်လို့ သိရပါတယ်။ 

"ခုမနက်က စက်ရုံကိုပိတ်ထားပြီ။  ၅ရက်နေ့မှလစာလာထုတ်တဲ့။ နစ်နာကြေးရတဲ့သူက ၂၆ရက်နေ့မှလာထုတ်တဲ့ နစ်နာကြေးရတဲ့သူတွေက တစ်နှစ်ကျော်သမားတွေကတစ်လစာပေးမယ်။ ၆လသမားတွေက လ၀က်စာပေးမယ်။ ကျန်တဲ့အလုပ်သမားတွေကဘာမှမရဘူးပြောတယ်။ ကျွန်တော်တို့ကကိုယ့်ဘာသာလာပြီး တစ်ခုခုတော့သိရမှာပဲဆိုပြီးလာတာ။ အလုပ်သမားတွေလည်းရောက်နေပြီ။ အလုပ်သမားတွေက ၆လမပြည့်တဲ့ သူတွေကိုလည်းပေးဖို့။ ကိုယ်၀န်ဆောင်သမားတွေလည်း ဖူလုံရေးကြေးမပေးလို့ ပေးဖို့ပါ။ ပုတ်ပျက်သမားတွေအရင်ပေးတဲ့အတိုင်းပေးဖို့။ ၅ရက်နေ့ဆိုမသေချာဘူး ကျွန်တော်တို့လာရင် လစာတစ်ခါတည်းလိုချင်တယ်ဆိုတဲ့အချက်ပါ။ ကိုယ်၀န်ဆောင်သည်က ၁၁ ယောက်လောက်ရှိတယ်။ အဲ့ဒီတောင်းဆိုချက် ၄ ချက်အတွက်လာတာ" လို့ အလုပ်သမားက ပြောပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ စက်ရုံတွင်းလုပ်သား ၃၈၀ ကျော်မှာ လုပ်သက်နှစ်ကြီးသမားက အနည်းငယ်သာရှိပြီး အလုပ်သမားအများစုက ပုတ်ပြတ် နေ့စား နဲ့ ၆ လ မပြည့်သေးတဲ့အလုပ်သမားတွေရှိနေတာဖြစ်ပြီး၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေလည်း ပါဝင်လို့ ယင်းတို့အတွက် နစ်နာကြေး တစ်စုံတရာ ပေးချေဖို့ တောင်းဆိုချင်တယ်လို့ အလုပ်သးမားကပြောပါတယ်။

"လက်ရှိမှာအထည်တွေလည်းရှိတယ် ၂၆ ရက်နေ့ ညနေ ပိတ်မယ် ဆိုပြီးပိတ်ချလိုက်တာ အလုပ်တွေက သောကြာနေ့ထိလုပ်ရတာ ကိုယ်ဝန်ဆောင်သည်တွေက ၁၀ လပိုင်းမှာခွင့်ရမဲ့သူတွေပါတယ် သူတို့အတွက် ဘယ်လိုလဲလို့ မေးတော့ စေတနာရှိသလောက်ပေးမယ်လို့ပြောတယ် ၁ သောင်း ဖြစ်စေ ၃ သောင်းဖြစ်စေ အဲ့လိုပြောတာက အရမ်းကို ဆိုးသွားပြီး ကိုယ်ဝန်ဆောင်သည်တွေအတွက် ပြောတာကြီးက ဘယ်လိုမှ ခံစားလို့ မရဘူး အခုဆွေးနွေးနေတဲ့အထဲမှာလည်း ဘာကိုမှ လက်မခံဘူး စက်ရုံဖွင့်တာက တစ်နှစ်နဲ့ ၁၁ လရှိသွားပြီ"လို့ ဆိုပါတယ်။

အဆိုပါစက်ရုံဟာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေး  ချိုးဖောက်မှုတွေ ကျူးလွန်ထားပြီး အလုပ်သမားတွေက အလုပ်သမားကသမဂ္ဂဖွဲ့စည်း ကာ ဦးစီးရုံးသို့လျှောက်ထားပေမဲ့ လာရောက်စစ်ဆေးခြင်းမရှိသလို ပုံစံခြောက်လည်းမပေးခဲ့ဘဲ အဲ့ဒီသမဂ္ဂဖွဲ့လိုက်တဲ့ ၄၈ ဦးရဲ့အလုပ်သမားစာရင်းအတိုင်း ဦးစီးရုံးကနေအလုပ်ရှင်ကသိရှိခဲ့ပြီး သမဂ္ဂထဲကအလုပ်သမားတွေကို ၄၈ဦးလုံးကို အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါစက်ရုံဟာ  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာကြောင့် သမဂ္ဂဖွဲ့စည်းရာက အလုပ်သမားသမဂ္ဂဖွဲ့၀င်ထားတဲ့ အလုပ်သမားများစွာကို အလုပ်ထုတ်လိုက်တာကြောင့် ပြဿနာဖြစ်ပွားခဲ့ရာ  ပြီးခဲ့တဲ့လ စက်တင်ဘာ၂၀ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှ  အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်မှာပြန်လည်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီလို၀င်ရောက်ခဲ့ပေမဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၉ ဦးကိုတော့ ပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိခဲ့သလို  အခြားသောချိုးဖောက်မှုများစွာကို ဆက်လက်ညှိနှိုင်းမယ်လို့ဆိုခဲ့ပေမဲ့ ဆက်လက်ဖြေရှင်းခြင်းမရှိဘဲ အော်ဒါမရှိဘူးဆိုကာ စက်ရုံပိတ်လိုက်တာပဲဖြစ်ပါတယ်။ 

ဒီမနက်အောက်တိုဘာ၂ရက်မှာတော့ အလုပ်သမားတွေဟာ ၆လမပြည့်တဲ့အလုပ်သမားတွေကိုလည်း နစ်နာကြေး ပေးဖို့  ကိုယ်၀န်ဆောင် အလုပ်သမားတွေလည်း ဖူလုံရေးကြေးမရှိတာကြောင့် ကိုယ်ဝန်ဆောင်၁၁ဦးကိုလည်း ထိုက်သင့်တဲ့နစ်နာကြေး ပေးဖို့၊ ပုတ်ပျက်သမားတွေအရင်ပေးချေတဲ့နှုန်းထား အတိုင်းပေးဖို့နဲ့  ယခုစက်တင်ဘာလရဲ့လုပ်ခလစာကို ယနေ့တနလာနေ့မှာ လစာတစ်ခါတည်းလိုချင်တယ်ဆိုထားတဲ့အချက် တောင်းဆိုချက်၄ချက်ကို တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ 

အဲဒီစက်ရုံက FieldCore ကုန်အမှတ်တံဆိပ်တွေကို အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့
ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး အခြား အပ်ထည်တွေကိုလည်း ချုပ်လုပ်နေတာလို့ သိရပါတယ်။

အငြင်းပွားမှုတွေညှိနှိုင်းပြီး စက်တင်ဘာ၂၁ ရက်နေ့ စက်ရုံတွင်း၀င်ရောက်လုပ်ကိုင်ရာ အလုပ်သမားမျာဟာ စက်ရုံအတွင်းဝင်ရောက်နေတဲ့ ရေတွေထဲမှာဆိုးရွားအန္တရာယ်များလွန်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရ သလို စက်ရုံတွင်းသုံးစွဲ နေရတဲ့ရေဟာလည်း မဲညစ်လွန်းတဲ့ရေကိုသာသုံးဆွဲရပြီး လုပ်ငန်းခွင်အတွင်းပန် ကာတပ်ဆင်ထားခြင်းလည်းမရှိခဲ့လို့ အလုပ်သမားများကတောင်းဆိုမှုတွေပြုလုပ်ခဲ့ရာ စက်တင်ဘာ ၂၆ရက်နေ့မှာတော့ အော်ဒါမရှိဘူးဆိုကာ  စက်ရုံပိတ်ဖို့နို့တစ်စာထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ 

#MyanmarLabourNews

 

 

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026