NEWS

H&M ဘရမ်းချုပ်တဲ့ KINGSRICH (Myanmar) စက်ရုံက အလုပ်သမား ထိုးနှက်ခံရပြီးအလုပ်မှထုတ်ပယ်ခံရမှူ ညှိနှိုင်းမှုမပြေလည်

CoverLogo
732 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊၁၈ ရပ်ကွက်၊ရေပြာလမ်း ၊အမှတ် 39/1,2,3 ရှိ Kingsrich (MYANMAR) Fashion Limited မှ အမျိုးသမီးအလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း ထိုးကြိတ်ခံရပြီးမှအလုပ်မှထုတ်ပယ်ခံခဲ့ရလို့ ညှိနှိုင်းဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှူမရခဲ့ဘူးလို့ သိရပါတယ်။ 

" H&M ဘရမ်းက ဒီနေ့အလုပ်ရှင်က ၃ ချိန်းညှိတယ်။ အလညမှာ အလုပ်ရှင်ကတော့မပေးဘူးပြောတယ်။ ပြီးသွားပြီ။ အဲ့တော့အလုပ်သမားဘက်ကနေ တရားစွဲဆိုဖို့အတွက်ခွင့်ပြုချက်ချပေးဆိုတော့ ဦးစီးမှူးက ၀န်ကြီးဌာနဆီမှာ  ညွှန်ကြားချက်ခံယူလိုက်ပါအုံးမယ်ပြောတယ်။  အဲ့တော့၀န်ကြီးဌာနဘက်က  ဘာညွှန်ကြားချက်ပေးမယ်ဆိုတာစောင့်ရမှာပေါ့။  တစ်ကယ်လို့ဆက်မညှိတော့ဘူး။ တရားစွဲဖို့စာချပေးမယ်ဆိုရင်တော့ အလုပ်သမားကိုကူညီပေးသွားမှာပါ" လို့ အဲ့ဒီအလုပ်သမားကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

အဆိုပါစက်ရုံရဲ့ ပါကင် ဌာနတွင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား မ-----ကို  ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ဌာနတူ အမျိုးသားတဦးနှင့် လုပ်ငန်းကိစ္စအခြေအတင်စကားများကြရာက  ၎င်းအလုပ်သမားမှ ဆဲဆိုကာလက်သီးနှင့်မျက်နှာကို ၃ ချက်ထိုး ခံ ခဲ့ရတာလို့သိရပါတယ်။ 

အဲဒီလိုထိုးကြိတ်ခံရလို့ မကျေနပ်သဖြင့် Leader ကိုတိုင်ကြားခဲ့ရာ ဖြေရှင်းမပေးဘဲ မောင်းထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက်၎င်းအဆိုပါအလုပ်သမားကပင်အင်္ကျီ ကိုနောက်မှဆောင့်ဆွဲပြီး လက်သီးနှင့် ၂ ချက် ထပ်ထိုးခံခဲ့ရတဲ့အပြင် ပိုင်ရှင်ကလည်း ဖြေရှင်းမပေးတဲ့အပြင် မည်သည့်နစ်နာကြေးမှမပေးဘဲ အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့ကြောင့်EC စာချုပ်ပါအချက်ကို ချိုးဖောက်သဖြင့် အလုပ်သမားညွှန်ကြားမှူ ဦးစီးဌာနသို့တိုင်ကြားခဲ့ပြီး ဩဂုတ်၂၁ရက်နေ့က သုံးကြိမ်မြောက်ညှိနှိုင်းခဲ့ပေမဲ့ လုပ်ငန်းရှင်မှ မည်သည့် တရားမျှတမှူ မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းမရှိလို့ ညှိနှိုင်းမှုအဆင်မပြေခဲ့တာလို့ သိကပါတယ်။

အဆိုပါစက်ရုံက H&M ဘရမ်းကိုအဓိကထားချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၂ခု နှစ် ဇူလိုင်လကလည်း လုပ်သက်လေးနှစ်ရှိ အမျိုးသမီး အလုပ်သမားတစ်ဦးကို စက်လိုင်းထဲမုန့်ယူလာတဲ့အကြောင်းပြချက်ဖြင့် အလုပ်ကထုတ်ပယ်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026