NEWS

HONG MIAO-ဟွမ်မြောင်အထည်ချုပ်စက်ရုံမှာ  အလုပ်သမားအခွင့်အရေးဆိုးရွားစွာချိုးဖောက်ခံနေရ

CoverLogo
980 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co.Ltd)က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှူအမြင့်ဆုံးစက်ရုံအဖြစ် STUM ကဆို ထားပါတယ်။ 

လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတွေကို ကို စုပေါင်းဖြေရှင်းဖို့ သမဂ္ဂဖွဲ့တဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့  အလုပ်ကနေ ထုတ်ပယ်မှုဖြစ်ပွားခဲ့တယ်လို့ လည်းသိရပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိနေပြီး   အလုပ်သမားတွေအနေနဲ့ စုစည်းကာ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာရပ်တွေ ဖြေရှင်းနိုင်ဖို့ အလုပ်သမားကသမဂ္ဂဖွဲ့ကာ ဦးစီးရုံးသို့လျှောက်ထားပေမဲ့ လာရောက်စစ်ဆေးခြင်းမရှိသလို ပုံစံခြောက်လည်းမပေးဘဲရှိနေတယ်လို့ သိရပါတယ်။ 

အဲ့ဒီသမဂ္ဂဖွဲ့လိုက်တဲ့ အလုပ်သမား ၄၈ ဦးရဲ့အလုပ်သမားစာရင်းအတိုင်း ဦးစီးရုံးကနေတဆင့် အလုပ်ရှင်ထံသိကာ သမဂ္ဂထဲကအလုပ်သမားတွေကို တစ်ယောက်စထုတ်ခြင်း၊ ၂ယောက်စထုတ်ခြင်း၊  ၉ယောက်ထုတ်ခြင်းနဲ့ စက်တင်ဘာ၁၈ရက်နေ့က  ၄၁ ယောက်အထိထုတ်လိုက်တာကြောင့် သမဂ္ဂဝင်အလုပ်သမားတွေကို အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။ 

" ပြဿနာတက်နေတာကို တစ်ခုမှလိုက်မရှင်းဘူး။  မရှင်းဘဲ အလုပ်ထုတ်ဖို့ကိုပဲဦးတည်နေတာ။ သမဂ္ဂဖွဲ့ဖို့ကို ပုံစံ ၆ ပေးရမှာကိုမပေးဘူး။ တစ်လရှိသွားပြီ။ အလုပ်ကဖြုတ်ချလိုက်တယ်။ အော်ဒါမရှိဘူးလို့ အကြောင်းပြပြီးဖြုတ်သွားတာ။ ဒီဖြုတ်သွားတဲ့လူတွေက ဦးစီးမပြောဘဲဘယ်သူသိမလဲ  လိုင်း၂တစ်လိုင်းလုံးက သမဂ္ဂထဲကလူတွေ။ အခြားလိုင်းထဲကနေဖြုတ်ခံရတာတွေကလည်း သမဂ္ဂထဲကလူတွေ။ ရှေ့ထဲက၉ ယောက်ကလည်း သမဂ္ဂထဲကလူတွေ။ ဒီလူစာရင်းကိုဦးစီးက လုပ်ငန်းရှင်ကို ပေးလို့ လုပ်ငန်းရှင်က ဒီလူစာရင်းအတိုင်းဖြုတ်သွားတာ။ လိုင်း၂ကိုအော်ဒါမရှိဘူးဆိုပြီးမပေးဘူး။ လိုင်း ၂ ကလူတွေကို အခြားလိုင်း၃တို့ လိုင်း၄တို့ကိုလွှတ်တယ်။ လွှတ်တော့လည်း အဲ့ဒီလိုင်းကဆုကြေးတွေကိုလည်း လိုင်း ၂ ကလူတွေကိုမပေးဘူး။ လိုင်း၃ကိုလွှတ်လိုက်ရင် လိုင်း၃ကအခြားအလုပ်သမားတွေရသလိုရရမှာ တစ်သိန်းလောက်ကွာပြီးနည်းပေးလို့မရဘူးဆိုတာကိုလည်း တိုင်စာပို့တယ်။ ချိုးဖောက်တာအများကြီး။ အဓိကကတော့ သမဂ္ဂမှာပါတဲ့ ၁ကနေ ၄၈ အထိ ၄၈ ယောက်လုံး အကုန်ဖြုတ်ချပစ်လိုက်တာက အဆိုးရွားဆုံးသော ချိုးဖောက်မှုပဲ" လို့ အဲ့ဒီအလုပ်သမားတွေကိူ ကူညီပေးနေသူက ဆိုပါတယ်။ 

အဲဒီစက်ရုံက Hello ၊ FieldCore ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံလို့လည်း သိရပါတယ်။  

အဆိုပါ သမဂ္ဂအဖွဲ့ဝင်အလုပ်သမား ၄၈ ဦးကို အလုပ်ထုတ်ပြီးနောက် အလုပ်ရှင်အလုပ်သမားပြဿနာ ဖြစ်ပွားရာ အလည အလရ အလစ ဦးစီးသုံးယောက်မှ  အလုပ်သမားတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ 

" အလုပ်သမားတွေအကုန်အပြင်ထုတ်ပြီးတော့ သမဂ္ဂခေါင်းဆောင်သုံးယောက်ကိုအထဲထားပြီး  တံခါးတွေဂျပ်ထိုးတယ်။ ပြီးတော့သဘောတူညီမှုရတယ်ဆိုပြီးတော့ ပိုင်ရှင်ကလုံး၀လက်မမှတ်မထိုးဘူး။ ပိုင်ရှင်က သူကသမဂ္ဂတွေရှိတဲ့ပါတဲ့လိုင်းကို တစ်လိုင်းလုံးဖျက်မယ်။ ဖျက်ပြီးတော့ ကျန်တဲ့နေရာတွေမှာရောပြီးသွားမယ်ဆိုပြီးလုပ်တယ်။ အလုပ်ထုတ်တဲ့အထဲမှာ စူပါတစ်ယောက်ပါတယ်။ အလုပ်ရှင်ကအဲ့တာကိုလက်မှတ်မထိုးဘူး HR ကလက်မှတ်ထိုးသွားတာ။ ဒီမနက်ကျတော့ စက်ရုံထဲ၀င်တော့ တိုင်းဦးစီးတွေအကုန်အရင်ရောက်ပြီး ဘာတွေပြောဆိုထားကြတယ်မသိဘူး။ အလုပ်သမားတွေလည်း၀င်ရော လိုင်း၂ကိုမဖျက်ရင်တစ်ယောက်မှအ၀င်မခံဘူးဆိုတာအလုပ်ရှင်ကပြောတယ်။ စာချုပ်မှာကလိုင်းကိုမဖျက်ဘူး။ လိုတဲ့နေရာမှာခေတ္တအစားထိုးပေါ့။ အလုပ်သမားတွေကလည်း ဒီလိုင်းကိုဖျက်ပြီး အခြားလိုင်းတွေမှာ ၀င်လုပ်ရတာဘာကြောင့်လဲ မေးတယ်။ အလုပ်သမားက အော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်တာ"လို့ အကူအညီပေးနေသူက ပြောဆိုပါတယ်။

"လုပ်ငန်းရှင်က အလုပ်သမားတွေတောင်းတဲ့တောင်းဆိုချက်ကို သဘောတူလို့ထိုးပြီးသွားပြီ။ အဆင်ပြေနေပြီကို အလညတိုင်းဦးစီးက မကျေနပ်နိုင်ဘူး။ လုပ်ငန်းလိုအပ်ချက်အရ စေလွှတ်သောနေရာတွင်သွားရန်ဆိုပြီးထိုးပြန်တယ်။ သူသဘောတူမှရတဲ့ခေတ်မဟုတ်တော့ဘူး။ ချိုးဖောက်မှုဖြစ်စဉ်တွေမှာက  အလုပ်ရှင်တွေတင်မဟုတ်ဘူး။ တိုင်းဦးစီးတွေ ညွှန်ချုပ်တွေပါရှိနေတယ်ဆိုတာပြောတာ။" လို့ ၎င်းကဆက်လက်ပြောဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်မှာပြန်လည်ဝင်ရောက်ရပြီဖြစ်ပေမဲ့ အခြားသောချိုးဖောက်မှုများစွာကို ဆက်လက်ညှိနှိုင်းမယ်လို့လည်း သိရပါတယ်။ 

စက်တင်ဘာ၂၁ ရက်နေ့မှာလည်း စက်ရုံကအလုပ်သမားမျာဟာ စက်ရုံအတွင်းဝင်ရောက်နေတဲ့ ရေတွေထဲမှာရှိနေတာ​ကြောင့်ဆိုးရွားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရလို့  အလုပ်သမားတွေရဲ့ အသက်က အဖိုးမတန်သလို ဖြစ်နေပြီး လူစိတ်မရှိတဲ့ အလုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဥရောပသမဂ္ဂ EU ရဲ့ GSP က ကန့်ကွက်ဖို့ အချိန်ရောက်ပြီလို့လည်း တိုက်တွန်းထားကာ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA ရဲ့  မသိသလို လုပ်ဆောင်မှုတွေကိုလည်း STUM က ရှုတ်ချထားပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026